
Sign up to save your podcasts
Or


တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေက ပွဲကြီးပွဲကောင်းတွေအဖြစ် ရောက်ရှိလာခဲ့ပါပြီ။
ယူရိုပါလိဂ်မှာ ခြေချော်ခဲ့တဲ့ မန်ယူအတွက် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကလည်း စိန်ခေါ်ကြီးမားလာဖို့ ရှိနေပါတယ်။ အဓိက,ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝတာက မန်ယူအတွက် အကြီးမားဆုံး ထိုးနှက်ချက်ပါပဲ။
အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ထူးခြားချက်တွေလည်း ရှိလို့နေပါတယ်။ အဲ့ဒါကတော့ အက်ဖ်အေဖလား ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မန်ယူကို ဘရိုက်တန်က တစ်ခါမှ မနိုင်ဖူးတာနဲ့ ရှက်ဖီးယူနိုက်တက်ကို မန်စီးတီးက တစ်ခါမှ မနိုင်ဖူးတာတွေပါပဲ။
အခု ကစားမယ့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ဘယ်လို ရလဒ်မျိုးတွေ ထွက်ပေါ်လာလေမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းလွန်းနေပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
တကယ်တော့ အာဆင်နယ်ဟာ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ မဖြစ်ခဲ့ရင်တော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိဖို့အတွက် အာဆင်နယ်ဟာ နှစ်ပေါင်းများစွာ ပြန်လည် စောင့်မျှော်ရတော့မှာပါပဲ။ အခန့်မသင့်ရင် ရွှေပြည်တော် မျှော်တိုင်းဝေး ဆိုတာမျိုးတွေတောင် ဖြစ်သွားပါနိုင်ပါတယ်။
သေချာတာတစ်ခုကတော့ ဒီနှစ်မှာ ချန်ပီယံဖြစ်ခဲ့ရင် ဖြစ်ဖြစ်၊ ချန်ပီယံဆုနဲ့ လွဲခဲ့ရင်ဖြစ်ဖြစ် အာဆင်နယ်က အသင်းပျက်ဖို့ နီးစပ်နေပါတယ်။ အာဆင်နယ်ကို အဲ့ဒီလိုဖြစ်အောင် အမဲဖျက်ဖို့ အသင့်ရှိနေသူက အသင်းပိုင်ရှင် ခရွန်ကီ ပါပဲ။
ဒီနှစ်ထဲမှာ အမေရိကန်ဘဏ်တွေ ပြိုလဲပြီး အမေရိကန် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကျပ်ရိုက်လာတာကို သတိပြုရမှာပါ။
ခရွန်ကီဟာ အရာရာကို ငွေနဲ့ချိန်စက် တွက်ဆတတ်သူဖြစ်ပါတယ်။ သူ အမြတ်ထွက်ဖို့အတွက်ဆိုရင် အာဆင်နယ်ကို ချနင်းပစ်ဖို့ ခရွန်ကီ ဝန်မလေးလောက်ပါဘူး။
အသင်းရဲ့ကစားသမားကောင်းတွေကို ရောင်းစားပစ်ပြီး ခရွန်ကီက သူ့ကိုယ်ကျိုးစီးပွားကို ရှာဖွေတာတွေက အာဆင်နယ်ဆီကို အဆိုးကျော့သံသရာ တစ်ပတ်လည်သလိုမျိုး ကျိန်းသေပြန်ရောက်လာမှာ သေချာလွန်းခြင်းမက သေချာနေပါတယ်။
ပုလောမြို့ အမှတ် ၁ ရပ်ကွက်တွင် ယနေ့ ညနေ သုံးနာရီခန့်က မီးလောင်မှုကြောင့် နေအိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးပြီး လူပေါင်း ၁၆၀ ကျော် မီးဘေးသင့်ခဲ့ရသည်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီဝန်ကြီးနဲ့ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် သုံးယောက်ကိုဗစ်ကူးစက်ခံထားရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတဲ့ခြေအနေ
- ပြည်သူ့ကာကွယ်ရေးအဖွဲ့က စစ်ဆေးတာကိုလက်မခံဘဲမောင်းပြေးတဲ့ဒုရဲအုပ်ကားတစ်စီး ပစ်ခတ်ခံရလို့ သုံးဦးသေဆုံးသွားတဲ့အကြောင်း
- ကမြောကင်းတံတားစစ်ဆေးတင်းကြပ်နေပြီး မှတ်ပုံတင်နဲ့ တိုက်ဆိုက်စစ်ဆေးတာပါလုပ်ဆောင်နေတဲ့အကြောင်း
- ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမယ်ဆိုရင် ပြန်တမ်းဝင်အရာရှိနဲ့ မိဘထောက်ခံချက်ပါရမယ်လို့ ထုတ်ပြန်လိုက်တဲ့အကြောင်း
- တွစ်တာက စီရိုနယ်ဒိုရဲ့အကောင့်ကို Blue Mark ပယ်ဖျက်လိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပျူစောထီး၊ စစ်ကောင်စီနဲ့ပတ်သတ်တယ်ဆိုသူ လူငါးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆက်လက်ဖမ်းဆီးထားဆဲဖြစ်တယ်ဆိုတဲ့အကြောင်း
- ပုလောမြို့နယ် မင်းထိန်ရွာမှာ ဆန်အပါအဝင် စားနပ်ရိက္ခာပြတ်လပ်နေတဲ့အကြောင်း
- မြိတ်မြို့မှာ ကမ်းနီငါးဖမ်းလှေတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးတဲ့အကြောင်း
- လောင်းလုံးမြို့နယ် ဝဗျေားကျေးရွာမှာ အချင်းချင်းစကားများရာကနေ အမျိုးသားတစ်ဦးပစ်သ တ်ခံရတဲ့အကြောင်း
- သင်္ကြန်အပြီး ထားဝယ်မြို့ပေါ်မှာ ဆိုင်ကယ်စစ်ဆေးတာတွေကို ပြန်ပြီးတင်းကြပ်လာတဲ့ အခြေအနေ
- ကော့သောင်းရှမ်းကိုးရွာဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေပိုများပြားလာတဲ့အကြောင်း
- လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပျူစောထီးအဖွဲ့၊ မူးယစ်အဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အကြောင်း
- မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာဟာ အီတလီမှာ စိန်ခေါ်ပွဲထိုးသတ်ဖို့ ထွက်ခွာသွားတဲ့အကြောင်း
- အိန္ဒိယနိုင်ငံရဲ့ ပြင်းထန်တဲ့ အပူရှိန်ကို ပြသဖို့နေပူထဲ ကြက်ဥကြော်ပြတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
From the publisher's feed