
Sign up to save your podcasts
Or


ကျား/မဖြစ်ခြင်း၊ အသက်၊ လူမျိုး ဒါမှမဟုတ် အပြုအမူတွေအပေါ် ခွဲခြားခြင်းမရှိဘဲ လူတိုင်းမှာ ဥပဒေရှေ့မှောက် ခြွင်းချက်မရှိ တန်းတူညီမျှစွာ ဆက်ဆံခံခွင့် ရှိပါတယ်။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ် (မတ်လ ၂၂ ရက်)
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကမြောကင်းတံတားဖွင့်ပွဲ အကြိုလေ့ကျင့်တဲ့အချိန် အနီးနားမှာ ပေါက်ကွဲမှုဖြစ်တဲ့အကြောင်း
- လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာနဲ့ ညောပြင်ရွာတွေမှာ မီးရရတဲ့နေအိမ် တစ်ရာကျော်လောက်ရှိပြီး ဒေသခံတစ်ဦးလည်ပစ်သ.တ်ခံခဲ့ရတဲ့အကြောင်း
- ပုလောမြို့နယ် မင်းထိန်ရွာအနီးမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အခြေအနေ
- သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းဆိုတဲ့ အမျိုးသားတစ်ဦး ပစ်သ-တ်ခံခဲ့ရတာ
- ရွှေဈေးကွက်သတင်းနဲ့
- ဘန်ကောက်မှာ မြန်မာနဲ့ ထိုင်းအလုပ်သမားနှစ်ဦး ရေလှောင်ကန်ထဲ ဓာတ်လိုက်ေသဆုံးသွားတဲ့အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု ဒါမှမဟုတ် အကြမ်းဖက်မှုတွေမှာ ကျူးလွန်ခံရသူမှာ ဘယ်သောအခါမှ အပြစ်မရှိပါဘူး။ ကျူးလွန်ခံရသူ (နစ်နာသူ) အပေါ် အပြစ်တင်ခြင်း၊ ကျူးလွန်ခံရသူရဲ့အပြစ်သာ ဖြစ်ခြင်းဆိုတာတွေကို ဆန့်ကျင်တွန်းလှန်ပစ်ရပါမယ်။ လူတိုင်းမှာ အကြမ်းဖက်မှု ကင်းစင်တဲ့ ဘဝတစ်ရပ် ထူထောင်ပိုင်ခွင့်ရှိပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ - လောင်းလုံးမြို့နယ် ညောပြင်ရွာနဲ့ အောက်ကျောက်ဝပ်ရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
- စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ မင်းထိန်ရွာသားတွေ ပြန်မလွတ်သေးတဲ့အကြောင်း
- ရေဖြူမြို့နယ် မူးဒူးရွာက မိုင်တဲတာဝါတိုင် မီးရှို့ပြီး ဖြိုလှဲခံရတဲ့ အခြေအနေ
- တိုက်ပွဲတွေကြောင့် မြို့ပေါ်ရွှေ့ပြောင်းသူများလာပြီး ထားဝယ်မြို့ပေါ်မှာ အိမ်ခန်းငှားရခက်ခဲလာတဲ့အကြောင်း
- ထိုင်းလွှတ်တော် ဖျက်သိမ်းလိုက်တဲ့ အခြေအနေ
- ထိုင်းရောက်မြန်မာအမျိုးသမီးတစ်ဦး အိမ်သာထဲ ကလေးမွေးသွားတဲ့အကြောင်း စတဲ့သတင်းတွေအပြင်
တစ်ဟုန်ထိုးတက်နေတဲ့ ရွှေဈေးဟာ ဒီနေ့မှာလည်းထပ်တက်လာတဲ့အကြောင်းတွေပါ နားဆင်ရမှာပါ။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထားဝယ်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အကြောင်း
- လောင်းလုံးမြို့နယ် သပြေရှောင်ရွာက ရေလုပ်ငန်းတဲတွေကို စစ်ကောင်စီတပ်က မီးရှို့သွားပြီး ဆိုင်ကယ်တွေကို သိမ်းဆည်းသွားတဲ့ အခြေအနေ
- စစ်ရေးတင်းမာနေတဲ့ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို ညဖက်မသွားကြဖို့ ကော်သူးလေတပ်မတော်က သတိပေးလိုက်တဲ့အကြောင်း
- ပုလောမြို့နယ် မင်းထိန်ရွာက ဒေသခံခြောက်ဆယ်ကျော်စစ်ဆေးခံရပြီး ကိုးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြောင်း
- တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ နေအိမ်တွေိကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း
- ရေး-ထားဝယ်ကားလမ်းပေါ်မှာ အုတ်သယ်ကားတစ်စီး ပစ်ခတ်ခံရလို့ ကားသမား ဒဏ်ရာရသွားတဲ့အကြောင်း
- မြန်မာလုပ်သား ၁၀၀ ကျော်ကို ထိုင်းနိုင်ငံကနေ ကော့သောင်းဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တဲ့အကြောင်း
- မောတောင်နယ်စပ်ဂိတ်ရှိ ကုန်ပစ္စည်းဖလှယ်တဲ့ နေရာကို ယာယီပိတ်မယ်လို့ ထိုင်းဘက်က သတိပေးခဲ့တာစတဲ့သတင်းတွေအပြင်
- အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးမြောက်နေတဲ့အကြောင်းတွေပါ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ထားဝယ်ဒေသမှ ရှေးဟောင်းမြေဆေးတံ
ထားဝယ်မြစ်ကမ်းတစ်လျှောက် သဲကျောက်လုပ်ငန်း လုပ်သည့်လုပ်သားများမှာ မြေဆေးတံများ မကြာခဏရလေ့ရှိသည်။ မြေဆေးတံမှာသဲများနှင့် ပွတ်တိုက်ဒဏ် အကြိမ်ကြိမ်ခံထားရမှုကြောင့် ပြောင်ချောချောဖြစ်နေသည်။
ထားဝယ်ဒေသတွင် တွေ့ရသည့် စိတ်ဝင်စားဖွယ် ရှေဟောင်းဆေးတံအကြောင်းကို ယခုအပတ် ‘ဓေလ့ သမိုင်း’ အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- လောင်းလုံးမြို့နယ်တကြောစစ်ကြောင်းထိုးနေပြီး ဒေသခံတွေ ဖမ်းဆီး၊ ပစ်ခတ်ခံနေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေကိုဆက်သွယ်ထားတဲ့ရေပိုက်လိုင်း မိုင်းခွဲခံရတဲ့အကြောင်း
- ကလိန်အောင်မြို့မှာ ညဘက်လက်နက်ကြီးပစ်ခံသံတွေကြားလာနေရတာ
- မြိတ်မြို့မှာ လမ်းလျှောက်နေတဲ့ လူငယ်တစ်ဦးကို ကားတိုက်ပြေးသွားတဲ့အကြောင်း
- စစ်ကြောင်းထိုးလာလို့ တကူရွာသားတွေ ထွက်ပြေးနေရတဲ့အကြောင်း
- ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရိုဟင်ဂျာ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း
- ထိုင်းနိုင်ငံဖက်ကနေ သီးပင်၊ စားပင်ပျိူးပင်တွေ တင်သွင်းဖို့ခက်ခဲနေတာကြောင့် ပစ္စည်းပြတ်လာနေတဲ့အကြောင်း စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် လဝကရုံး မီးရှို့ခံရတဲ့ အခြေအနေ
- ပုလောမှာ စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက် မိုင်းဆွဲခံရတဲ့အကြောင်း
- FOEIM က ကျောင်းသားမိဘတွေ ဖမ်းဆီးခံရတဲ့သတင်းကြောင့် တနင်္သာရီတိုင်းက ကျောင်းသားမိဘတွေ စိုးရိမ်နေကြတဲ့အကြောင်း
- မြိတ်မှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးတစ်ဦး စွန့်ပစ်ခံထားရတာ
- ထိုင်းတောင်ပိုင်းမှာ သတ်ဖြတ်ခံထားရတဲ့ မြန်မာလို့ယူဆရသူ အလောင်း သုံးလောင်းကို အမှိုက်ပုံနားမှာ တွေ့ရတဲ့အကြောင်း
- ထိုင်းကို အလည်ဗီဇာနဲ့ လာသူတွေကို ဘဏ်စာရင်းဖွင့်ခွင့် ဘန်ကောက်ဘဏ် ယာယီရပ်ဆိုင်းလိုက်တဲ့အကြောင်း
- ကွမ်းသီးဈေးကျလို့ သီးစားဝယ်သူတွေ အရှုံးပေါ်နေကြတဲ့ အခြေအနေ
- ထားဝယ်ဈေးကွက်ထဲ ရွှေဈေးအတက်အကျအခြေအနေ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
From the publisher's feed