
Sign up to save your podcasts
Or


မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများတွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဓလေ့များစွာရှိသည်။
ရိုးရာဓလေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပြီး မြတ်နိုးတန်ဖိုးထားဖွယ်များဖြစ်သည်။ သို့သော် မြို့ပြယဉ်ကျေးမှု လွှမ်းမိုးလာသည်နှင့်အမျှ ရိုးရာဓလေ့ အတော်များများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။
မြိတ်ဒေသတွင်လည်း စိတ်ဝင်စားဖွယ် ရိုးရာဓလေ့များစွာရှိပြီး ယင်းဓလေ့များထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ကွမ်းမာအုပ်စောင့် မင်္ဂလာအကြောင်းကို ယခုအပတ် Dawei Watch ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
အာဏာရှင် လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကလည်း နေရာအနှံ့ ဖြစ်ပေါ်နေပြီး တစ်တိုင်းပြည်လုံး အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါပြီ။
အကျပ်အတည်းတွေ မျှော်လင့်ချက်မဲ့မှုတွေ ပဋိပက္ခတွေကြားမှာ စိတ်ထွက်ပေါက်မဲ့နေတဲ့ ပြည်သူတွေ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
အချို့ကတော့ သတ်သေခြင်းသာ ထွက်ပေါက်လို့ ယူဆတဲ့အထိ စိတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဒါတွေကို ဘယ်လိုဖြတ်ကျော်ကြမှာပါလဲ။
- တနင်္သာရီတိုင်းက စစ်ကောင်စီခန့်ဝန်ကြီးတစ်ဦးရဲ့ ကုမ္ပဏီက KNU ထိန်းချုပ်နယ်မြေထဲ ဟိုတယ်ဆောက်ဖို့ စီစဉ်နေတဲ့အကြောင်း
- KNU ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်တွေ တောင်းဆိုလိုက်တဲ့ အခြေအနေ
- ပုလောမြို့နယ် သင်္ကန်တောရွာက ဒေသခံဆယ်ချီအဖမ်းခံလိုက်ရတာ
- သရက်ချောင်းမြို့နယ် စော်ဖျားရွာမှာ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်ခံရတဲ့အကြောင်း
- ရေဖြူမြို့နယ် ဇာဒီကျေးရွာက ဆောက်လုပ်ရေး ကန်ထရိုက်သမားတစ်ဦး အဖမ်းခံရတဲ့အခြေအနေ
- ထားဝယ်မြို့နယ်က ဈေးသည် လင်မယား ပစ်ခတ်ခံရတာ
- မြိတ်ရော်ဘာခြံထဲ အသတ်ခံရတဲ့ အမျိုးသမီးအမှုနောက်ဆက်တွဲ အခြေအနေ
- ကျိုက်ထိုမြို့က မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး သတ်ဖြတ်ခံရတဲ့အကြောင်း
- ဘန်ကောက်မြို့မှာ ရဲဟန်ဆောင်ပြီး မြန်မာတွေဆီက ပိုက်ဆံတွေခိုးယူသွားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့အကြောင်း
