
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်ကိုင်းတိုင်း စစ်မြေပြင်မှာ ထားဝယ်သားကိုချစ်ဝေယံဖြိုးတစ်ယောက်ကျဆုံးသွားတဲ့အကြောင်း
- ကျွန်းစုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နာမည်ကိုအသုံးပြုပြီး ခြိမ်းခြောက်ငွေတောင်းခံတာတွေ ရှိတဲ့အကြောင်း
- တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီးမှာ စစ်ကောင်စီတပ်ကားမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေ
- မိုင်းအန္တရာယ်ပညာပေး မိုဘိုင်းလ် App အကြောင်း
- လောင်းလုံးမြို့နယ် စခန်းကြီးရွာလယ်ကျောင်းဆရာတော်ပျံလွန်တော်မူသွားတဲ့အကြောင်း
- Tik Tok အသုံးပြုတာကို ဩစတေးလျ နိုင်ငံမှာ ပိတ်ပင်ကန့်သတ်တဲ့အကြောင်း
- အလုံပိတ်ကားထဲ အသက်ရှုမဝ၊ အစာရေစာပြတ်လပ်နေတဲ့ ရိုဟင်ဂျာ ၉၀ နီးပါးကို ထိုင်းနိုင်ငံတောင်ပိုင်း တစ်နေရာမှာတွေ့ရှိခဲ့တဲ့အကြောင်း တွေပဲဖြစ်ပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူမှာ ဘယ်သောအခါမှ အပြစ်မရှိပါဘူး။
ကျူးလွန်ခံရသူ (နစ်နာသူ) အပေါ် အပြစ်တင်ခြင်း၊ ကျူးလွန်ခံရသူရဲ့အပြစ်သာ ဖြစ်ခြင်းဆိုတာတွေကို ဆန့်ကျင်တွန်းလှန်ပစ်ရပါမယ်။
လူတိုင်းမှာ အကြမ်းဖက်မှု ကင်းစင်တဲ့ ဘဝတစ်ရပ် ထူထောင်ပိုင်ခွင့်ရှိပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ခရီးသည်တင်ကားနဲ့လိုက်လာတဲ့ အမျိုးသမီးလေးဦးနဲ့ အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေတဲ့အကြောင်း
- ပုလောမြို့နယ်က ဒေသခံအမျိုးသားခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အခြေအနေ
- မလေးရှားနိုင်ငံမှာ မဖြစ်မနေသေဒဏ်ချမှတ်တဲ့စနစ်ကိုဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်တဲ့အကြောင်းအပါအဝင်
- ရွှေဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က လောင်းလုံးမြို့ပေါ်မှာ ပိုက်စိပ်တိုက်ရှာဖွေပြီး ဖမ်းဆီးနေတဲ့အကြောင်း
- မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကို ပိတ်ထားလိုက်ပြီလို့ အရေးပေါ်ထုတ်ပြန်တဲ့အကြောင်း
- ထိုင်း-မြန်မာနယ်စပ်သွားတဲ့ မောတောင်လမ်းမှာ နှစ်ရက်တာအတွင်း တိုက်ပွဲလေးကြိမ်အထိ ဖြစ်ခဲ့တဲ့အကြောင်း
- တနင်္သာရီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ ရေဖြူဗျူဟာကုန်းကို ဝင်တိုက်တဲ့ အခြေအနေ
- ကော့သောင်းလမ်းမှာ ခရီးသည်တင်ကားတစ်စီး သေ နတ်ပစ်ခံရပြီး ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့တဲ့အကြောင်း
- ထားဝယ်မြို့ အနောက်မြောက်ဘက်မှာရှိတဲ့ ကိုကိုးကျွန်းမှာ တရုတ်ထောက်လှမ်းရေးစခန်းလို့ သံသယဖြစ်ဖွယ် ဂြိုလ်တုဓာတ်ပုံတွေထွက်လာတဲ့အကြောင်း
- ရေဖြူမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး သေ နတ်ပစ်ခံရတဲ့အကြောင်း
- လောင်းလုံးမြို့နယ် နခံတောရွာ ရွာလယ်ကျောင်းကြီး ဆရာတော်ရဲ့
ဈာပနအခမ်းအနားကျင်းပမယ့်အကြောင်း
