Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ

    အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်မားဆုံးပါပဲ။


    ဒီပွဲမှာသာ အနိုင်ရလိုက်ရင် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် သမိုင်းသစ်ရေးထိုးတော့မှာပါ။


    ချန်ပီယံလိဂ်ဝင်ခွင့်တစ်ရောစာရရှိရေးအတွက် နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို့ အားပြိုင်နေကြတာဟာလည်း စိတ်ဝင်စားစရာပါပဲ။


    ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၃ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • မေလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပုလောမြို့နယ် တန်းရှင်းရွာက ဒေသခံနှစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း

    - ထားဝယ်မြို့မှာ အခမဲ့သင်္ဂြိုဟ်ပေးရတဲ့ ချို့တဲ့နာရေး တစ်နှစ်ထက်တစ်နှစ်ပိုများလာနေတဲ့အခြေအနေ

    - မြိတ်ကုန်စည်ဈေးကွက်မှာ ဆန်ဈေးမြင့်တက်လာပြီး ရေထွက်ကုန်ရှားပါးလာတဲ့အကြောင်း

    - ထားဝယ်မြို့တွင်းရပ်ကွက်တွေထက် မြို့သစ်မှာ အိမ်ခြံမြေအရောင်းအဝယ်ပိုဖြစ်နေတာ

    - ထားဝယ်မှာ ရာသီပေါ်ဒညင်းသီး‌ဈေး

    ထက်ဝက်နီးပါးထိုးကျသွားတဲ့အကြောင်း

    - မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုပစ်ခတ်လို့ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရှိခဲ့တဲ့အကြောင်း

    - ရွှေဈေးကွက်အခြေအနေ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့ပေါ်မှာ အဖမ်းခံရတဲ့သူတွေ ပြန်မလွတ်ကြသေးတဲ့အကြောင်း

    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့တဲ့‌အခြေအနေ

    - ပုလောမြို့နယ်က ပဝတ်ကုန်းရွာမှာ တစ်နာရီကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တာ

    - စစ်ကောင်စီတပ်ဖမ်းဆီးခံခဲ့ရတဲ့ လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာသားတွေ အားလုံး ပြန်လွတ်လာတယ်ဆိုတဲ့အကြောင်း

    - မြိတ်မြို့မှာ ပလားတူးငါးတစ်ပိဿ ကျပ်တစ်သောင်းအထိ မြင့်တက်နေတယ်ဆိုတာ

    - မုန်တိုင်းဒဏ် အလူးအလိမ့်ခံကရတဲ့ ရသေ့တောင်မြို့မှာ မီးဘေးပါထပ်ကြုံတွေ့‌ရတဲ့အခြေအနေ

    - ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတစ်ဦး အလုပ်မရသေးခင်မှာပဲ ကားတိုက်လို့သေဆုံးသွားတဲ့ဖြစ်ရပ်နဲ့

    - ရွှေဈေးကွက်

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မုန်တိုင်းကြောင့် အားလုံးနီးပါး ပျက်စီးခဲ့ရတဲ့ ရသေ့တောင်မြို့

    နာဂစ်မုန်တိုင်းအလွန် အကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ မိုခါမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါတယ်။


    မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသူ ငါးသန်းခွဲနီးပါးလောက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။


    မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။


    မုန်တိုင်းမတိုင်မီ၊ တိုက်နေတဲ့အချိန်နဲ့ မုန်တိုင်အလွန်ကာလတွေမှာ ရခိုင်ပြည်သူတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာကို ရသေ့တောင်မြို့က ဒေသခံတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။

    21 min
  • မေလ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တိမ်းရှောင်နေရတဲ့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်း စိုက်ပျိုးရေးဝန်ကြီး ဦးမြင့်စန်းကွယ်လွန်သွားတဲ့အ‌ကြောင်း