စတဲ့ သတင်းအကြောင်းအရာများစွာကို နားဆင်ရမှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့(တနင်္ဂနွေနေ့)ရဲ့မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ခရာဘောင်းဖလားဗိုလ်လုပွဲကြီးကို ဝင်ဘလေဘောလုံးကွင်းကြီးထဲ ကျင်းပတော့မှာပဲဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ ထိပ်တိုက်ဆုံတွေ့နေတာက မန်ယူနဲ့ နယူးကာဆယ် ပါပဲ။ ဒီနှစ်သင်းလုံးဟာ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်တွေနဲ့ ချီတက်နေကြတာဖြစ်လို့ ဘယ်အသင်းက ချန်ပီယံဖြစ်သွားလေမလဲဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။
မန်ယူက လက်ရှိမှာ စွမ်းဆောင်ရည် မြင့်တက်နေပြီး နယူးကာဆယ်ကတော့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကျဆင်းလို့နေပါတယ်။
ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသားရဲ့ကျောထောက်နောက်ခံပြုမှုကို ရရှိထားတဲ့ နယူးကာဆယ်ကလည်း ဆုဖလားတစ်လုံး ရယူပြချင်စိတ် ပြင်းထန်နေသလို မန်ယူနည်းပြ အီရစ်ခ်တန်းဟတ်ဂ်ကလည်း သူရောက်လာတာနဲ့ အသင်းက ဆုဖလားလမ်းကြောင်းထက်ဆီ ပြန်ရောက်သွားတယ်ဆိုတာမျိုးကို လုပ်ပြချင်နေပါတယ်။
၁၉၉၉ ခုနှစ်မှာ မန်ယူအသင်း ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့စဉ်က ဒီနှစ်သင်းဟာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ရဖူးပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ အခုပြိုင်ပွဲကိုရောက်မှပဲ ဆုဖလားတစ်လုံးရဲ့ဗိုလ်လုပွဲအဆင့်မှာ မန်ယူနဲ့ နယူးကာဆယ်တို့ ပထမဆုံးအကြိမ်အဖြစ် ပြန်ဆုံကြတာပါ။
ဒီနှစ်ရဲ့ခရာဘောင်းဖလားချန်ပီယံဟာ ဘယ်အသင်းဖြစ်လာလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
ဘောလုံးပွဲတွေကို ငေးကြည့်ပြီး ယူတတ်မယ်ဆိုရင် ဆင်ခြင်စရာ၊ တွေးဆစရာတွေ အများအပြားကို ရရှိနိုင်ပါတယ်။
ဒီဘက် မော်ဒန်ခေတ် ဘောလုံးလောကထဲမှာဆိုရင် ဘောလုံးပွဲတွေဆီက သင်ယူချင်စရာ တရားသံဝေဂတွေက များမှများပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ လူတွေရဲ့မေ့လွယ်ပျောက်လွယ်စိတ်အကြောင်းကို ပြောပြချင်လာမိပါတယ်။
တစ်ချိန်တုန်းက အာဆင်နယ်အသင်း ကျရှုံးတာနဲ့ ခရွန်ကီကို ဆန္ဒပြဖို့၊ ရင့်ရင့်သီးသီး အော်ဟစ်ဆဲဆိုဖို့ အသင့်ဖြစ်နေကြသူတွေဟာ အခုတော့လည်း ဆင်ပျံကြီး၊ ဆင်ပျံကြီးလို့ အော်ရင်း အခြားသောကမ္ဘာတစ်ခုမှာ သာယာနေကြပါပြီ။
တစ်ခါတုန်းက "စီရော်နယ်ဒို ပြန်ရောက်လာပြီကွ"လို့ လက်ခမောင်းခတ်ခဲ့ကြသူတွေဟာလည်း ဒီနေ့ဒီအချိန်မှာတော့ "ရတ်ရှ်ဖို့ဒ်၊ ရတ်ရှ်ဖို့ဒ်"လို့ ကြွေးကြော်ရင်း စီရော်နယ်ဒိုရဲ့လောင်းရိပ်ကြီးရှိနေခဲ့လို့ ရတ်ရှ်ဖို့ဒ်က ပါရမီရှိပါလျက်နဲ့ အစွမ်းမပြနိုင်ခဲ့တာလို့ ဆွေးနွေးခန်းဖွင့်နေကြပါပြီ။ လူ့သဘော လူ့မနောဆိုတာ အဲ့ဒီလို ဆန်းကြယ်ထွေပြားလှပါတယ်။
ဒါကြောင့်လည်း ဒီခေါင်းစဉ်ကို ခရွန်ကီများ၊ ရတ်ရှ်ဖို့ဒ်များ၊ လူတွေရဲ့မေ့လွယ်ပျောက်လွယ် သာယာလွယ်စိတ်များ လို့ ပေးအပ်မှည့်ခေါ်လိုက်တာပါ။
