
Sign up to save your podcasts
Or


တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေတယ်.. ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်.... ဆိုတာသိရှိနိုင်ဖို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။
ဒီနေ့ကျင်းပတဲ့ ထားဝယ်က ကဆုန်ညောင်ရေသွန်းပွဲမှာတော့ လက်နက်ကိုင်လုံခြုံရေးတွေ မတွေ့ကြရပါဘူး။
လုံခြုံရေးတင်းကျပ်တဲ့ပွဲတွေမှာ ပြည်သူတွေ မလာကြတာကြောင့် လုံခြုံရေးမချတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်နဲ့ မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ငါးဆယ်နီးပါး ပြန်လွတ်တဲ့အကြောင်း
- အာဏာသိမ်းမှုဂယက်အောက်က ကဆုန်ညောင်ရေသွန်းပွဲတော် အခြေအနေ
- ကလေးတွေကစားနေချိန် လက်နက်ကြီးကျလို့ ကလေးသုံးဦးဒဏ်ရာရသွားတဲ့အကြောင်း
- မြိတ်မှာနှစ်ရက်အတွင်း စိတ်ကြွဆေးပြားနှစ်သိန်းဖမ်းမိတဲ့ အကြောင်း
- မဲဆောက်မှာ မြန်မာလူငယ်နှစ်ယောက်ဆီက မောင်းပြန်သေနတ်နှစ်လက် ဖမ်းမိတဲ့အကြောင်း
- ထိုင်းတောင်ပိုင်းမှာ မြန်မာကိုယ်ဝန်ဆောင်တစ်ဦး ဘေးတွဲဆိုင်ကယ်ပေါ်မှာ ကလေးမွေးတဲ့အကြောင်းအပါအဝင်
- ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
တနင်္သာရီတိုင်းက ထင်ရှားခမ်းနားလှတဲ့ ညောင်ရေသွန်းပွဲတော်တွေဟာ တိတ်ဆိတ်စွာနဲ့ ပြီးဆုံးသွားကြပါပြီ။ ဒီနှစ်မှာလည်း ညောင်ရေသွန်းပွဲတော်တွေကို အကျဉ်းချုံးသာ ကျင်းပခဲ့ကြတာပါ။
တရားဥပဒေရဲ့အောက်မှာ တရားမျှတမှုဆိုတာ တကယ်ရှိပါရဲ့လား။
ဒီမိုကရေစီရဲ့ဘိုးအေနိုင်ငံလို့ တင်စားကြတဲ့ အမေရိကန်ပြည်ထောင်စုလို နေရာမှာတောင် တရားဥပဒေရဲ့အောက်မှာ တရားမျှတမှု ပျောက်ကွယ်သွားခဲ့ရတဲ့ အမှုတွဲတွေ အများကြီးရှိပါတယ်။
ဒီအမှုတွေထဲမှ နာမည်ကျော်အမှုတစ်ခုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းတစ်ကားကို ဒီတစ်ပတ်မှာ Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးချင်မိပါတယ်။
တစ်ခါတလေ အမှန်တရားကို တန်ဖိုးထားပါ့မယ်၊ အမှန်တရားဘက်မှာ ရပ်တည်ပါ့မယ်၊ အမှန်တရားကို အလေးထား ရှာဖွေပေးပါ့မယ်၊ အမှန်တရား တည်မြဲအောင် ကာကွယ်စောင့်ရှောက်ပေးပါမယ် လို့ ကျိန်ဆိုထားသူတွေကိုယ်တိုင်က အမှန်တရားကို မျက်ကွယ်ပြုပြီး အော့နှလုံးနာစရာကောင်းလောက်အောင် သစ္စာဖောက်ပစ်လိုက်တာတွေ ရှိနေပါတယ်။
ဒီနေ့မှာ ညွှန်းဆိုပေးမယ့်ဇာတ်ကားကတော့ The Conspirator ပါပဲ။ သမ္မတ အေဗရာဟမ်လင်ကွန်း လုပ်ကြံခံရတဲ့အမှုတွဲထဲမှာ တရားခံအဖြစ် သတ်မှတ်ခံရသူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထီးခီးနယ်စပ်ကုန်သွယ်မှု မြင့်တက်လာတာဟာ သဘာဝဓာတ်ငွေ့ရောင်းရငွေကြောင့်လို့ ကုန်သည်တွေ ပြောတဲ့အကြောင်း
- ဘုတ်ပြင်းမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ မြို့ခံတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း
- သုံးရက်အတွင်း လူလေးဦး ပစ်သ တ်ခံရတဲ့အကြောင်း
- လောင်းလုံးမှာ လူငယ်အမျိုးသမီးနှစ်ဦး အဖမ်းခံရတဲ့ အခြေအနေ
- ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ချီတက်ဆန္ဒပြတဲ့အကြောင်း
- ထိုင်းမှာ CI စာအုပ် လုပ်ခွင့်ပေးထားတဲ့ နောက်ဆုံးရက် မရောက်ခင်ရပ်ဆိုင်းလိုက်လို့ အလုပ်သမားတွေ အခက်ကြုံနေရတဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို အခြေခံစားသောက်ကုန်တွေ လှူဒါန်းတဲ့အကြောင်း
- ငါးမဖမ်းရရာသီမှာ ကမ်းဝေးလှေတွေ ငါးခိုးဖမ်းနေတဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ ဉယျာဉ်ခြံလုပ်နေတဲ့ သားအမိနှစ်ဦး အသ တ်ခံရတဲ့အကြောင်း
- ကော့သောင်းမှာ ကလေးတစ်ဦး ရေနစ်သေဆုံးခဲ့တဲ့အကြောင်း အပါအဝင်
- ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ထားဝယ်သားတွေကို ယောနယ်သားတွေနဲ့ မှားလေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တာပါလဲ။
ယောစကားအချို့နဲ့ ထားဝယ်စကားအချို့ တူနေတာကလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။
Dawei Watch ပရိသတ်တွေကကော ဘယ်လိုထင်ပါသလဲ။ ယောနယ်ကလားလို့ အမေးခံရတာမျိုးကော ကြုံဖူးကြပါသလား။
ဒီတစ်ပတ် ‘ဓလေ့ သမိုင်း’ အစီအစည်မှတော့ ယောနဲ့ ထားဝယ်ဆက်စပ်ပုံတွေကို ရှာဖွေတင်ပြထားပါတယ်။ နားဆင်လေ့လာရင်း ကိုယ့်ရဲ့အမြင်တွေကိုလည်း ဆွေးနွေးခဲ့စေချင်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂၃ ရက်ကနေ ဧပြီလ ၂၉ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
Dawei Watch ရဲ့ အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများကြီးရှိနေပါတယ်။ ပရီးမီးယားလိဂ်က စနေနေ့မှာ ပွဲစဉ် သုံးပွဲသာ ရှိလို့နေပါတယ်။
စူပါဆန်းဒေးမှာတော့ ပွဲစဉ် ခြောက်ပွဲ ဆက်လက်ယှဉ်ပြိုင်ဖို့ ရှိနေပြီး တနင်္လာနေ့ကိုရောက်ရင်တော့ အာဆင်နယ်နဲ့ ချယ်လ်ဆီးတို့ အားပြိုင်မယ့် ပွဲကြီးပွဲကောင်း ရောက်လာမှာပါ။
ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ်အသင်းအားလုံး ပွဲပန်းနေနိုင်ပါတယ်။
အဲ့ဒီပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။
From the publisher's feed