Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၇ ရက်)

    မင်္ဂလာပါခင်ဗျား


    တနင်္သာရီသတင်းအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - NUG နဲ့ တော်လှန်ရေးကိုပံပိုးကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ စစ်ကောင်စီဥက္ကဌက ပြောခဲ့တဲ့အကြောင်း

    - ကမြောကင်းတံတားနဲ့ဘေးချင်းကပ်နေတဲ့ ထားဝယ်မြစ်ကူးတံတားအသစ်ကို စစ်ကောင်စီက ဖွင့်လှစ်တဲ့အကြောင်း

    - ရေဖြူမြို့မရဲစခန်းနဲ့ နတလရုံးတိုက်ခိုက်ခံရတဲ့ အခြေအနေ

    - စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကပစ်ခတ်တာ‌ကြောင့် PDF ရဲဘော်ဟောင်းနဲ့ ညီဖြစ်သူတို့ ကျဆုံးသွားတဲ့အကြောင်း

    - အခုနှစ်နွေရာသီမှာ မြိတ်မြို့ပေါ်ရပ်ကွက်အချို့ သောက်သုံးရေ စရှားလာတဲ့ အခြေအနေ

    - အချိန်သုံးနှစ်ကျော်အကြာ ပိတ်ထားတဲ့ မြိတ်မြို့က ရုပ်ရှင်ရုံ ပြန်ဖွင့်တဲ့အကြောင်း

    - မြိတ်မြို့က ပရိဘောဂအလုပ်ရုံတစ်ခု မီးလောင်ခဲ့တဲ့အကြောင်းအပါအဝင်

    - ရွှေဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်သွားပါမယ်။

    6 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မတ်လ ၁၉ ရက်ကနေ ၂၅ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    11 min
  • တံခါးပေါက်များနဲ့ နေပြည်တော်

    ထားဝယ် သာဂရမြို့ဟောင်းကို ခရစ် ၇၅၁ ခုလို့ တွေ့ရတဲ့အတွက် ထိုင်းနိုင်ငံ သမိုင်းတွေအရ ဒွါရဝတီ-မွန် အကြီးအကျယ်ထွန်းကားချိန်နဲ့ တိုက်ဆိုင်နေပါတယ်။


    ဒီအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တင်ဆက်ပေးလိုက်ပါတယ်။


    တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ရှေးဟောင်းသမိုင်းတွေ၊ စိတ်ဝင်စားဖွယ် ရိုးရာဓလေ့တွေအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေတာပါ။


    တောင်ပိုင်းသားတွေရဲ့ ခမ်းနားလှတဲ့ သမိုင်း၊ ဓလေ့တွေကို လူများများ သိရှိနိုင်စေဖို့ မျှဝေ(share) ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

    13 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (မတ် ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လျော့ကျဖို့

    ကလေးတွေက အပြစ်ကင်းပြီး လူတွေအကြောင်းကို သင်ယူစဖြစ်တာကြောင့် သူတို့ကို တစ်စုံတစ်ယောက်က ထိခိုက်နာကျင်အောင် လုပ်တဲ့အခါ ပြန်မပြောပြတတ်ကြပါဘူး။ ကလေးတွေ က များသောအားဖြင့် ဆွေမျိုးအရင်းအချာ၊ သူငယ်ချင်း၊ အိမ်နီးချင်းစတဲ့ ကလေးတွေနဲ့ အနီးစပ်ဆုံးမှာရှိတဲ့လူတွေရဲ့ ကျူးလွန်မှုကို ခံစားကြရပါတယ်။

    3 min
  • တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၄ ရက်)

    Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်


    ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - စစ်သင်္ဘောရှိနေသဖြင့် ကျောက်နီမော်ရွာအနီးက ငါးဖမ်းလှေတွေ ကမ်း

    မကပ်ရဲဘဲဖြစ်နေတဲ့အကြောင်း


    - တိုင်းရင်းသားအခွင့်အရေး ဖိုရမ်ကျင်းပနေတဲ့ မြိတ်မြို့ကို နေပြည်တော်က စစ်ကောင်စီအရာရှိတွေရောက်နေကြတဲ့‌အကြောင်း


    - လောင်းလုံးမှာ ဖမ်းခံလိုက်ရတဲ့ စစ်ဘေးရှောင်မိသားစုဝင်တွေ အဆက်အသွယ်မရဘဲ အစအနပျောက်နေတဲ့အခြေအနေ


    - ထားဝယ်မှာ ယပက်လက်နံပါတ် တစ်ပတ်ရစ်ဆိုင်ကယ်တွေ ဈေးထိုးတက်လာတာ


    - လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာက အမျိုးသားတစ်ဦး ပစ်သ၊ တ်ခံလိုက်ရတဲ့အကြောင်း


