
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မှာ သင်တန်းလာတက်တဲ့ကျောင်းဆရာမတစ်ယောက် လမ်းခရီးမှာ အဖမ်းခံရတဲ့အကြောင်း
- နေအိမ်မှာဝင်ခိုးတဲ့လူငယ်တစ်ယောက်ကို စစ်ကောင်စီတပ်က ပစ်သ တ်လိုက်တဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲ တိုက်ပွဲတွေဖြစ်နေလို့ ခရီးသည်တင်ကားတွေနဲ့ နယ်စပ်ကုန်သွယ်ရေးရပ်ထားရတဲ့ အခြေအနေ
- ဒေသထွက် ဒူးရင်းစေ့တွေ ဈေးကျနေတဲ့အကြောင်း
- သရက်ချောင်းမြို့အဝင်က ဒူးရင်းသီးရုပ်ထုဖျက်ဆီးခံရတဲ့အကြောင်း
- ထန်းပင်ကိုဖောင်ဖွဲ့ပြီး ထိုင်းပင်လယ်ထဲ မျောနေတဲ့ နိုင်ငံခြားသားတစ်ယောက်အကြောင်း အပါအဝင်
- ရွှေဈေးနှင့် ထိုင်းဘတ်ဈေး
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်ခရိုင်မှာ သောက်သုံးရေရှားပါးလာတဲ့ အကြောင်း
- တနင်္သာရီမြို့နယ်ထဲ တစ်ရက်ထဲ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တဲ့အကြောင်း
- မွန်ပြည်နယ်မှာ ရဲစခန်းနဲ့ စစ်ကောင်စီတပ်ရင်းကို တပြိုင်တည်း ပစ်ခတ်တိုက်ခိုက်တဲ့ အခြေအနေ
- မွန်ပြည်နယ်က ပြန်လွတ်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းမပါတဲ့အကြောင်း
- ဘန်ကောက်က အခန်းထဲသေဆုံးနေတဲ့ မြန်မာအလုပ်သမားမှာ ကိုဗစ်ပိုးတွေ့ခဲ့တဲ့အကြောင်း အပါအဝင်
- ရွှေဈေးအတက်အကျအကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်နဲ့ မြိတ်က အကျဉ်းသား ၆၀ ကျော် ပြန်လွတ်တဲ့အကြောင်း
- ကော့သောင်းက ပျူစောထီးခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းလိုက်ပြီး လက်နက်တွေသိမ်းဆည်းခဲ့တဲ့အကြောင်း
- ကံပေါက်ရွာအုပ်ချုပ်ရေးမှူးရုံးနားမှာ ပေါက်ကွဲမှုဖြစ်တဲ့ အခြေအနေ
- မဲဆောက်မှာ လုံခြုံရေးဝန်ထမ်း မြန်မာအလုပ်သမားတစ်ဦး သေနတ်နဲ့ပစ်သ တ်ခံရတဲ့အကြောင်း
- ထိုင်းမှာ လမ်းဘေးရေမြောင်းထဲ ဝင်သွားတဲ့ မြန်မာအလုပ်သမားတစ်ဦးသေဆုံးခဲ့တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြို့စား မင်းနဲလှ သာဂရမြို့မှ ပြောင်းရွှေ့ပြီး ထားဝယ်မြစ်အရှေ့ဘက်ခြမ်းမှာ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ မြို့အမည်နဲ့ တည်ခဲ့တာပါ။ ထားဝယ်မြို့ကို သာယာဝတီဆိုတဲ့ အမည်နဲ့ ဘာကြောင့် တည်ခဲ့တာပါလဲ။ အဲဒီကနေ ထားဝယ်ဆိုတဲ့အမည်နဲ့ ဘယ်လိုရှင်သန်လာခဲ့တာလဲဆိုတဲ့အကြောင်း တင်ဆက်ပေးထားပါတယ်။
Dawei Watch မီဒီယာရဲ့ ‘ဓလေ့သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။
ခမ်းဇတ်ဆိုတာ ကြမ်းမှကြမ်း၊ ရမ်းမှရမ်းဆိုတဲ့ ဖိုက်တာကြီးပါ။ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကထဲမှာ အထိုးအကြိတ်၊ အသတ်အပုတ် အရမ်းကောင်းတဲ့ ဆွီဒင်သားကြီး ဖြစ်ပါတယ်။ အခု ခမ်းဇတ် မျက်ရည်တွေ ကျဆင်းနေပါတယ်။
ကလေးငယ်ကောင်မလေးတစ်ယောက်ရဲ့ပြောစကားတွေကြောင့် ခမ်းဇတ် မျက်ရည်တွေ ကျဆင်းလို့နေပါတယ်။ ကလေးမလေးက ချေချင်းညှာစစ်ပွဲမှာ မိဘတွေ ကွယ်လွန်သွားခဲ့လို့ မောင်နှမနှစ်ယောက်တည်း ဘဝကို ဖြတ်သန်းနေရသူပါ။ သူတို့ မောင်နှမနှစ်ယောက်ဟာ အနိုင်ကျင့်တာတွေကိုလည်း မကြာခဏ ခံစားရလေ့ရှိပါတယ်။
ဒါကြောင့် ကလေးမလေးက ခမ်းဇတ်နဲ့ဆုံခွင့်ရချိန်မှာ စကားတစ်ခွန်းပဲ ပြောခဲ့ပါတယ်။ “သမီးတို့ အနိုင်ကျင့်မခံရအောင် သမီးရဲ့အစ်ကို ကို သိုင်းသင်ပေးပါလားဟင်” ဆိုတာက ခမ်းဇတ်ကို ကလေးမလေး ပြောခဲ့တဲ့စကားပါပဲ။ ဒီစကားကို ကြားရချိန် ခမ်းဇတ်ဘာကြောင့် မျက်ရည်ကျရတာပါလဲ။
Dawei Watch ပရိသတ်တွေကို အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ဝင်ရောက်လာပြီဖြစ်လို့ အသင်းကြီးတွေ ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။
အခုပွဲစဉ်တွေပြီးရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လာမှာဖြစ်လို့ အသင်းကြီးတွေက အလှည့်ကျ လူထုတ်တာမျိုးတွေကို ဆောင်ရွက်ရတော့မှာပါ။
ဒီတစ်ပတ်ရဲ့အားပြိုင်မှုပြင်းထန်မယ့် ပွဲစဉ်တွေထဲက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက် သုံးသပ်ပေးလိုက်ပါတယ်။
From the publisher's feed