    - ခမောက်ကြီးမှာ စစ်ကောင်စီတပ်ယာဉ်တန်းမိုင်းဆွဲခံရတဲ့အကြောင်း

    - စစ်ကောင်စီတပ်က အရပ်သားကားတွေကို ချောဆွဲတာ များလာတဲ့အကြောင်း

    - စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲက ဒေသခံတွေ ပြန်လွတ်လာတဲ့အခြေအနေ

    - ပျူစောထီးအဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီနဲ့ ပတ်သက်‌နေတဲ့ ထားဝယ်မြို့နယ်က အမျိုးသားတစ်ဦးကို ရှင်းလင်းခဲ့တဲ့အ‌ကြောင်း

    - ထားဝယ်မှာ ကိုဗစ်ပိုးတွေ့တဲ့ သွေးတိုး‌ရောဂါသည်တစ်ဦး သေဆုံးခဲ့အကြောင်း အပါအဝင်

    - ဒီနေ့ရွှေဈေး အတက်အကျအခြေအနေ

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • တရားမျှတမှု ပျောက်ဆုံးသွားခဲ့ရတဲ့ အမေရိကန်က အမှုတစ်ခု (သို့မဟုတ်) Devil's Knot

    ဒီဖြစ်စဉ်ဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ပါ။ အမေရိကန်ပြည်ထောင်စုလို နေရာမှာ ဖြစ်ခဲ့တာပါ။


    ပြောရင် ယုံမှာတောင် မဟုတ်ပါဘူး။ ဒါဟာ တကယ်ကို ဖြစ်ခဲ့တယ်၊ အာကန်ဆတ်စ်မှာ ဖြစ်ခဲ့တယ်လို့တောင် အလေးအနက် ပြောရမလိုပါပဲ။


    အခု ဒီဘက်ခေတ်ထဲမှာတောင် အင်္ကျီအနက်ဝတ်ရင် ဘာဖြစ်တယ်၊ တက်တူးထိုးထားတဲ့သူဆိုရင် မကောင်းတာလုပ်မယ့်သူလို့ မှတ်ထင်ယူဆပြီး အထင်သေး အမြင်သေးရှုမြင်ကြတယ်၊


    ဆံပင်ရှည်ထားရင် လမ်းသရဲထင်တယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ ရှိနေဆဲပါပဲ။


    ကလေး သုံးယောက် အသတ်ခံလိုက်ရတယ်၊ တရားခံ ရှာတော့ တိတိပပ ဘာအထောက်အထားမှ မရှိဘဲ လူငယ်သုံးယောက်ကို ဖမ်းတယ်၊ တစ်ယောက်ကို သေဒဏ်၊ တစ်ယောက်ကို တစ်ကျွန်းနဲ့ နောက်ထပ်ထောင်ဒဏ် နှစ် ၂၀ အပြစ်ပေးတယ်။


    ရဲတွေဟာ မဟုတ်တန်းလျား သက်သေတွေနဲ့ ဒီအမှုကို တည်ဆောက်ပြီး သူတို့ တရားခံဖော်ထုတ်နိုင်ပါတယ်လို့ ပြခဲ့ကြတယ်။


    ဒီနေ့ဒီအချိန်အထိ အဲ့ဒီအမှုရဲ့တရားခံအစစ်ကို မဖော်ထုတ်နိုင်သေးဘူး။


    သံသယဖြစ်စရာကောင်းလောက်တဲ့ တရားခံက မျက်စိရှေ့မှာ ရှိနေတာတောင် ရဲတွေက အမှုကို ပြန်မတည်ဆောက်နိုင်တော့တာက အံ့ဩဖွယ်ရာပါပဲ။


    ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့အမှုအခင်းပါ။ ၁၉၉၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့ပါတယ်။


    ဒီအကြောင်းကို Devil's Knot နာမည်နဲ့ ဇာတ်ကားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ Dawei Watch ပရိသတ်တွေအတွက် ဒီဇာတ်ကားကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။