    - နောက်နှစ်လလောက်ကြာရင် ထိုင်းနိုင်ငံမှာ အထွေးထွေရွေးကောက်ပွဲကျင်းပတော့မယ့်အကြောင်း


    - ပြန်ပေးဆွဲ ငွေညှစ်တဲ့ ထိုင်းလူဝင်မူကြီးကြပ်ရေးအရာရှိတွေ ဖမ်းဆီးလိုက်တဲ့အကြောင်း


    စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    8 min
  • လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေကို ကူညီပံ့ပိုးပါ

    လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်ဘဲ အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။

    3 min
  • တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၃ ရက်)

    Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်


    ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်နေအိမ် စစ်တပ်ကဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေယူဆောင်သွားခဲ့တဲ့အကြောင်း


    - လောင်းလုံးမြို့နယ်ထဲ စစ်ကောင်စီက စစ်‌‌ကြောင်းထိုးနေတဲ့ကြားက လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့အကြောင်း


    - ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာတွေနေထိုင်တဲ့ နေရာကို ထိုင်းအာဏာပိုင်တွေ ဝင်စီးပြီး မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးသွားတဲ့အခြေအနေ


    - သတိပေးစာတိုမက်ဆေ့ပို့ထားပေမယ့် မှတ်ပုံမတင်တဲ့ ဖုန်းဆင်းကတ်တွေကို ခေါ်ဆိုခွင့် ကန့်သတ်မယ်လို့ ဆက်သွယ်ရေးကုမ္ပဏီတွေက ထုတ်ပြန်သတိပေးတာ


    - သရက်ချောင်းမြို့နယ် စော်ဖျားရွာက အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တဲ့အကြောင်း


    - ညောင်ခါရှည်စစ်ဆေးရေးဂိတ်မှာ ကားတွေပိတ်မိနေလို့ လူနာတင်ကားတွေ အခက်အခဲဖြစ်နေတဲ့အကြောင်း


    - ဒုရင်းသီးရာသီအစ မြိတ်မြို့မှာ တစ်လုံး ကျပ်နှစ်သောင်းခွဲလောက် ဈေးပေါက်နေတာ


    စတဲ့သတင်းအကြောင်းအရာမတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    7 min
  • ကင်ဆာရောဂါကို အနိုင်တိုက်ပြီး ဘဝကို အရှုံးမပေးခဲ့သူ တင်းနစ်မယ်ကြီး

    သူ့နာမည်က မာတီနာ နတ်ဗ်ရာတီလိုဗာ။ တင်းနစ်လောကရဲ့ဂန္ထဝင် တင်းနစ်မယ်ကြီး။ လက်ရှိမှာ အသက်က ၆၆ နှစ်အရွယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နတ်ဗ်ရာတီလိုဗာ ဟာ သူ့မှာ ကင်ဆာနှစ်ခု ရှိနေပြီဆိုတာကို ဆေးစစ်ချက်အဖြေတွေအရ သိလိုက်ရပါတယ်။ ဖြစ်နေတာက ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာ။


    ဂရင်းဆလင်း ချန်ပီယံဆုပေါင်း ၅၉ ခုအထိ ရရှိခဲ့ဖူးတဲ့ ဂန္ထဝင်တင်းနစ်မယ်ကြီး နတ်ဗ်ရာတီလိုဗာ ဟာ အဲ့ဒီလို သိလိုက်ရချိန်မှာ စိတ်ဓာတ်တွေ ဗုန်းဗုန်းပြိုလဲသွားတဲ့အထိ ဖြစ်သွားခဲ့ပါသေးတယ်။ သူမဟာ သေလူဖြစ်သွားပြီလို့ စိတ်ထဲထင်မှတ်လိုက်မိတယ်လို့တောင် နက်ဗ်ရာတီလိုဗာက ထုတ်ဖော်ဝန်ခံခဲ့သေးတာပါ။


    အသက် ၆၆ နှစ်အရွယ်မှာ ကင်ဆာရောဂါကို ရင်ဆိုင်ရပြီဆိုရင် တော်ရုံလူက သွေးပျက်သွားပါလိမ့်မယ်။


    အခုတော့ ကင်ဆာနှစ်ခုလုံးကို အနိုင်တိုက်ခိုက်ပြီး နက်ဗ်ရာတီလိုဗာ က အားလုံးရဲ့ရှေ့မှောက်ဆီကို ကျန်းမာမှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။


    ရဲရင့်စိတ်ဓာတ်နဲ့ ကင်ဆာနှစ်ခုကို အရှုံးမပေးဘဲ အနိုင်ယူခဲ့သူ နက်ဗ်ရာတီလိုဗာ ကို ဒီတစ်ပတ် Dawei Watch ရဲ့အမျိုးသမီးကဏ္ဍကနေ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

    6 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။