Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၅ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁၅ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့ 


    - စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဝကုန်းရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အကြောင်း

    - ပလမြို့က တိုရွာသားတစ်ဦး ပစ်သတ်ခံရတာ

    - ပုလောမြို့ပေါ် နေခွင့်မရတဲ့ ရှပ်ပုံရွာက စစ်ဘေးရှောင်တွေအခြေအနေ

    - မွန်ပြည်နယ် ပေါင်မြို့မှာ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရတဲ့ အကြောင်း

    - စပါး စံချိန်တင်မြင့်တက်နေတာဘာကြောင့်လဲ

    - ဒေသထွက် ဓနိယိုဈေးကွက် စတဲ့သတင်းအကြောင်းရာတွေကို နားဆင်ရမှာပါ

    7 min
  • ထိုင်းနိုင်ငံမှာ စျေးရောင်းလို့ မြန်မာတွေ အရေးယူခံရတာ ဘာကြောင့်လဲ

    ထိုင်းလူမျိုးတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းတွေကို ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်နေမှုအတွက် ထိထိရောက်ရောက် အ‌ရေးယူမယ်လို့ ထိုင်းအစိုးကထုတ်ပြန်ထားပါတယ်။


    ဒီအလုပ်တွေထဲမှာ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးလုပ်ကိုင်နေတဲ့ ကုန်ပစ္စည်းရောင်းဝယ်တဲ့လုပ်ငန်း ၊ ဆံသလုပ်ငန်း ၊ ပစ္စည်းပို့လုပ်ငန်းနဲ့ အနှိပ်ခန်းတွေလည်းပါဝင်ပါတယ်။

    6 min
  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၄ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁၄ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - လဝက်လောက်အကြာ အဆက်အသွယ်ပြတ်နေတဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က တပ်သားတွေနဲ့ အဆက်အသွယ်ပြန်ရတဲ့အကြောင်း

    - ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နံပြားကျွေးတဲ့ ဇနီးမောင်နှံ ခေါ်ယူစစ်ဆေးခံရတဲ့အကြောင်း

    - တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း

    - ဘန်ကောက်မှာ ဆောက်လုပ်ဆဲတိုက်ပြိုကျလို့ မြန်မာလုပ်သားတွေ ဒဏ်ရာရတဲ့အကြောင်း

    -‌‌ ရွှေဈေး နှစ်ရက်ဆက်တိုက်ငြိမ်နေတဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    5 min
  • တောင်ပိုင်း ကရင်လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ အက်ရာ ကောက်ကြောင်း

    ကရင်လက်နက်ကိုင် အက်ကြောင်းတွေ တငွေ့ငွေ့ဖြစ်နေတာကြာပါပြီ။ 

    ပြီးခဲ့တဲ့ လကုန်ပိုင်းကမှ လူသိရှင်ကြားဖြစ်လာပြီး လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ပဋိပက္ခက အမြင့်ဆုံးအဆင့်အထိ ရောက်လာခဲ့တာပါ။


    ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

    6 min
  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၃ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁၃ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ပလောက်မြို့မှာ ကလေးငယ်‌တွေ အပါအဝင် အုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင် ၇

    ဦးပစ်သတ်ခံလိုက်ရတဲ့အကြောင်း

    - စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အခြားတပ်ဖွဲ့တွေ ထွက်ခွာသွားဖို့ ကော်သူးလေ တပ်မတော်က

    ထုတ်ပြန်လိုက်တဲ့အကြောင်း

    - ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပေါ် တိုက်ပွဲဖြစ်ပြီး ယာယီလမ်းပိတ်သွားတဲ့အကြောင်း

    - ပလမြို့ တိုရွာက ဒေသခံနေအိမ်တွေ ဆက်တိုက်မီးရှို့ခံနေရတဲ့အခြေအနေ

    - စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ချိန် ပစ်ခတ်ခံရလို့ ဒရုန်းတစ်စီးပျက်စီးသွားတဲ့အကြောင်း

    - ထိုင်းမှာ မြန်မာပွဲစားတစ်ဦး အသတ်ခံရတဲ့အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • ရက် ၂၀ ကြာလာပေမဲ့ ဆိုင်ကယ်စီးခွင့်မရသေးတဲ့ ကံပေါက်

    ကံပေါက်ကျေးရွာအုပ်စုထဲက ရပ်ကွက်ဆယ်ခုကို ဆိုင်ကယ်စီးခွင့်ကန်သတ်ခံထား အခုဆိုရင် ရက် ၂၀ လောက်ရှိလာပါပြီ။ ဒါကြောင့် ဒေသခံတွေဟာ ရွာထဲသွားလာဖို့ ကျပ်သိန်းချီ‌အကုန်ခံပြီး စက်ဘီးတွေဝယ်ယူနေရပါတယ်။


    2 min
  • အတိတ်က ရွာဦးကျောင်း

    လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကျော် အတိတ်မှာကား ဤသို့မဟုတ်။ ရွာဦးကျောင်းသည် ရွာကလေး၏ အသည်းနှလုံးဖြစ်ခဲ့သည်။ 


    နွေလကာလများသို့ရောက်လျှင် စာသင်ကျောင်းများ ပိတ်ကြရာ ကျွန်တော်သည် ဘုန်းကြီးကျောင်း၌ ဗုဒ္ဓဘာသာဆိုင်ရာ သိမှတ်ဖွယ်များသင်ယူခြင်း၊ ဆရာတော်နှင့်တကွ သံဃာတော်များ၏ ဝတ်ဖြည့်ခြင်းဖြင့် အချိန်ကုန်လေ့ရှိသည်။ 


    ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် တန်ဖိုးထားမြတ်နိုးဖွယ်ရာ ‘ရွာဦးကျောင်း’ အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၆ ရက်ကနေ ၁၂ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    14 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ ရွေးချယ်ခြင်း

    Dawei Watch ပရိသတ်တွေအတွက် တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်ပွဲစဉ်ကို ရွေးချယ်သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပထိပ်သီးလိဂ်တွေတိုင်းမှာ ပွဲစဉ်ကောင်းတွေ အများအပြား ရှိလို့နေပါတယ်။ 


    ရှေ့လာမယ့် ကြားရက်တွေကိုရောက်ရင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကလည်း ပြန်လည်ဝင်ရောက်လာတော့မှာပါ။ 


    ဒါကြောင့် ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့်ရထားတဲ့အသင်းတွေအနေနဲ့ အခုတစ်ပတ် ယှဉ်ပြိုင်ရမယ့် လိဂ်ပွဲစဉ်တွေမှာ အသင်းဟန်ချက်ကို ဂရုတစိုက် ထိန်းညှိတာ၊ အဓိက,ကစားသမားတွေ ဒဏ်ရာအနာတရ မဖြစ်ရလေအောင် စောင့်ကြည့်အကဲခတ်တာ၊ တချို့ကစားသမားတွေကို ပွဲချိန်ပြည့် ထုတ်မသုံးဘဲ ချိန်သားကိုက် လူစားလဲပြီး ကြားရက် ဥရောပပွဲတွေအတွက် အနားပေးတာတွေကို ဆောင်ရွက်ရပါတော့မယ်။ 


    အခုတစ်ပတ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ယှဉ်ပြိုင်ကစားမယ့် ပွံစဉ်တွေအနက်က အကောင်းဆုံးဖြစ်နိုင်မယ့် ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်ပေးလိုက်ပါတယ်။

    7 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။