
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက စစ်ဘေးရှောင်လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း
- ဥယျာဉ်ခြံလုပ်နေတဲ့ တနင်္သာရီမြို့နယ်က လူငယ်ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတဲ့အကြောင်း
- ပလမြို့မှာ လယ်ထဲသွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရသွားတဲ့အခြေအနေ
- ပုလောမြို့နယ်ထဲက ပြည်ထောင်စုလမ်းကို ညဖက်မသွားကြဖို့ ပုလောဒေသကာကွယ်ရေးအဖွဲ့က ထုတ်ပြန်တဲ့အကြောင်း
- မြိတ်မှာ ၁၄ နှစ်အရွယ် ယောင်္ကျားလေးနှစ်ဦး ရေနစ်သေဆုံးသွားတဲ့အကြောင်း
- လယ်ယာမြေကို အိမ်ရာမြေကွက်မရိုက်ဖို့ တားမြစ်ထားပေမယ့် မြိတ်မှာအကွက်ဖော်ရောင်းချတာတွေ ရှိနေဆဲ အခြေအနေ
- အခုပညာသင်နှစ်မှာ တနင်္သာရီတိုင်းထဲ ကျောင်းအပ်နှံသူ နှစ်သိန်းကျော် ရှိတဲ့အကြောင်း
- ထားဝယ်မြို့ကရွှေဆိုင်တွေကို ကျပ်သိန်း ၅၀ ဘဏ်မှာသွင်းခိုင်းပြီး ထွေအုပ်ရဲ့ သတ္တုရွှေလိုင်စင် လျှောက်ခိုင်းနေတဲ့အကြောင်း
- ဘန်ကောက်မြို့နားမှာ တရားမဝင် မြန်မာအလုပ်သမား ၁၄ ဦးနဲ့ ပွဲစား ၃ ဦး ဖမ်းမိတဲ့သတင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ငွေဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
သမိုင်းစဉ်များကို လေ့လာကြည့်ကြလျှင် တနင်္သာရီသားနှင့် တနင်္သာရီနဂါးတံဆိပ်ကို ခွဲခြား၍ မရနိုင်ပေ။ တနင်္သာရီတိုင်းအမည် ဆင်းသက်လာသော တနင်္သာရီ နဂါးလှေတော် အခြေခံသမိုင်းကို တနင်္သာရီ တိုင်းသား မှန်ရင်သိကို သိရမည်ဖြစ်သည်။
ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ‘တနင်္သာရီနဂါးတံဆိပ်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။
တန်ဖိုးထားမြတ်နိုးဖွယ်ကောင်းလှသည့် တနင်္သာရီတိုင်း၏ ‘ဓလေ့ သမိုင်း’ များကို အပတ်စဉ်ပုံမှန် စီစဉ်တင်ဆက်နေခြင်းဖြစ်ပါသည်။
Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အများသိရှိကြစေရန် ပြန်လည်မျှဝေပေးခြင်းဖြင့် ကူညီအားပေးကြရန် တိုက်တွန်းလိုက်ရပါသည်။
မြန်မာနိုင်ငံတစ်ဝန်းက သတင်းတွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ်မြန်မာ့ရေးရာမှာတော့ ဇွန်လ ၄ ရက်ကနေ ၁၀ ရက်အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူထူးခြားခြားသတင်းတွေကို းသောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၃ ရက်နေ့ကနေ ဇွန်လ ၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဒီည သန်းခေါင်ယံကျော် မြန်မာစံတော်ချိန်အရ ဇွန်လ ၁၁ ရက် မနက် ၁ နာရီခွဲအချိန်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ကျင်းပပါတော့တယ်။
ထိပ်တိုက်တွေ့နေတဲ့နှစ်သင်းက မန်စီးတီးနဲ့ အင်တာမီလန်တို့ပါပဲ။
