
Sign up to save your podcasts
Or


ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ကလေးတွေက အပြစ်ကင်းပြီး လူတွေအကြောင်းကို သင်ယူစဖြစ်တာကြောင့် သူတို့ကို တစ်စုံတစ်ယောက်က ထိခိုက်နာကျင်အောင် လုပ်တဲ့အခါ ပြန်မပြောပြတတ်ကြပါဘူး။
ကလေးတွေ က များသောအားဖြင့် ဆွေမျိုးအရင်းအချာ၊ သူငယ်ချင်း၊ အိမ်နီးချင်းစတဲ့ ကလေးတွေနဲ့ အနီးစပ်ဆုံးမှာရှိတဲ့လူတွေရဲ့ ကျူးလွန်မှုကို ခံစားကြရပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အဖွဲ့ဝင်တစ်ဦးပစ်သ တ်ခံရပြီးတဲ့နောက် ကျောက်ရပ်ရွာကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်တာတွေလုပ်ဆောင်လာတဲ့အကြောင်း
- တနင်္သာရီမြို့နယ်မှာ ဆိုင်ကယ်စီး လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းဆီးခံရတဲ့အကြောင်း
- မြိတ်မြို့မှာ ရေရှားတဲ့ရပ်ကွက်တွေပိုများလာလို့ ရေဂါလံသိန်းနဲ့ချီဖြန့်ဝေပေးနေရတာ
- ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာလည်း အမျိူးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်လို့သေဆုံးသွားတဲ့အကြောင်း
- ထားဝယ်မြို့မှာ ပစ္စည်းပို့တဲ့ တန်ဆာခ ပိုတောင်းတာတွေရှိလာတဲ့အကြောင်း
- ရွှေကုက္ကိုမြို့သစ်အနီးတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုထွက်ပြေးလာတဲ့သူ ရှစ်ထောင်ကျော်လောက်ရှိလာတဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေကို ကူညီပံ့ပိုးပါ
------------
လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်ဘဲ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။
ယူကရိန်းကို ရုရှားကနေ ကျူးကျော်စစ် ဆင်နွှဲနေတဲ့အကြောင်းကို အားလုံး သိနေပြီးသားပါ။ ရုရှားရဲ့ကျူးကျော်မှုတွေကို ခေါင်းငုံ့မခံဘဲ တွန်းလှန်နေသူတွေထဲမှာ ကမ္ဘာနဲ့အတူ ယူကရိန်းနိုင်ငံသူ တင်းနစ်မယ်တစ်ယောက်လည်း ပါဝင်လို့နေပါတယ်။
သူမကတော့ မာတာ ကော့စ်ယတ်ခ် ပါပဲ။ ကော့စ်ယတ်ခ်ဟာ ရုရှားတင်မကဘဲ ရုရှားဘက်က အပေါင်းအပါတွေကိုပါ သူမ တတ်နိုင်စွမ်းတဲ့ စည်းဘောင်ထဲကနေ သူမလုပ်နိုင်တဲ့အရာကို လုပ်ပြပြီး ဆန့်ကျင်လို့နေပါတယ်။
ကော့စ်ယတ်ခ် ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံချစ်စိတ်ကို ရောက်ရှိရာနေရာကနေ တတ်နိုင်တဲ့ပုံစံနဲ့ ထုတ်ဖော်ပြသပြီး တော်လှန်တိုက်ပွဲကို ဆင်နွှဲနေသူပဲဖြစ်ပါတယ်။
ပြိုင်ဘက်တွေထဲက ရုရှားတင်းနစ်မယ်တွေ၊ ဘီလာရုစ်တင်းနစ်မယ်တွေကို လက်ဆွဲနှုတ်မဆက်ဘဲ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုကို လက်မခံကြောင်း ထုတ်ဖော်ပြသနေတဲ့ ကော့စ်ယတ်ခ်ကို မီဒီယာတွေကလည်း သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားဖော်ပြနေပြီပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာ စိတ်ခွန်အား ပြင်းပြတဲ့ ကော့စ်ယတ်ခ် ကို Dawei Watch အမျိုးသမီးကဏ္ဍရဲ့ပုံရိပ်ရှင်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။
ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမားလည်းဖြစ်၊ အောင်လအန်ဆန်းရဲ့တပည့်လည်းဖြစ်တဲ့
တီရယ်လ်ထန် ဟာ ရှေ့လာမယ့် ၉ ရက်အတွင်း LFA ပွဲ ထိုးသတ်ပါတော့မယ်။
လာမယ့် ဧပြီလ ၁၄ ရက်နေ့ကိုရောက်ရင် တီရယ်လ်ထန် က LFA ဘင်တမ်ဝိတ်တန်းပွဲစဉ်အဖြစ် ဟာနန်ဒက်ဇ်နဲ့ ထိုးသတ်တော့မှာပါ။
တီရယ်လ်ထန် ဟာ One Championship ကို ကျောခိုင်းစွန့်ခွာပြီး LFA ဘက်ကို ကူးပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
LFA ဘက်မှာ ထူးချွန်တဲ့ ကစားသမားဖြစ်လာပြီဆိုရင် အဲ့ဒီကစားသမားက UFC ဘက်ကို ဆက်လက် တက်ရောက်ခွင့်ရှိလို့နေပါတယ်။ တီရယ်လ်ထန် ဟာ LFA ပွဲစဉ် ၁၅၆ အဖြစ် စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းမှာ သင်္ကြန်ကိုခမ်းခမ်းနားနားကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့အကြောင်း
- သင်္ကြန်ကာလ ထားဝယ် ရန်ကုန်အဝေးပြေးယာဉ်လိုင်းအများစုရပ်နားကြဖို့ရှိနေတဲ့အကြောင်း
- နှစ်နှစ်အတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တို့ ထိတွေ့တိုက်ပွဲပေါင်း တစ်ရာကျော်ဖြစ်ပွားခဲ့တဲ့အကြောင်း
- ပုလောမြို့နယ် ဝက်တိုးရွာမှာ လက်ကြီးကျည်ထိမှန်လို့ ကလေးငယ်တွေအပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့တဲ့အခြေအနေ
- မြိတ် တနင်္သာရီလမ်းပေါ်က ယမ်းဖိုတံတားမိုင်းဆွဲခံရလို့ ပျက်စီးသွားတာကြောင့် ခရီးသည်တင်ကားတွေ ဖြတ်သန်းမရဘဲဖြစ်နေတဲ့အကြောင်း
- စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းလိုက်တယ်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း ပြည်သူလူထုဟာ ပဋိပက္ခတွေ ကြုံတွေ့နေရသလို မလုံခြုံမှုနဲ့ အထွေထွေအကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။
တနင်္သာရီတိုင်းထဲမှာ ဖြစ်ပျက်နေတာတွေကို Dawei Watch မီဒီယာက အထူးအလေးပေး တင်ဆက်နေတာပါ။
Dawei Watch က တင်ဆက်နေတဲ့ နေ့စဉ် သတင်းတွေ၊ အပတ်စဉ်သတင်းတွေနဲ့ အခြား တင်ဆက်မှုတွေကို YouTube မှာလည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
Dawei Watch YouTube ချန်နယ်မှာ နေ့စဉ်သတင်း အစီအစဉ်၊ အပတ်စဉ်သတင်းအစီအစဉ်၊ အားကစားအစီအစဉ်တွေအပြင် တနင်္သာရီတိုင်းက ရှေးဟောင်းသမိုင်းဝင် ဒေသတွေနဲ့ စိတ်ဝင်စားဖွယ် ဓလေ့တွေအကြောင်းကိုလည်း အပတ်စဉ်ပုံမှန် တင်ဆက်ပေးနေပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းအကြောင်း YouTube ဖန်သားပေါ် မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့ Dawei Watch YouTube ကို Subscribe လုပ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
https://www.youtube.com/@DaweiWatchTV
ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
From the publisher's feed