
Sign up to save your podcasts
Or


Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်တွေ ကူညီတောင်းခံကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့အကြောင်း
- ပုလောမြို့နယ် ကဗျာရွာအနီးမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တာ
- တနင်္သာရီမြို့နယ်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားတဲ့အကြောင်း
- စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီ ၂၃ ပါတီရှိလာတယ်ဆိုတဲ့အကြောင်း
- ရွှေဈေးကွက်အခြေအနေ စတဲ့သတင်းအကြောင်းရာတွေကို နားဆင်ကြရမှာပါ။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက်
ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူမြို့နယ် မိကျောင်းလှောင်းရွာသားနှစ်ဦး သေနတ်နဲ့ အပစ်ခံရတဲ့အကြောင်း
- မြိတ်စက်မှုဇုန်မှာ အခုရက်ပိုင်းအတွင်း လုယက်တာတွေ ဆက်တိုက်ဖြစ်လာတဲ့ အကြောင်း
- မြိတ်မှာ ဘုန်းတော်ကြီးကျောင်း မုခ်ဦးပြိုကျလို့ ယာဥ်မောင်းတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း
- မြိတ်မြို့နယ်မှာ လမ်းပေါ်က နွားကိုရှောင်တိမ်းရာက ဘေးတွဲမှောက်ပြီး မောင်းသူသေဆုံးသွားတဲ့အကြောင်း
- ဇင်းကျိုက်မြို့မှာ စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း
- ထားဝယ်ဈေးကွက်ထဲ ရွှေဈေးခုန်တက်သွားတဲ့အခြေအနေ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကျောက်ဆင် ကျေးရွာ အုပ်စုကို စစ်ကောင်စီတပ် စစ်ကြောင်းထပ်ဝင်ပြီး နေအိမ်ဆယ်လုံးထက်မနည်းဖျက်ဆီးခံခဲ့ရ
- ဖေဖော်ဝါရီလမှာ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်တစ်သောင်းကျော်တိုးလာတဲ့အကြောင်း
- ကျွန်းစုမှာ တိုက်ပွဲဖြစ်ထားလို့ ပြည်သူတွေ ဂရုပြုသွားလာကြဖို့ တိုက်တွန်းထားတဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲမှာစစ်ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲခံရတဲ့ အခြေအနေ
- ရေဖြူမြို့နယ် ဇာဒီရွာနားမှာ စစ်ကောင်စီတပ်က တောနင်းရှာဖွေနေတဲ့အကြောင်း
- စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရသွားတဲ့အကြောင်း
- ကလိန်အောင်မြို့နဲ့ အနီးဝန်းကျင်ရှိ ရွာသုံးရွာက ဒေသခံအနည်းဆုံးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အကြောင်း
- မြိတ်မြို့က နေအိမ်တွေမှာ ပုလောမြို့နယ်က စစ်ဘေးရှောင်လာသူတွေကို စစ်ကောင်စီက စာရင်းလိုက်ကောက်နေတဲ့အကြောင်း
- ထားဝယ်ဈေးကွက်ထဲ ရွှေဈေးအတက်အကျဖြစ်နေတဲ့အခြေအနေ စတဲ့ သတင်းတွေပဲဖြစ်ပါတယ်။
ကိုယ့် ထမင်းစား စားပွဲဝိုင်းထဲ ရောက်လာတဲ့ အစားအသောက် တစ်ခုဟာ အဆင့်ဆင့် ဖြတ်ရပါတယ်။
ကမ္ဘာကြီးမှာ စားသောက်ကုန် သုံးပုံတစ်ပုံလောက်ဟာ မစားမသောက်ရဘဲ အလဟဿ ဖြစ်သွားပါတယ်။
စိတ်မပြေ လက်မပျောက် - အရက်သောက်
အသည်းကွဲလို့ ဖြစ်ဖြစ်၊ အလုပ်ပြုတ်လို့ ဖြစ်ဖြစ်၊ အခြားစိတ်ဖိစီးလို့ ဖြစ်ဖြစ် သောက်ကြ စားကြတယ်။ စိတ်ပြေလက်ပျောက် အရက်သောက်ကြတယ် လို့ ဆိုကြတယ်။ ဟုတ်ပါတယ်။ ယမကာက လူကို အိပ်ပျော်စေတယ်၊ ဘီယာလေး နည်းနည်းပါးပါးက လူကို စိတ်အပန်းဖြေစေတယ်၊ သောကတွေကနေ ခဏလေး ဝေးစေတယ်။ ဒါပေမဲ့ ပျော်လို့ သောက်တယ်၊ ပျင်းလို့ သောက်တယ်၊ သောက်ချင်လို့ သောက်တယ်ဆိုတာ ဖြစ်လာပြီဆိုရင်တော့ မပေါ့ပါနဲ့တော့။
မြိတ်မြို့မှ သင်္ချိုင်းစာနှင့် ဆင်မြူရယ်ဝှိုက်
၁၉၇၇ ခုနှစ် ဆရာကြီးမြသန်းတင့်တို့ မြိတ်ကိုရောက်စဉ် ကမ်းနားလမ်းမှ ပန်းခြံလေး၏ ထောင့်တစ်နေရာတွင် မေရီပိုဗေး၏ သင်္ချိုင်းစာက သောက်ရေအိုးစင်၏ အောက်ခံခုံလေးအဖြစ်ကို ရောက်ရှိနေပြီဖြစ်သည်။
တနင်္သာရီတိုင်း၏ ရှေးဟောင်းသမိုင်းနေရာများနှင့် တန်ဖိုးထားမြတ်နိုးဖွယ် ရိုးရာဓလေ့များအကြောင်းကို Dawei Watch မီဒီယာက အပတ်စဉ် ပုံမှန်တင်ဆက်ပေးနေပါသည်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
အခုတစ်ပတ်မှာလည်း ပွဲကြီးပွဲကောင်းတွေ အများအပြားရှိလို့နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ရှိနေသလို ရှေ့လာမယ့်သီတင်းပတ်ထဲမှာလည်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေ ကစားရဖို့ ရှိနေတာကြောင့် အသင်းကြီးတွေ ပွဲဆက်များနေပါတယ်။
အခုတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်တွေထဲကနေ အကောင်းဆုံးဖြစ်နိုင်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ နေ့စဉ်သတင်းအစီအစဉ်အတွက် ဒီနေ့တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ်က ပျူစောထီးအဖွဲ့ဝင်တွေရဲ့နေအိမ်မီးရှို့ခံရတဲ့အကြောင်း
- လောင်းလုံး ကျောက်ဆင်ရွာက လင်မယားနှစ်ဦး ပစ်သတ်ခံလိုက်ရတာ
- လောင်းလုံးမြို့နယ် ပညစ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အခြေအနေ
- တနင်္သာရီမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့အကြောင်း
- ကျွန်းစုမြို့နယ် ဘန္ဒနဲရွာ တိုက်ပွဲတွေကြောင့် ရွာသားတွေ ထွက်ပြေးနေရတဲ့အကြောင်း
- ပုလောမြို့နယ် သင်္ကန်းးတောရွာက ရော်ဘာတောတွေ မီးရှို့ခံလိုက်ရတဲ့အကြောင်း
- မွန်ပြည်နယ်ရေးမြို့က စစ်ကောင်စီစခန်းကို ဝင်သိမ်းပြီး မီးရှို့လိုက်တယ်လို့ ရေးဘီးလူးအဖွဲ့က ထုတ်ပြန်လိုက်တဲ့အကြောင်း
စတဲ့သတင်းအကြောင်းအရာတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
From the publisher's feed