မန်စီးတီးက ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေသလို အင်တာမီလန်ကလည်း အီတလီစူပါဖလားကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဖလားသုံးလုံးလမ်းကြောင်းထက်မှာ ရှိနေတဲ့အသင်းပါပဲ။
ဘယ်အသင်းက ချန်ပီယံလိဂ်ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို ဒီညမှာ ရင်ခုန်ကြရပါတော့မယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စီးနင်းပစ်ခတ်ခံရပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်လဝကရုံးကို ထွေအုပ်ရုံးမှာပဲ ဖွင့်ထားတဲ့အကြောင်း
- သရက်ချောင်းက အထက်တန်းကျောင်းကိုဆက်မဖွင့်ဖို့ လက်နက်ကိုင်အဖွဲ့တစ်ခုကသတိပေးသလို စစ်ကောင်စီက ပြန်ဖွင့်ဖို့ဖိအားပေးနေတဲ့အခြေအနေ
- တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို သွားကြည့်သူ နည်းခဲ့တဲ့အကြောင်း
- ရေးမြို့နယ်မှာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း
- ကလိန်အောင်မြို့က ကုန်စုံဆိုင်ပိုင်ရှင်အမျိုသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း
- ထားဝယ်မြို့နယ် ဇလွန်းရွာလယ်လမ်းက နေအိမ်တစ်လုံးမီးလောင်သွားတဲ့ အခြေအနေ
- လေးလကျော်ကာလအတွင်း မြန်မာအလုပ်သမား တစ်ထောင်ကျော်ကို ထိုင်းက ပြန်လွှဲပေးတဲ့အကြောင်း
- ရေဖြူမြို့နယ် ကံပေါက်သားတစ်ယောက် ထိုင်းထီဘတ်၁၂ သန်းဆု ပေါက်တဲ့အကြောင်း
- ဘန်ကောက်အပါအဝင် မဲဆန္ဒနယ်လေးဆယ်ကျော်က မဲတွေကို ပြန်ရေတွက်ဖို့ လုပ်နေတဲ့အကြောင်းအပါအဝင်
- ဒီနေ့ ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အရင်ဆုံး လူထုအကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement- PSA) က ဘာလဲဆိုတာရှင်းပြပါရစေ။
အများပြည်သူအကျိုးရှိစေမယ့်၊ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာ၊ ဗဟုသုတတွေကို ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်ခြင်းတွေဟာ လူထုအကျိုးပြုလှုံ့ဆော်ချက် Public Service Announcement ပါပဲ။
အဲဒီ Public Service Announcement တွေက အများပြည်သူအတွက် ဘာကြောင့်အရေးပါသလဲဆိုတာကိုလည်း ဆက်ရှင်းပြပါမယ်။
ဥပမာအားဖြင့်ပြောရရင် မိုင်းဘေး၊ စစ်ကျန်လက်နက်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စတဲ့ သဘာဝဘေး၊ လူလုပ်ဘေး မျိုးစုံကနေ ကြိုတင်ကာကွယ်နိုင်ကြဖို့ဆိုရင် ကာကွယ်ပုံ၊ ကာကွယ်နည်းလမ်းတွေကို ပြည်သူတွေ သေချာ သိထားဖို့လိုပါတယ်။
အဲဒီလိုသိထားဖို့ဆိုရင် PSA တွေနဲ့ ပြည်သူကို ပညာပေးလှုံ့ဆော်ရပါတယ်။ ဒါမှသာပဲ ထိခိုက်၊ သေဆုံး၊ ဆုံးရှုံးမှုတွေကို လျှော့ချကာကွယ်နိုင်မှာပါ။
အလားတူပဲ အခြားသော အသိပညာ၊ ဗဟုသုတွေကိုလည်း PSA တွေက တဆင့် ထိထိရောက်ရောက် ပေးနိုင်တာဖြစ်ပါတယ်။
