Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၈ ရက်ကနေ ၁၃ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • Dawei Watch ရဲ့တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

    အခုဆိုရင် ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးဖို့က ပွဲစဉ် သုံးပွဲသာ လိုပါတော့တယ်။


    ချန်ပီယံပြေးလမ်း အားပြိုင်ပွဲ၊ ဥရောပဝင်ခွင့်တစ်နေရာစာ အားပြိုင်ပွဲနဲ့ တန်းဆင်းဇုန်တိုက်ပွဲတွေက တစ်ပတ်ထက် တစ်ပတ် ပိုလို့ပိုလို့ အားကောင်းလာခဲ့ပါပြီ။


    အခုတစ်ပတ်ပွဲစဉ်မှာ ဆောက်သမ်တန်အသင်းသာ ရလဒ်ဆိုးခဲ့ရင် ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းပြီး ချန်ပီယံရှစ်ဆီ သွားရောက်ကစားရမယ့်အသင်းအဖြစ် စာရင်းဝင်သွားတော့မှာပါ။


    အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့်ပွဲစဉ်တွေထဲ အကောင်းဆုံးဖြစ်နိုင်ခြေရှိတဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • မေလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - သရက်ချောင်းမြို့နယ် ရန်တောင်ရွာက သတိုးသားလောင်းကို နေအိမ်ရှေ့မှာပဲ စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း

    - ဆိုင်းကလုန်းမုန်တိုင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာရခိုင်ပြည်နယ် စစ်တွေမြို့အနီးကနေ ဖြတ်သန်းမယ်လို့ မိုးဇလက ထုတ်ပြန်ထားတဲ့အကြောင်း

    - ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ဆိုင်ကယ်ပေါ်ခြင်းတောင်းတင်စီးခွင့်ပါ ထပ်ပိတ်လိုက်တာကြောင့် ဒေသခံတွေ အခက်တွေ့နေကြရတဲ့အကြောင်း

    - ပုလောမြို့နယ်က စစ်ကောင်စီသတင်းပေးလို့ဆိုတဲ့ သူတွေရဲ့ နာမည်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်တိုးထုတ်ပြန်လိုက်တဲ့အကြောင်း

    - မြိတ်မြို့မှာ ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းလာတာကြောင့် အဝယ်ရပ်တန့်နေတဲ့အကြောင်း

    - မြိတ် - တနင်္သာရီမြို့နယ်ထဲက ပြည်ထောင်စုလမ်းမကို ညပိုင်းအသုံးမပြုဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်လိုက်တဲ့အကြောင်း

    - ကျပ်သိန်း ၃၀ မှာ ငြိမ်နေတဲ့ ရွှေဈေးကွက်


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • အရေးတကြီး သတိထားရတော့မယ့် မိုခါမုန်တိုင်း

    မိုခါမုန်တိုင်းမှာ မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့ကြား စစ်တွေမြို့နားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုး/ဇလဌာနများက ခန့်မှန်းထားသည်။

    3 min
  • မေလ ၁၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရေဖြူမြို့နယ် ခမောင်းချောင်းကျေးရွာက ချို့တဲ့မိသားစုတွေအတွက် လှူဒါန်းထားတဲ့ ရိက္ခာတွေ ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း

    - ရေဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သုံးဦးသေဆုံးတဲ့အမှု ခုံရုံးဖွဲ့ စစ်ဆေးနေတဲ့အကြောင်း

    - မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံထဲက ရခိုင်ကမ်းရိုးတန်းနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံဖက်ကို ဦးတည်နေတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားတဲ့အကြောင်း

    - ထားဝယ်မြို့မှာ တစ်ရက်တည်း ကိုဗစ်ရောဂါပိုးရှိသူ ၁၃ ဦးတွေ့ရှိခဲ့အကြောင်း

    - လောင်းလုံးမြို့နယ် ပြင်ကြီးရွာနဲ့ ကရင်ကြီးရွာကြားပစ်သတ်ခံရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်း ပျောက်ဆုံးနေတဲ့အကြောင်း

    - ကုန်ကျစာရိတ်များတာကြောင့် ပုဂ္ဂလိကကျောင်းထားမယ့် မိဘတွေ အခက်တွေ့နေကြရတဲ့အခြေအနေ

