
Sign up to save your podcasts
Or


Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မိုင်းမတော်ဆပေါက်ကွဲလို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း
- ပုလောမြို့က ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တစ်ခု ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း
- လောင်းလုံးဆေးရုံမှာ ကလေးတွေကို ကာကွယ်ဆေးပြန်ထိုးပေးနေတာ
- ထားဝယ်မြို့ လမ်းဘေးတစ်နေရာမှာ အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့တဲ့အခြေအနေ
- ဌာနဆိုင်ရာရုံးတွေ မကြာခဏတိုက်ခိုက်ခံနေရတဲ့ ရေဖြူမြို့မှာ စစ်ကောင်စီက အင်းအားတိုးချထားလိုက်တဲ့အကြောင်း
- စစ်ဘေးသင့်ပြည်သူတွေအတွက် သယ်လာတဲ့ စားနပ်ရိက္ခာနဲ့ အသုံးဆောင်တွေကိုအဖမ်းခံရတာ
- အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရာဇဝတ်မှုနဲ့ စွဲချက်လိုက်တဲ့အကြောင်း
- ထိုင်းနိုင်ငံ စက်ရုံတစ်ခုက မြန်မာအလုပ်သမား တစ်ထောင်ကျော်ကို အလုပ်ထုတ်ခံရတဲ့အကြောင်း
- ထိုင်းမှာ ဗီဇာမပါဘဲ နေထိုင်ခွင့် ၁၄ ရက်သာရပါတော့မယ်ဆိုတဲ့အကြောင်း
စတဲ့သတင်းအကြောင်းအရာများစွာကိုနားဆင်ရမှာဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မအခြေပြု အကြမ်းဖက်မှုတွေက ဘယ်သူဘယ်ဝါရယ်လို့ သတ်မှတ်ပြီးမှ ဖြစ်တာမဟုတ်သလို အသက်အရွယ်၊ ကျား/မ၊ လူမျိုး၊ အပြုအမူအနေအထိုင် ဘယ်လိုပဲ ဖြစ်နေပါစေ၊ အချိန်နေရာမရွေး ကြုံတွေ့နိုင်ပါတယ်။
ဒါတွေကို ဘယ်လိုကာကွယ်တားဆီးကြပါမလဲ...............
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလော မင်းထိန်ရွာထဲ လက်နက်ကြီးကျလို့ တစ်နှစ်ခွဲကလေးနဲ့မိခင်ဖြစ်သူ ဒဏ်ရာရတဲ့အကြောင်း
- ဖမ်းဆီးခံထားရတဲ့ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်အများစု ပြန်လွတ်လာတဲ့အကြောင်း
- လာမယ့်စနေ ထားဝယ်ခရိုင်တစ်ခုလုံး ဆယ်နာရီလောက် လျှပ်စစ်မီးပြတ်တောက်မယ်ဆိုတဲ့အကြောင်း
- ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ဇီးကျရွာကြားက လမ်းဘေးဝဲယာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သွားခဲ့တဲ့အကြောင်း
- ငါးဖမ်းရာသီပိတ်သိမ်းလိုက်ပြီဖြစ်တာကြောင့် ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းကပ်လာနေကြတဲ့အခြေအနေ
- တစ်သောင်းကျပ်ပြန်ကျလာတဲ့ ရွှေဈေးကွက်
စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
စစ်သားတွေ ရာဇဝတ်မှု ကျူးလွန်တဲ့အခါ အရပ်ဖက်တရားရုံးနဲ့ မစီရင်ဘဲ စစ်အုပ်ချုပ်ရေး တရားရုံးက ကိုင်တွယ်ကြပါတယ်။
စစ်အုပ်ချုပ်ရေး တရားရုံးရဲ့ စီရင်ချက်တွေက မျှတမှုရှိပါသလား....
တရားသူကြီး ဒေါ်ဇီးကွက်ရဲ့ ဒီဇာတ်လမ်းမှာရော ဘာတွေဖြစ်သွားပါသလဲ.........
