Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၂၀ ရက်နေ့ကနေ မေလ ၂၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    10 min
  • မေလ  ၂၆ ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်

    DaweiWatch က စီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။

    ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့


    - ထားဝယ်နဲ့မြိတ်ကပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းသားဦးရေပြည့်လို့ ကျောင်းအပ်လက်ခံတာရပ်နားလိုက်တဲ့အကြောင်း

    - ထားဝယ်ဈေးကွက်ထဲမှာဒီကနေ့ရွှေဈေးရုတ်တရက်မြင့်တက်လာတာ

    - ပုလောမြို့နယ် ကဒဲရွာက ကျောင်းအုပ်ဆရာမတစ်ဦး ပစ်သတ်ခံခဲ့ရတဲ့အခြေအနေ

    - ပစ်ခတ်ခံရလို့ လောင်းလုံးမြို့နယ်စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဒဏ်ရာအပြင်းအထန်ရှိခဲ့တဲ့အကြောင်း

    - လောင်းလုံးမြို့နယ်သဘော့ဆိပ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကရွာသားတွေကို ရိုက်နှက်ခဲ့တဲ့အကြောင်း

    - ထားဝယ်မြို့ DDPC တိုက်ခန်းတွဲမှာ မီးလန့်မှုဖြစ်ခဲ့တာ

    - ထိုင်းနိုင်ငံ မဲဆောက်မြို့က ဆေးရုံတစ်ခုမှာ မြန်မာကလေးငယ်တွေကို နှလုံးရောဂါ

    အခမဲ့စစ်ဆေးပေးမယ်ဆိုတဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုYouTube မှာ

    မလွတ်တမ်းနားဆင်နိုင်ဖို့Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မရိုးရှင်းလှတဲ့ သမ္မတ ကနေဒီ လုပ်ကြံခံရမှု (သို့မဟုတ်) JFK

    JFK။ ဒီဇာတ်ကားနာမည်က အဲ့ဒီလို ရိုးရိုးရှင်းရှင်းပါပဲ။ ဒီစာလုံးတွေကို မြင်တွေ့လိုက်တာနဲ့ ဂျွန်အက်ဖ်ကနေဒီ ကို ရည်ညွှန်းထားမှန်း အားလုံးသူ သိနားလည်ပြီးသားဖြစ်မှာပါ။


    ၃၅ ဆက်မြောက် အမေရိကန်သမ္မတ။ လုပ်ကြံခံခဲ့ရသူပေါ့လေ။ ဒီဇာတ်ကားဟာ အချိန်အားဖြင့် ၃ နာရီခွဲနီးပါး ကြာမြင့်ပါတယ်။


    အခုအချိန်ထိ သမ္မတ ဂျွန်အက်ဖ်ကနေဒီကို လုပ်ကြံသူဟာ လီဟာဗေး အော့စ်ဝဲလ်လို့ပဲ သတ်မှတ်ထားတာပါ။


    ဒါပေမဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကတော့ သမ္မတ ကနေဒီ လုပ်ကြံခံရမှုဟာ အဲ့ဒီလောက် မရိုးရှင်းဘူးလို့ ဖော်ထုတ်ပြသသွားခဲ့ပါတယ်။


    ပြောရမယ်ဆိုရင် ဖမ်းဆီးအရေးယူခံလိုက်ရတဲ့ အော့စ်ဝဲလ်က တရားခံအစစ် ဟုတ်ပါရဲ့လားလို့တောင် သံသယဖြစ်စရာကောင်းလွန်းခဲ့ပါတယ်။


    ရုံးထုတ်လာချိန်မှာ အော့စ်ဝဲလ် ကို မကျေနပ်သူတစ်ယောက်က ပစ်သတ်လိုက်ပြီးတဲ့နောက် အမှုဟာ လုံးဝကို လမ်းစပျောက်သွားခဲ့ပါတော့တယ်။


    ဒီအမှုကို အစအဆုံး ပြန်မြေလှန်ခဲ့သူက အစိုးရရှေ့နေတစ်ယောက်ဖြစ်တဲ့ ဂျင်မ် ဂါရစ်ဆန် ပါပဲ။


