Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မေလ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့နယ် သင်္ကန်တုံးရွာမှာ စစ်ဘေးရှောင်လေးဦး ပစ်ခတ်ခံရလို့ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး နှစ်ဦးသေဆုံးတယ်ဆိုတဲ့အကြောင်း


    - လောင်းလုံးမြို့မရဲစခန်းရဲ့ အချုပ်ထဲမှာ ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပြည်လျှံနေတဲ့အခြေအနေ


    - ရေဖြူမြို့နယ် ကံပေါက်ရွာထိပ်နားမှာ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာ


    - ပုလောမြို့နယ် ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့တဲ့အကြောင်း


    - မြိတ်-တနင်္သာရီလမ်းမှာ စစ်ယာဉ်တန်း သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း


    - ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် မင်းရပ်ကူးတို့လမ်းဆုံစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့တာ


    - မွန်ပြည်နယ် ရေး- သံဖြူဇရပ်လမ်းမှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတစ်ဦးသေဆုံးခဲ့တဲ့အခြေအနေ


    - မြိတ်မြို့မှာ ဝက်သားပေါက်တစ်ကောင် နှစ်သိန်းကျပ်အထိ ဈေးပေါက်နေတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်သွားမှာက မော်ရင်ညိုရဲ့ ရိုးမား လား....ဆရာကြီး ဆီဗီလာ လား

    ဒီညမှာတော့ ဥရောပအဆင့် အထင်ကရပြိုင်ပွဲကြီးတွေထဲက တစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။


    ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နေတာက လာလီဂါကလပ် ဆီဗီလာနဲ့ စီးရီးအေကလပ် ရိုးမားတို့ပါပဲ။


    မော်ရင်ညိုဟာ သူတာဝန်ယူခဲ့တဲ့ အသင်းတွေကို ဥရောပပြိုင်ပွဲကြီးတွေရဲ့ဗိုလ်လုပွဲအဆင့်ဆီ ၅ ကြိမ် ပို့ဆောင်ပေးခဲ့ဖူးပြီး အဲ့ဒီ ၅ ကြိမ်လုံးမှာ ချန်ပီယံဖြစ်စေခဲ့သူဖြစ်ပါတယ်။


    ဆီဗီလာကလည်း ဒီပြိုင်ပွဲကို ယူအီးအက်ဖ်အေဖလားနာမည်နဲ့ကျင်းပချိန်တုန်းက ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာတွေနဲ့ ထည့်တွက်လိုက်ရင် ဗိုလ်လုပွဲ ၆ ကြိမ် တက်ဖူးပြီး ၆ ကြိမ်လုံး ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။


    ဒီနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ဟန်ဂေရီနိုင်ငံမှာရှိတဲ့ ပွတ်ရှ်ကတ်စ် ဘောလုံးကွင်းကြီးမှာ ကျင်းပသွားမှာပါ။


    ဒီည သန်းခေါင်ယံကျော်လွန်ပြီး မြန်မာစံတော်ချိန် ဇွန်လ ၁ ရက် မနက်အရုဏ်တက် နံနက် ၁ နာရီခွဲအချိန်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ရှုစားရပါလိမ့်မယ်။

    4 min
  • ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေ ပညာရေးမဆုံးရှုံးစေဖို့

    ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။


    ရွှေ့ပြောင်းလာသူတွေထဲမှာ ကလေးငယ်တွေလည်း အများအပြားပါဝင်လာပါတယ်။


    ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

    9 min
  • မေလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသကိုကူညီနေပုံတွေနဲ့ စစ်ကောင်စီက ထားဝယ်မြို့မှာ ဝါဒဖြန့်ချီတာတွေလုပ်ဆောင်နေတဲ့အကြောင်း


    - ရေဖြူမြို့နယ် ကျောက်ကညာရွာက ကုန်စုံဆိုင်အချို့ကို ရက်အကန့်အသတ်မရှိရောင်းချခွင့်ပိတ်လိုက်တာ