သေနတ်ကိုင်ထားပြီး အာဏာကိုလည်း စိုးပိုင်ထားတဲ့သူဟာ ရယ်သံတစ်ခုကို ကြောက်ရွံ့တုန်လှုပ်ခဲ့ပါတယ်။
ယေးကော့ဘ် ဟာ ဂျူးလူမျိုး အညတြလေးတစ်ယောက်ပါ။ ဒါပေမဲ့ ထိန်းသိမ်းရေးစခန်းထဲက ဂျူးတွေအတွက် မျှော်လင့်ချက်တစ်ခုကို သူ့အသက်နဲ့ရင်းပြီး ယေးဘော့ဘ်က ထွန်းညှိပေးသွားခဲ့ပါတယ်။
မြန်မာ့နွေဦးမှာရော အဲ့ဒီလို အမေ့လျော့ခံ သူရဲကောင်းတွေ၊ လူမသိ သူမသိလိုက်ဘဲ ကိုယ့်ရွာ၊ ကိုယ့်နယ်၊ ကိုယ့်ဒေသအတွက် အသက်ရင်းပေးခဲ့သူတွေ ဘယ်လောက်များနေခဲ့ပြီလဲ။
ဇာတ်ကားတစ်ကားဟာ တွေးစရာပေါင်းများစွာကို ချန်ထားပေးရစ်ခဲ့ပါတယ်။
Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်အတွက် ကန့်လန့်ကာအဖွင့်မှာ သေနတ်ကိုင်ထားသူကို ရယ်သံနဲ့တင် တုန်လှုပ်သွားစေခဲသူ Jakob the Liar ကို တင်ဆက်ပေးလိုက်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- NLD ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းလိုက်တဲ့အကြောင်း
- စစ်ေကာင်စီကို စစ်အသုံးစရိတ် ထောက်ပံ့ပေးနေတဲ့ PTT ကုမ္ပဏီကို သပိတ်မှောက်ဖို့ တိုက်တွန်းလိုက်တဲ့အကြောင်း
- တနင်္သာရီ-မောတောင်သွားတဲ့လမ်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ အကြောင်း
- ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားနှစ်ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရတဲ့အကြောင်းအပါအဝင်
- ရွှေဈေး အတက်အကျ အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်သွားပါမယ်။
သက်ငယ်မုဒိမ်းမှုတွေရဲ့ ရာခိုင်နှုန်းအများစုက မုဒိမ်းကျင့်ခံရသူနဲ့ ရင်းနှီးသိရှိသူတွေ၊ ဆွေမျိုးရင်းချာတွေ ဖြစ်တာ များပါတယ်။
ဘယ်လိုပဲ ဆွေမျိုးနီးစပ်တော်နေပေမယ့် မတရားခံရတာကို ငြိမ်ခံမနေဘဲ တိုင်တန်းမှသာ ကိုယ့်လိုခံရသူတွေ ထပ်ပေါ်မလာတော့မှာ။
ဒီဇာတ်လမ်းမှာ တူမတွေကို မုဒိမ်းပြုကျင့်ခဲ့တာ သိသွားတဲ့ အဒေါ်က ဘယ်လိုဆုံးဖြတ်မလဲ.......... ဘာတွေ ဆက်ဖြစ်မလဲ........ဆိုတာ ကြည့်ရှုလိုက်ပါဦး.......
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပုလောမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့အကြောင်း
- မသေကျေးရွာအုပ်စုက ပျူစောထီးခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တဲ့အကြောင်း
- လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးပစ်သ တ်ခံရတဲ့အကြောင်း
- ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဌာနက လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး ပစ်သ တ်ခံရတဲ့အကြောင်း
- ထားဝယ်မြစ်ကူးတံတားအသစ်ကနေ ခရီးသွားတွေကို စတင်ဖြတ်သန်းခွင့်ပြုလိုက်တဲ့အကြောင်း
- ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့မှာ သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့အခြေအနေစတဲ့ သတင်းတွေအပြင်
ရွှေဈေးအတက်အကျ အကြောင်းတွေကိုလည်း တင်ဆက်သွားပါမယ်။
ကျေးလက်ဒေသတွေမှာ မသိနားမလည်သူတွေကို ငွေကြေးပြည့်စုံသူတွေက နိုင်ထက်စီးနင်း ပြုလုပ်နေကြတဲ့ အထဲမှာ သက်ငယ်မုဒိမ်းမှုကို လျော်ကြေးပေးကျေအေးစေတာလည်း တစ်ခုအပါအဝင်ပါပဲ။
သက်ငယ်မုဒိမ်းမှုကို ကျေအေးလို့ရပါသလား..... စာရှုသူကကော ဘယ်လိုမြင်ပါသလဲ...
သက်ငယ်မုဒိမ်းမှုကို တရားသူကြီး ဒေါ်ဇီးကွက်က ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကို ကြည့်ရှုလိုက်ပါ။
မန်ယူကို ရောင်းချလိုက်ပြီဆိုပြီး တချို့သော Page တွေက သတင်းရေးသားလာလို့ ပရိသတ်တွေက ထင်ယောင်ထင်မှား ဖြစ်နေကြရပါတယ်။
တကယ်တော့ မန်ယူကို ဝယ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ တိုးမြှင့်ဆောင်ရွက်ထားဆဲအဆင့်မှာသာ ရှိသေးပြီး ပိုင်ဆိုင်မှုက ဂလေဇာညီအစ်ကိုရဲ့လက်ထဲမှာသာ ရှိနေတုန်းပါပဲ။
ဒီနေရာမှာ မန်ယူကို ဂလေဇာညီအစ်ကိုတွေ ဘာကြောင့် ရောင်းချင်လာသလဲဆိုတာက စိတ်ဝင်စားစရာဖြစ်နေပါတယ်။
အမေရိကန်စီးပွားရေးဂယက်၊ ဘဏ်ပြိုလဲမှု၊ Meta က ဝန်ထမ်းလျှော့ချမှုတွေဟာ အမေရိကန်ရဲ့လက်ကြီးစီးပွားရေးသမားတွေ ဘာတွေ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတဲ့ ပြယုဂ်လက္ခဏာတွေပါပဲ။
ဂလေဇာတွေဟာ အတက်ဈေး ကြုံနေစဉ်အခိုက်၊ အမြတ်များများရဖို့ သေချာနေစဉ်အခိုက်မှာ မန်ယူကို ရောင်းထုတ်လိုက်မှာတော့ သေချာပါတယ်။
အမေရိကန်ရဲ့လက်ကြီးစီးပွားရေးသမားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ဂလေဇာတွေဟာ ဗိုက်နာဈေးမျိုးနဲ့ မန်ယူကို သူတစ်ပါးလက်ထဲ ထိုးမထည့်ချင်လို့ သေချာချိန်မှာ သေချာတာကို ရွေးချယ်လုပ်ဆောင်သွားမှာပါ။
မန်ယူပိုင်ရှင်သစ်က ဘယ်သူဖြစ်လာလေမလဲ။
From the publisher's feed