    ဒါပေမဲ့ အမှုကို လိုက်ရင်း လမ်းစတွေ လုံးဝပျောက်သွားခဲ့တဲ့အတွက် ဒီအမှုကို ဂါရစ်ဆန် ဖော်ထုတ်လို့ မရအောင် ဩဇာကြီး အဝန်းအဝိုင်းတွေက နောက်ကွယ်ကနေ လုပ်လိုက်လေသလားလို့တောင် ထင်မှတ်ရပါတယ်။


    ဒါကြောင့်လည်း အခုတစ်ပတ်မှာ JFK ရုပ်ရှင်ကားကို Dawei Watch ပရိသတ်တွေအတွက် ညွှန်းဆိုတင်ဆက်ပေးလိုက်တာပါ။

    5 min
  • မေလ  ၂၅ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်

    DaweiWatch က စီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။


    ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့


    - ပုလောမြို့နယ် မကျည်းကုန်းကျေးရွာတိုက်ပွဲမှာ ပြည်သူနှစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တဲ့အကြောင်း

    - မြိတ်မြို့နယ်  ပြင်ပကျေးရွာအုပ်စုမှာ စိုက်ထူထားတဲ့ မိုင်တဲတာဝါတိုင်မိုင်းဆွဲခံရတဲ့အကြောင်း

    - လောင်းလုံးမြို့နယ် သဘော့‌ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတဲ့အခြေအနေ

    - ထားဝယ်မှာ ကိုဗစ်ကြောင့် သေဆုံးသူတစ်ဦးထပ်တိုးလာတဲ့အကြောင်း

    - ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါကမ်းခြေကျေးရွာမှာ ဒေသခံနှစ်ဦး မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံးသွားတာ

    - ထိုင်းဈေးကွက်ထဲရောက်လာတဲ့ထားဝယ်ဒေသထွက် ဝါးခမောက်အကြောင်း

    - အလုပ်ထုတ်ခံရလို့ မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ လောင်းလုံးဒေသခံသုံးဦးအကြောင်း


    စတဲ့သတင်းတွေကိုနားဆင်ကြရမှာပါ။


    တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုYouTube မှာမလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၂၄ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်

    DaweiWatch က စီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။

    ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့


    - လောင်းလုံးမြို့လဝကရုံးပစ်ခတ်ခံရပြီးနောက် မြို့ခံလေးဦးထက်မနည်းဖမ်းဆီးခံလိုက်ရတဲ့အကြောင်း

    - ရေဖြူမြိုနယ် ကျောက်ကညာကျေးရွာမှာလည်း ဒေသခံ နှစ်ဆယ်လောက်ကိုလည်း စစ်ကောင်စီတပ်က

    ဖမ်းဆီးသွားတဲ့အကြောင်း

    - သရက်ချောင်းမြို့နယ်ကျွဲခြံရွာကဆယ်ကျော်သက်လူငယ်နှစ်ဦး ထားဝယ်မြို့အထွက်ဗျောတောဝစစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတဲ့အခြေအနေ

    - ပုလောမြို့အနီးကမကျည်းကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု ပစ်ခတ်တိုက်ခိုက်ခံရတာ

    - ရှမ်းကိုးရွာဒေသ ဝိုင်းဒင်းရွာသားနှစ်ဦးထိုင်းနိုင်ငံမှာတိမ်းရှောင်နေတဲ့အချိန်

    ပစ်သ တ်ခံလိုက်ရပါတဲ့အကြောင်း

    - ရှမ်းကိုးရွာဒေသကပဲရာအိမ်မှူးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တို့ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့အခြေအနေ

    - အယုဒ္ဓယ ကားစက်ရုံမှာမြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၄၀၀ ကျော်

    အလုပ်ထုတ်ခံလိုက်ရသတင်း

    - မဲဆောက်မြို့မှာအထောက်အထားမရှိတဲ့ မြန်မာအလုပ်သမား ၁၅ ဦးအဖမ်းခံရတဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုYouTube မှာမလွတ်တမ်းနားဆင်နိုင်ဖို့

    Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၂၃ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်

