
Sign up to save your podcasts
Or


Dawei Watch ရဲ့အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ အထူးပွဲကြိုကဏ္ဍအစီအစဉ်ကနေပြီး ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဘောလုံးရာသီပြီးဆုံးဖို့ အချိန်ကာလတွေ နီးကပ်လာတာနဲ့အမျှ ပွဲစဉ်တိုင်းဟာ ပြိုင်ဆိုင်မှုတွေ ပိုလို့ပိုလို့ မြင့်တက်လာနေတာကို မြင်တွေ့နေရပါတယ်။
အခုသီတင်းပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်နေလို့ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်တွေကို ရှုစားရဦးမှာပါပဲ။
ဒီပွဲစဉ်တွေထဲက အကြိတ်အနယ်နဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ဓာတ်မြေဩဇာစျေးတက်လာ၍ဆိုကာ ထားဝယ်ခရိုင်တွင် လယ်မြေများ၊ ကွမ်းသီးခြံ၊ သီဟိုဋ်ခြံများတွင် ဆားကြမ်းကို အသုံးပြုမှုများရှိလာနေသည်။ စိုက်ပျိုးရေးပညာရှင်ကမူ အချဉ်ဓာတ်အငန်ဓာတ် တိုင်းပြီးမှသာ ထည့်သင့်ပြီး သူများထည့်တိုင်းလိုက်ထည့်ပါက ကောင်းကျိုးထက် ဆိုးကျိုးသာဖြစ်နိုင်ဟု အကြံပြုထားသည်။
- KNU နဲ့ ကော်သူလေးအဖွဲ့ ညှိုနှိုင်းအဖြေရှာကြဖို့ တနင်္သာရီတိုင်းက နိုင်ငံရေး ဦးဆောင်အဖွဲ့တွေ တောင်းဆိုလိုက်တဲ့အကြောင်း
- လောင်းလုံး အောက်ကျောက်ဝပ်ရွာမှာ တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်နေရတဲ့အခြေအနေ
- ထားဝယ်မြို့ ပေါက်တိုင်းရွာက ရပ်မိ၊ ရပ်ဖသုံးဦး အဖမ်းခံရတာ
- လောင်းလုံးမြို့နယ်မှာ အမျိုးသားတစ်ဦး သစ်ကိုင်းရိုက်မိလို့ သေဆုံးသွားတဲ့ဖြစ်စဉ်
- မြိတ်မြို့က နေအိမ်မီးလောင်မှူ
- ထားဝယ်မှာ သီဟိုစေ့ခွံခြစ်ခဈေးတိုးပေမယ့် တွက်ချေမကိုက်ဖြစ်နေကြတဲ့ အလုပ်သမားတွေအကြောင်း
- ထိုင်းမှာ ခြိမ်းခြောက်အလုပ်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာ
- မလေးရှားသွားမယ့်မြန်မာတွေ ထိုင်းနိုင်ငံထဲအဖမ်းခံရတဲ့အကြောင်း စတဲ့ သတင်းအကြောင်းအရာများစွာကို နားဆင်ရမှာဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ မီဒီယာတွေက ပုံစံမျိုးစုံနဲ့ လူတိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပါပြီ။ လူတိုင်းက ပုံစံမျိုးစုံနဲ့ မီဒီယာကို ထိတွေ့နေကြရပါတယ်။
အခုတစ်ပတ်မှာတော့ Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အးကစားသတင်းတွေထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဘယ်အသင်းနဲ့ ဘယ်အသင်း ထိပ်တိုက်တွေ့သွားသလဲ၊ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ကက်စ်မဲရိုးနဲ့ပတ်သက်ပြီး ဘာတွေပြောသွားခဲ့သလဲ၊ ကမ္ဘာကျော်ဂန္ထဝင် ဘယ်ဘောလုံးသမားကြီး ကွယ်လွန်သွားခဲ့သလဲ၊ စီရော်နယ်ကို အားပေးစကားပြောလိုက်တဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူလဲ၊ ချယ်လ်ဆီးနည်းပြသစ်အဖြစ် ဘယ်သူ့ကို ပြန်မြင်တွေ့ခွင့်ရနိုင်ခြေရှိနေလဲ စတဲ့ သတင်းတွေကို အခုကဏ္ဍမှာ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
- ကော့သောင်း ရှမ်းကိုးရွာအနီးမှာ စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရတဲ့အကြောင်း