အဲဒီလို ပြည်သူတွေရဲ့နေ့စဥ်ဘဝအတွက် အလွန်အရေးပါတဲ့ PSA တွေကို ဆိုရှယ်မီဒီယာ Followers ပေါင်း သန်း ၆၀ ကျော်ရှိပြီး၊ Website ပရိတ်သတ်လစဥ် ၇ သိန်းကျော်ရှိတဲ့ သတင်းဌာနကြီး ၃၀ ကျော်ရဲ့ စုပေါင်းအားနဲ့ တောင်တန်း၊ ပြည်မ မကျန် ဘာသာစကားမျိုးစုံနှင့် အရောက်ဖြန့်ဝေပေးနိုင်ပါပြီ။
သတင်းဌာနကြီးများနဲ့ ပူးပေါင်းပြီး Public Service Announcement များထုတ်လုပ်ခြင်းက ပိုပြီးထိရောက်၊ ပြန့်နှံ့မှုရှိစေသလို တနည်းအားဖြင့်လွတ်လပ်သောသတင်းမီဒီယာများရှင်သန်ရပ်တည်ရေး အတွက် အားဖြည့် ထောက်ပံ့မှုပေးရာလည်းရောက်ပါတယ်။
သတင်းဌာနကြီးများ၏စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်များ ဖြန့်ဝေလိုပါက PSA Media Task Force ၏ [email protected] အီးမေးလ်ကိုဆက်သွယ်နိုင်ပါသည်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကျွန်းစုမြို့နယ် ပဲ့ဒိုင်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းပြီး ပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်ကို မီးရှို့ခဲ့တဲ့အကြောင်း
- ပုလောက မင်းထိန်ရွာထဲ လက်နက်ကြီးထပ်ကျလို့ အမျိုးသားတစ်ဦးသေဆုံးသွားတဲ့အကြောင်း
- ထားဝယ်မြို့နဲ့ကပ်နေတဲ့ လောင်းလုံးကကျေးရွာတွေမှာ စစ်ကောင်စီတပ်က ညဘက်ကင်းလှည့်တာ ကင်းပုန်းဝပ်တာတွေ ဆက်တိုက်လုပ်နေတဲ့အခြေအနေ
- မြိတ်မြို့နယ်နဲ့ ကျွန်းစုမြို့နယ်ကို ဆက်သွယ်ထားတဲ့ မြစ်ကူးတံတား ဒီနှစ်ကုန်မှာ ပြီးတော့မယ့်အကြောင်း
- မြိတ်မှာ အသက်တစ်နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦး ကိုဗစ်နဲ့ သေဆုံးသွားတဲ့အကြောင်း
- မြန်မာအလုပ်သမားတွေကို မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားပေါ်ကနေ ဖြတ်သန်းသွားလာခွင့် ပြန်ပေးလိုက်တဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေနဲ့ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ပါပြီ။ အဲ့ဒီနောက်မှာ မက်ဆီ နောက်ထပ်ပြောင်းရွှေ့မယ့်အသင်းက ဘယ်အသင်းဖြစ်လေမလဲဆိုတာကို ဘောလုံးပရိသတ်တိုင်းက စိတ်ဝင်တစား ရှိခဲ့ပါတယ်။
မက်ဆီကို ခေါ်ယူချင်လို့ ဆက်သွယ်ခဲ့တဲ့ အသင်းအရေအတွက်က အများအပြားကို ရှိခဲ့တာပါ။
အခုတော့ မက်ဆီက ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီကို ရွေးချယ်လိုက်ပါပြီ။
ဘာကြောင့် မက်ဆီက အင်တာမီယာမီကို ရွေးချယ်သွားတာလဲ၊ ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီကရော မက်ဆီကို ဘာတွေနဲ့ စည်းရုံးဆွဲဆောင်သွားခဲ့သလဲ၊ မက်ဆီရဲ့အပြောင်းအရွှေ့ဟာ ဘောလုံးစီးပွားရေးအရွေ့သစ်တစ်ခုနဲ့ ဘယ်လိုဆက်နွှယ်နေနိုင်သလဲ ဆိုတာ Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
From the publisher's feed