    - ကလိန်အောင်မြို့ ကျောက်ရှပ်ရွာအနီးက စစ်ကောင်စီတပ်ရင်း တိုက်ခိုက်ခံရတဲ့အခြေအနေ


    - ပုလောမြို့နယ် မကျည်းကုန်ရွာသားတစ်ဦး မိုင်းနင်းမိပြီးသေဆုံးသွားတဲ့အကြောင်း


    - ထိုင်းနိုင်ငံကို တရားဝင် ဝင်လာတဲ့ မြန်မာအလုပ်သမားတွေ လုပ်ခလစာမရလို့ တိုင်ကြားထားတဲ့အကြောင်း


    - ထိုင်းက မြန်မာအလုပ်သမား နှစ်ရာနီးပါး ဘတ်သုံးသိန်းခွဲကျော် အလိမ်ခံလိုက်ရတဲ့အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေ ပညာရေးမဆုံးရှုံးစေဖို့

    ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။


    ရွှေ့ပြောင်းလာသူတွေထဲမှာ ကလေးငယ်တွေလည်း အများအပြားပါဝင်လာပါတယ်။


    ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။

    9 min
  • မေလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    -တနင်္သာရီမြို့နယ်မှာ NUG နဲ့ NLD ပါတီကို ပုတ်ခတ်ရေးသားထားတဲ့ စာစောင်တွေကို စစ်ကောင်စီတပ်က

    ဖြန့်ဝေခဲ့တဲ့အကြောင်း

    - စစ်ကောင်စီတပ်က ကျွန်းစုမြို့နယ်ထဲ ရေကြောင်းကနေဝင်လာပြီးတိုက်ပွဲဖြစ်လို့ ဒေသခံတွေထွက်ပြေးနေရတဲ့ အခြေအနေ

    - ပုလောမှာ လက်နက်ကြီးကျလို့ အသက် ၂ နှစ်အရွယ်ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးသွားတဲ့အကြောင်း

    - မွန်ပြည်နယ်ထဲ ကုန်တင်ကားတစ်စီးမိုင်းဆွဲခံရပြီး အမျိုးသားတစ်ဦးသေဆုံးသွားတဲ့ အခြေအနေ

    - ကန်ချနာဘူရီခရိုင် အမြန်လမ်းမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၇ ဦး ဖမ်းမိတဲ့အကြောင်း

    - ဆီးချိုရောဂါအခံရှိတဲ့ ထားဝယ်က အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့တဲ့အကြောင် အပါအဝင်

    - ရွှေနဲ့ဘတ်ဈေး အတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • မန္တလေးမြို့တော်က ထားဝယ်ဓမ္မာရုံ

    ထားဝယ်ဒေသကလူတွေ မရှိသလောက်ရှားပါးတဲ့ မန္တလေးမြို့တော်ကြီးမှာ ထားဝယ်ဓမ္မာရုံကြီး တစ်ခုရှိနေပါတယ်။


    မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီးကပ်ကပ်နေရာမှာ ထားဝယ်ဓမ္မာရုံ ဘာကြောင့် တည်ရှိနေတာပါလဲ။


    ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။


    ခမ်းနားလှတဲ့ တနင်္သာရီတိုင်းရဲ့ ‘ဓလေ့ သမိုင်း’ တွေကို အများသိရှိစေဖို့ အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

    11 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၂၁ ရက်ကနေ ၂၇ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။

    9 min
  • Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး ဘောလုံးပွဲများ

    ဒီသီတင်းပတ်မှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးရင် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးပါပြီ။


    ပရီးမီးယားလိဂ်ရဲ့ဇယားထိပ်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဖြေအားလုံးက ရှင်းရှင်းလင်းလင်း ပေါ်ထွက်ပြီးနေပြီပဲ ဖြစ်ပါတယ်။


    အဖြေမထွက်သေးတာက နောက်ဆုံးတန်းဆင်းရမယ့် အသင်းနှစ်သင်းပါပဲ။


    ဒီ နှစ်နေရာအတွက် လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာတို့က အပြိုင်ဖြစ်လို့နေပါတယ်။


    ပရီးမီးယားလိဂ်ရဲ့ရာသီသိမ်းပွဲစဉ်တွေဟာ ဘယ်လို အမှတ်တရဖြစ်စရာတွေနဲ့ ချန်ထားရစ်ခဲ့လေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

    6 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၂၂ ရက်ကနေ ၂၇ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။