- FOEIM အွန်လိုင်းကျောင်း ပိတ်သိမ်းလိုက်တဲ့အခြေအနေ
- မော်လမြိုင်မြို့မှာ နေအိမ်မီးလောင်လို့ ကလေးငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးသေဆုံးသွားတာ
- ထိုင်းမြန်မာ နယ်စပ်မျဉ်းပေါ်က မြန်မာဈေးဆိုင်တွေ အဖမ်းခံရတဲ့အခြေအနေ
- အောက်ဆီဂျင်ပြတ်လို့သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေးရမယ့်အကြောင်း
- ထိုင်းသွားတဲ့ မြန်မာတွေ ကားမှောက်လို့ နှစ်ဦးသေဆုံးသွားတဲ့အကြောင်း
- ရွှေဈေး၊ ဘတ်ဈေးတွေအကြောင်း စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
- ထားဝယ်လူထုသပိတ်လှုပ်ရှားမှုမှာ အစောဆုံးကျဆုံးသူလေးဦး အောက်မေ့ဂုဏ်ပြုအခန်းအနားကျင်းပတဲ့အကြောင်း
- ပုလော လက္ကူးကျေးသားတွေပြန်လွတ်လာတဲ့အကြောင်း
- ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်တဲ့အကြောင်း
- ကော့သောင်းက စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့ အကြောင်း
- မလေးရှားသွားမယ့် မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံမှာ ဖမ်းခံရတဲ့အကြောင်း
- ဈေးငြိမ်နေတဲ့ အခေါက်ရွှေဈေး စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ကြရမှာပါ။
ကမ္ဘာတစ်ဝန်း ပလစ်စတစ် အမှိုက် မက်ထရစ်တန် ပေါင်း သန်းနဲ့ ချီ နှစ်စဉ် ထုတ်လွှတ်နေပါတယ်။ ကမ္ဘာကြီးရဲ့ ကြမ်းပြင် ၇၀ ရာခိုင်နှုန်းဟာ သမုဒ္ဒရာကြီး ဖြစ်ပါတယ်။
အဲဒီထဲက တစ်ဝက်လောက်က ပြန်သုံးနိုင်၊ ဖျက်ဆီးနိုင်၊ အမှိုက်ကျင်းမှာ စွန့်ပစ်နိုင်တာတွေပါ။ ဒါပေမဲ့ အတော်များများက ပင်လယ် သမုဒ္ဒရာထဲ စီးဝင်အဆုံးသတ်သွားကြပါတယ်။
- ပုလောမြို့နယ်ထဲ စက်သုံးဆီ ဝယ်ယူသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်လိုက်တဲ့အကြောင်း
- တနင်္သာရီမြို့မှာ ညအချိန် ဝင်ဖမ်းလို့ အရပ်သား ၁၀ကျော်အဖမ်းခံရတဲ့အကြောင်း
- ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ရွာသား ၃၀ကျော် အဖမ်းခံထားရတဲ့အခြေအနေ
- လောင်းလုံးမှာ ကလေးတွေကို ပုံမှန်ကာကွယ်ဆေး မထိုးပေးတော့ဘဲ ရပ်နားလိုက်တဲ့အကြောင်း
- ထားဝယ်တက္ကသိုလ်မှာ ၂နှစ်စာအတွက် ပေါင်းပြီး ဘွဲ့ယူသူ ရာဂဏန်းပဲရှိတဲ့အကြောင်း
- ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာတွေဆီက ထိုင်းရဲငွေညှစ်တဲ့အကြောင်း
- ရွှေနဲ့ဘတ် ယနေ့ပေါက်ဈေးအကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
- သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်နားမှာ တိုကိပွဲဖြစ်တဲ့အကြောင်း
- ရာအိမ်မှူးလင်မယားကို ကော့သောင်းပြည်သူ့ကာကွယ်ရေးတပ်က ရှင်းလင်းခဲ့တဲ့အကြောင်း
- မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ ကျော် ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရတဲ့အကြောင်း
- လောင်းလုံးမှာ အစ်ကိုက ပုဆိန်နဲ့ခုတ်လို့ ညီဖြစ်သူသေဆုံးသွားတဲ့အကြောင်း
- ဈေးကျလာတဲ့ အခေါက်ရွှေဈေးကွက်အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
From the publisher's feed