    - ၁၆ နှစ်အရွယ် မြန်မာအမျိုးသမီးအလုပ်သမားတစ်ဦးကို ထိုင်းအလုပ်ရှင်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး ၇ လအကြာ ပိတ်လှောင်ထားခဲ့တဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင် ရလဒ် ဆက်ကောင်းနိုင်မလား

    မေလ ၁၂ ရက်နေ့မှာ မြန်မာပရိသတ်တွေအတွက် ရင်ခုန်စရာ မွေထိုင်းစိန်ခေါ်ပွဲတစ်ပွဲ ရှိလို့နေပါတယ်။


    ဒီပွဲစဉ်ကတော့ ထွန်းထွန်းမင်းရဲ့ ညီ ထွန်းမင်းနိုင်(ခ) Sulaiman Looksuan ထိုးသတ်မယ့်ပွဲစဉ်ပါပဲ။


    ထွန်းထွန်းမင်းရဲ့ ညီဖြစ်သူဟာ အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားသူအဖြစ် သတ်မှတ်ခံထားရသူပါ။


    ဒီပွဲစဉ်ကို မေလ ၁၂ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇ နာရီအချိန်မှာ ထိုးသတ်ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။


    One Championship က ကြီးမှူးကျင်းပပေးတဲ့ One Friday Fights 16 ရဲ့ စိန်ခေါ်ပွဲတစ်ပွဲအဖြစ် ထွန်းမင်းနိုင် ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ထိုင်းမွေထိုင်းကစားသမား ပီတိတ်ခ် ဆော် သက်ပ်ပါရတ် ပါပဲ။

    3 min
  • လပေါင်းများစွာပိတ်လှောင် မုဒိမ်းကျင့်ခံရမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာမိန်းကလေး

    ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။


    ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။


    မြန်မာမိန်းကလေး ထွက်ပြေး လွတ်မြောက်လာပြီးနောက်မှာ အလုပ်ရှင်ကို အရေးယူအပြစ်ပေးနိုင်ဖို့ တရားဥပဒေလမ်းကြောင်းကနေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။

    3 min
  • မေလ ၁၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - လောင်းလုံးစစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ အသုံးအဆောင်တွေ သယ်ယူရခက်ခဲနေတဲ့အကြောင်း

    - ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ မုန်တိုင်းရဲ့ အခြေအနေ

    - မုန်တိုင်းကြောင့် မြိတ်ကကမ်းနီးငါးဖမ်းလှေအချို့ ကမ်းပြန်ဝင်နေကြတဲ့အကြောင်း

    - မြွေဖမ်းပေးဖို့ ထားဝယ်မီးသတ်ကို အကူအညီတောင်းခံသူတွေ ပိုများလာတဲ့အကြောင်း

    - ထားဝယ်ဈေးကွက်ထဲ ကြက်သွန်နီတစ်ပိဿာကို ငွေကျပ်၈၀၀ အထိ ဈေးတက်သွားတဲ့အကြောင်း

    - အထောက်အထားမဲ့ မြန်မာ ၁၀ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်မှာ ဖမ်းမိတဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • မေလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မနေ့ညက ပြည်ကြီးမဏ္ဍိုင်မြို့နားမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း

    - Non-CDM အပါအဝင် စစ်ကောင်စီသတင်းပေး ၁၀ ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခဲ့အခြေအနေ

    - လောင်းလုံးမြို့နယ်မှာ အမျိုးသားတစ်ဦးအဖမ်းခံရတဲ့အကြောင်း

    - ပုလောက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းသွားတဲ့အခြေအနေ

    - လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ကျေးရွာတစ်ရွာမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြတဲ့အကြောင်း

    - ထားဝယ်မြို့နယ်ထဲက ကျေးရွာခုနစ်ရွာလောက် ဖုန်းနဲ့ အင်တာနက်လိုင်း ကာလရှည်ပြတ်တောက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတဲ့အကြောင်း

    - မြဝတီမှာ လူကုန်ကူးခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၀ ကို ကယ်တယ်နိုင်ခဲ့တဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ စတဲ့သတင်းတွေပဲ ဖြစ်ပါတယ်။


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။