ယနေ့(ဖေဖော်ဝါရီ၂၃ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- ကော့သောင်း ခမောက်ကြီးမြို့ ဝိုင်ဒင်းရွာဒေသခံတွေ နယ်စပ်ဖြစ်ကျော်ပြီး ထိုင်းဘက်ခြမ်း စစ်ဘေးရှောင်နေရတာ
- ကရင်အချင်းချင်း တိုက်ခိုက်တာတွေ အမြန်ဆုံး အဆုံးသတ်ပေးဖို့ နိုင်ငံတကာကရင်အဖွဲ့က တောင်းဆိုတဲ့အကြောင်း
- လောင်းလုံးမြို့နယ် ဇလွတ်ရွာဖြစ်စဉ် အခြေအနေ
- မြိတ်အိမ်ခြံမြေဈေး နှစ်ဆကျော်ခုန်တက်သွားတာ
- သီဟိုဠ်ဈေးကွက်
- ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
သူမရဲ့နာမည်က ဖာတီမီ ဟာမာမီ ဖြစ်ပါတယ်။ အီရန်နိုင်ငံသူ ပန်းချီအနုပညာရှင်တစ်ယောက်ပါ။ သူမ ခုံမင်ဖက်တွယ်တာက ပန်းချီရေးဆွဲမှုပါပဲ။
ပန်းချီရေးဆွဲနေရတာဟာ သူမအတွက် ဘဝနာကျင်မှုတွေကို သက်သာရာရစေတယ်လို့ ဖာတီမီက ခံယူထားပါတယ်။ ဖာတီမီ ဆီမှာ ဘာကြောင့် ဘဝနာကျင်မှုတွေ ရှိနေရသလဲဆိုတော့ ခန္ဓာကိုယ်ချို့ယွင်းချက်တွေကြောင့်ပါပဲ။
သူမ ကိုယ်ခန္ဓာရဲ့ ၈၅ ရာခိုင်နှုန်းဟာ လုံးဝကို မသန်စွမ်းတဲ့အနေအထားဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ဖာတီမီ ဟာ ဘဝကို လုံးဝအရှုံးမပေးခဲ့ပါဘူး။
သူမ ချစ်မြတ်နိုးတဲ့ အနုပညာကို ဖက်တွယ်ရင်း အကောင်းဆုံး ရှင်သန်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဖာတီမီ ဟာ သူမရဲ့ခြေချောင်းလေးတွေကို အသုံးပြုပြီး ပန်းချီကား ရေးဆွဲတာပါ။
ရေးဆွဲတဲ့ပန်းချီကားတွေက အသက်ဝင်လွန်းလှတာကြောင့်လည်း ဖာတီမီက နာမည်ကျော်ကြားနေပါတယ်။ အထူးသဖြင့် သူမကို လူသိများသွားစေခဲ့တာက စီရော်နယ်ဒိုနဲ့ မက်ဆီ ပန်းချီကားတွေပါပဲ။
ဒီလို ဘဝကို အရှုံးမပေးဘဲ ရဲရင့်နေသူ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို ဒီတစ်ပတ်မှာ Dawei Watch ရဲ့ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ယနေ့(ဖေဖော်ဝါရီ ၂၂ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- ပုလောမှာ CDM ကျောင်းဆရာမ ၁၇ဦးနဲ့ အရပ်သားတွေ အဖမ်းခံရတဲ့အကြောင်း
- KNU နဲ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး ကော်သူးလေ ရဲဘော်သုံးဦးကျဆုံးတဲ့အကြောင်း
- မြိတ်က ရော်ဘာခြံထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရတဲ့အကြောင်း
- ထိုင်းနိုင်ငံမှာ နေစရာ စားစရာမရှိလို့ သတ်သေခဲ့တယ်လို့ယူဆရတဲ့ မြန်မာတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့တဲ့အကြောင်း
- အွန်လိုင်းကျောင်းက ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားခဲ့တဲ့ အခြေအနေ
- ဈေးငြိမ်နေတဲ့ အခေါက်ရွှေဈေးကွက်အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
From the publisher's feed