    8 min
  • မေလ ၁၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီတပ်စစ်ကြောင်းဝင်လာချိန် ဖမ်းဆီးခံရတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက ဒေသခံတွေ ပြန်လွတ်လာတဲ့အကြောင်း

    - မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ကယ်ဆယ်ရေးစခန်း‌တွေမှာ လူ ၄၀၀ ကျော်သေဆုံးပြီး ရာချီ ပျောက်ဆုံးနေတဲ့ အခြေအနေ

    - မုန်တိုင်း အရေးပေါ်တုန့်ပြန်ရေးအတွက် NUG က ဒေါ်လာတစ်သန်း ထောက်ပံ့ပြီး စစ်ကောင်စီက ကျပ်သိန်းပေါင်း ခုနှစ်‌သောင်း ကူညီမယ်လို့ ထုတ်ပြန်တဲ့အကြောင်း

    - ထိုင်း-မြန်မာနယ်စပ်မှာ လက်နက်နဲ့ဆက်စပ်ပစ္စည်း‌တွေဖမ်းမိပြီး မြန်မာတစ်ဦးအပါအဝင် ၃ ဦးအဖမ်းခံရတဲ့အကြောင်း

    - ထိုင်းရွေးကောက်ပွဲ အနိုင်ရပါတီက ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ အခြေအနေ

    - မြိတ်မှာ မင်းဂွတ်သီးတစ်လုံး ကျပ်ငါးရာဈေးပေါက်နေတဲ့အကြောင်း အပါအဝင်

    - ရွှေဈေးအတက်အကျ

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၁၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - စစ်ကောင်စီက တနင်္သာရီတိုင်းထဲ ပထမဆုံးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း


    - ပုလောမြို့နားမှာ မနေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ အကြောင်း


    - မြန်မာ့အရေးအမြန်ဆုံးဖြေရှင်းသွားမယ်လို့ ပြောထားတဲ့ပါတီက ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ မဲအသာစီးရနေတဲ့ အခြေအနေ


    - တစ်နာရီလေတိုက်နှုန်း မိုင်တစ်ရာကျော်တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ အခြေအနေ


    - သူတို့ပစ္စည်းတွေကို လိုက်မသယ်ပေးတဲ့ ကားတက္ကစီမောင်းသူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းထားတဲ့အကြောင်း


    - ကျောင်းထွက်၊ ကျောင်းပြောင်းလက်မှတ် အခက်အခဲရှိရင် မြို့နယ်ပညာရေးမှူးရုံးတွေဆီ ဆက်သွယ်နိုင်တယ်ဆိုတဲ့အကြောင်း အပါအဝင်


    - ဒီနေ့ ရွှေဈေးအတက်အကျ

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ကိုင်ဖမား

    ထိုင်းနိုင်ငံမှာ နေရာအတော်များများမှာ တွေ့ရတာက ကြက်နှစ်ကောင်ရုပ်တုတွေ ဒီကြက်ရုပ်တွေကို နတ်ကွန်းတွေ၊ အထင်ကရအဆောက်အဦတွေ၊ ကိုးကွယ်ယုံကြည်ရာ နေရာတွေရှေ့မှာ အများအားဖြင့် တွေ့နိုင်ပါတယ်။


    ထားဝယ်မှာဆိုလည်း ထားဝယ်ရိုးကြက်ကိုးလို့ အဆိုရှိကြပါတယ်။ လောင်းလုံးမြို့နယ် သဗျာကျေးရွာမှာ နတ်သုံးပါး အရုပ်နဲ့ နတ်စင်ရှိပါတယ်။ နတ်ရုပ်တစ်ရုပ်ရဲ့ဘေးမှာ ကြက်ရုပ်ရှိပါတယ်။ ဗမာ၊ ထားဝယ်၊ ယိုးဒယားတွေမှာ တိုက်ကြက်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။


    ဒီအကြောင်းကို အခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ နားဆင်ကြရမှာပါ။


    တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေနဲ့ ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch က အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါတယ်။

    9 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။