    Dawei Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။

    ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့


    - လောင်းလုံးမြို့မရဲစခန်းနဲ့လဝကရုံး တိုက်ခိုက်ခံရတဲ့အကြောင်း


    - လက်နက်ကိုင်တစ်စုက ပုလောမြို့နယ်ရှိနေအိမ်တစ်ဆောင်ကို ဝင်ရှာပြီး ဒေသခံသုံးဦးကို ဖမ်းဆီးသွားတဲ့အခြေအနေ


    - တနင်္သာရီမြို့နယ်က ဒေသခံ ၁၀ ဦး ဖမ်းဆီးခံရပြီး ၅ ဦး ပြန်လွတ်လာတဲ့အကြောင်း


    - သရက်ချောင်းမှာ PDF ရဲဘော်တစ်ဦး လက်နက်ကြီးစမ်းသပ်ပစ်ခတ်ရာက မတော်တဆဖြစ်ပြီး ကျဆုံးသွားတဲ့ အကြောင်း


    - ထိုင်းတောင်ပိုင်းမှာ ထားဝယ်ဒေသခံ ဇနီးမောင်နှံနှစ်ဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့အကြောင်း


    - ဘန်ကောက်မြို့နားမှာ တစ်ခန်းတည်းနေမြန်မာအလုပ်သမားအချင်းချင်း ဓားထိုးမှုဖြစ်တဲ့ အခြေအနေ အပါအဝင်


    - ဒီနေ့ ရွှေဈေးအတက်အကျ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုYouTube မှာမလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၂၂ရက်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်

    Dawei Watch ကစီစဉ်တင်ဆက်နေတဲ့တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုနားဆင်ရမှာပါ။


    ဒီနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့


    - အုပ်ချုပ်ရေးမှူးရုံးဗုံးခွဲခံရပြီးအရပ်သား ခုနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း

    - ထားဝယ်ဒေသခံတစ်ဦး စစ်ကြောရေးမှာသေဆုံးခဲ့တဲ့အကြောင်း

    - တနင်္သာရီတိုင်းမှာ တစ်လအတွင်း ကိုဗစ်အတည်ပြုလူနာတစ်ရာကျော်အထိရှိခဲ့တဲ့ အခြေအနေ

    - ထိုင်းနိုင်ငံက ကြာဇံစက်ရုံမှာလုပ်နေတဲ့ မြန်မာလုပ်သား ၃၀ ကျော် အဖမ်းခံရတဲ့အကြောင်း

    - ကားမှောက်ချိန် အသက်ရှင်ကျန်ရစ်တဲ့ မြန်မာနိုင်ငံသားကိုးဦးကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ပို့တဲ့အကြောင်း

    - မွန်ပြည်နယ်က ကျေးရွာချင်းဆက်လမ်းအချို့ကိုစစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တဲ့ အခြေအနေ

    - အိမ်ဆောက်ပစ္စည်းတွေ ဈေးသုံးဆလောက်အထိ မြင့်တက်သွားတဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေဈေးအတက်အကျစတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကိုYouTube မှာမလွတ်တမ်းနားဆင်နိုင်ဖို့Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်

    9 min
  • ထားဝယ်ဒေသက ပွာကညော

    အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့

    ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။


    ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမ

    တစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်း

    တွေ့ရပါတယ်။


    သူတို့အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာကို

    နားသောတဆင်နိုင်ကြပါပြီ။


    တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ဓလေ့တွေ သမိုင်းအထောက်အထားတွေကို

    တင်ဆက်နေတဲ့ Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အများသိရှိစေဖို့

    ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min
  • ရွာသူကြီးစတိုင်နဲ့ ဝန်ကြီး

    NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတာဝန်ယူခဲ့သူ။


    အခုတော့သူခေတ္တတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပူကစ်မြို့လေးမှာပဲကင်ဆာရောဂါနဲ့ ခေါင်းချသွားခဲ့ပါတယ်။


    မေလ၂၀ ရက်နေ့မှာတော့ သူ့ရဲ့အလောင်းကို ထိုင်းဓလေ့ထုံးတမ်းတွေအရ သင်္ဂြိုဟ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

    3 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။