- မြိတ်မြို့မှာ သေ ဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းနှစ်လောင်း
နှစ်ရက်ဆက်တိုက်တွေ့ရတဲ့အကြောင်းတွေ အပါအဝင်
- တက်ရိပ်ပြနေတဲ့ ရွှေဈေးကွက်အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ကုလားကျားပွဲကို ၁၉၂၁ ခုနှစ်တွင် ပုလောမြို့၌ စတင်ကပြခဲ့ကြသည်။ ပုလောတွင် ကပြသည့် ကျားအကမှာ မြိတ်မြို့မှ ဂေါ်ရင်ဂျီကုလားများကသည့် အကနှင့်ဆင်တူသဖြင့် မြိတ်မှတစ်ဆင့် ပုလောသို့ရောက်လာသည်ဟု ယူဆကြသည်။
ယင်းကုလားကျားအကမှာ ယခုအခါတွင် တနင်္သာရီ၊ ပုလောနှင့် မြိတ် ၃ မြို့တွင်သာ ဆက်လက်ကပြ ကြတော့သည်။
တနင်္သာရီတိုင်း၏ အဖိုးတန်လှသော ရိုးရာဓလေ့များနှင့် သမိုင်းအချက်အလက်များကို ဖော်ပြနေသည့် ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို တင်ဆက်လိုက်ပါသည်။
တောင်ပိုင်းသားတို့၏ ရိုးရာဓလေ့နှင့် သမိုင်းများကို Dawei Watch ၏ YouTube တွင်လည်း တစ်စုတစ်စည်းတည်း ရှာဖွေကြည့်ရှုနိုင်ပါပြီ။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၂၆ ရက်ကနေ ဧပြီလ ၁ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
"ထိုင်းရွေးကောက်ပွဲနဲ့ မြန်မာလုပ်သားတွေ အခြေအနေ"
--------------
မကြာခင်ကာလမှာ ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲရှိပါတယ်။ ထိုင်းရွှေးကောက်ပွဲ ကော်မရှင်က မေလ ၁၄ ရက်မှာ ပြုလုပ်မယ်လို့ ကြေညာထားပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းအလုပ်သမားတွေကို ရွေးကောက်ပွဲတွေမှာ အသုံးချတာမျိုးတွေ ယခင်ကာလတွေတုန်းက ရှိခဲ့ဖူးပါတယ်။
ဒီလိုအခြေအနေတွေ ထပ်ရှိလာနိုင်လား၊ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘာတွေလိုက်နာ ရှောင်ရှားသင့်လဲဆိုတာကို ဒီစကားဝိုင်းကနေ သိမြင်နိုင်မှာ ဖြစ်ပါတယ်။
စကားဝိုင်းကိုတော့ ဦးထူးချစ် (FED)၊ ဦးခိုင်ကြီး (AAC)နဲ့ ကိုအောင်အောင် (ရခိုင်အလုပ်သမားများအဖွဲ့)တို့က ဦးဆောင်ဆွေးနွေးထားကြပါတယ်။
(Migrant Times မှရယူဖော်ပြသည်)
Dawei Watch က တင်ဆက်ပေးနေတဲ့ ရင်ခုန်ခံစား တစ်ပတ်တာအားကစားရဲ့ပွဲကြိုကဏ္ဍအစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက နိုင်ငံတကာပွဲစဉ်တွေ ရှိနေတဲ့အတွက် လိဂ်ပွဲစဉ်တွေ ရပ်နားထားခဲ့ပါတယ်။
အခုတစ်ပတ်မှာတော့ ပရိသတ်မျှော်လင့်နေတဲ့ လိဂ်ပွဲစဉ်တွေ ပြန်လည်ဝင်ရောက်လို့ လာခဲ့ပါပြီ။
ဒါပေမဲ့ အသင်းတိုင်းဆီက အဓိကပွဲထွက်ကစားသမားတွေဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတဲ့အတွက် ပွဲပန်းနေတာကို သတိပြုရပါလိမ့်မယ်။
အခုတစ်ပတ်မှာ ဘယ်အသင်းတွေ ရလဒ်ကောင်း ရသွားလေမလဲ၊ ဘယ်လိုပွဲစဉ်ကောင်းတွေ ရှိနေသလဲဆိုတာကို Dawei Watch က ရွေးချယ်သုံးသပ် တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၂၅ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
From the publisher's feed