Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂၁ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၂၁ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ထားဝယ်အရှေ့တောက သုံးရက်ကြာ တိုက်ပွဲမှာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့တဲ့အကြောင်း

    - ပုလောမြို့နယ် ကဒဲရွာမှာ မီးရှို့ခံရတဲ့နေအိမ် ၁၆၀ ကျော်အထိရှိလာတဲ့အကြောင်း

    - ဆန္ဒပြမှု အားကောင်းတဲ့ လောင်းလုံးမှာလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့အကြောင်း

    - ထိုင်းတောင်ပိုင်းမှာ ကားတိုက်မှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရတဲ့အခြေအနေ

    - ထားဝယ်မှာ ကြက်သွန်ဖြူဈေးပြန်ကျသွားတဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    7 min
  • တနင်္သာရီသတင်း အစီအစဉ်မှာတော့

    ယနေ့(ဖေဖော်ဝါရီ ၂၀ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ကော့သောင်းက ကျေးရွာသုံးရွာကို ထိန်းချုပ်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ကြေညာထားတဲ့အကြောင်း

    - ကရင်လက်နက်ကိုင်နှစ်ဖွဲ့ အမြန်ဆုံးစေ့စပ်ဆွေးနွေးကြဖို့ ကရင်ပြည်သူ‌တွေထပ်ပြီးတောင်းဆိုလိုက်တဲ့အကြောင်း

    - တနင်္သာရီနဲ့ ပုလောမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့တဲ့အကြောင်း 

    - ပုလောမြို့နယ်၊ နန်းတောင်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်တဲ့အကြောင်း

    - ဓာတ်မြေဩဇာတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိပေါက်ဈေးရှိနေလို့ ထားဝယ် တောင်သူတွေ အခက်တွေ့နေတဲ့အကြောင်း

    - ထိုင်းကို လာတဲ့ နိုင်ငံခြားသားတွေကို ဘတ် ၃၀၀ အခွန်ကောက်မယ့်အခြေအနေ

    - ၃ နှစ်နီးပါးကြာ ပိတ်ထားခဲ့တဲ့ မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေး အမှတ် ၁ တံတားကို ပြန်ဖွင့်လိုက်တဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • ထားဝယ်ဒေသရှိ ဂဝံယဉ်ကျေးမှု

    ဂဝံရုပ်ထုတွေ၊ ဂဝံကျောက်ထီးတွေ၊ ဂဝံဆင်းတုတော်တွေ စသဖြင့် တွေ့ရှိရတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ဂဝံယဉ်ကျေးမှုအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။


    Dawei Watch မီဒီယာရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    13 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • ယခုအပတ်ရဲ့ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်မှု

    ဥရောပလိဂ်တွေဟာ ပြည်တွင်းလိဂ်၊ ရှုံးထွက်ဖလား၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရန့်လိဂ်တွေအကြား ပွဲဆက်တွေ များလာခဲ့ပါပြီ။ 


    လက်ရှိကာလမှာ တန်းဆင်းဇုန်ပတ်ဝန်းကျင်ကို ရောက်နေတဲ့အသင်းတွေ၊ ဥရောပပြိုင်ပွဲ ပါဝင်ကစားခွင့် တစ်နေရာစာကို မျှော်လင့်နိုင်တဲ့ အလယ်အလတ်အသင်းတွေက အားထည့်ရုန်းကန်လာကြတဲ့အတွက် အသင်းကြီးတွေ အခက်တွေ့လာတာကို မြင်တွေ့နေရပါတယ်။ 


    အခုတစ်ပတ် ဥရောပထိပ်သီးလိဂ်ပွဲစဉ်တွေကို လေ့လာကြည့်လိုက်ရင်လည်း အကြိတ်အနယ်ဖြစ်လောက်တဲ့ ပွဲကောင်းတွေ အများအပြား ပါဝင်နေတာကို မြင်တွေ့ကြရမှာပါ။ အဲ့ဒီပွဲစဉ်တွေထဲက ပရိသတ်တွေ စိတ်ဝင်စားမယ့် ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။


    7 min
  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၇ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - မြိတ်မြို့ တုံးဗျောရွာတိုက်ပွဲအခြေအနေ

    - လောင်းလုံးက ပျူစောထီးလို့ဆိုတဲ့ အမျိုးသား ပစ်သတ်ခံရတာနဲ့ မြို့ခံ ၄ ဦး အဖမ်းခံရတဲ့အကြောင်း

    - မနေ့က စီးနင်းခံရတဲ့ ပုလောမြို့နယ် ကဒဲရွာဖြစ်စဉ်နောက်ဆက်တွဲဘာဆက်ဖြစ်လဲဆိုတာ

    - ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားအဖြစ် လျှောက်ထားလိုက်တာ

    - ဖမ်းဆီးခံထားရတဲ့ ကံပေါက်ဒေသခံတွေရဲ့ အခြေအနေ

    - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • အာဆင်နယ်ဟာ ပျောက်သောလမ်းမှာ စမ်းတဝါးထဲ ရောက်သွားခဲ့ရလေပြီလား

    ကြားရက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ကို မန်စီးတီးက အနိုင်ယူလိုက်ပါတယ်။ ဒါဟာ ဒီနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကြီးမားလွန်းလှတဲ့ အလှည့်အပြောင်းကြီးပါပဲ။ 


    အာဆင်နယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲဆက်တိုက် ခြေချော်ခဲ့ပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ် ဆိုတဲ့အတိုင်းပါပဲ။ နောက်ဆုံးမှာတော့ မန်စီးတီးက အာဆင်နယ်ကို ရမှတ်တူ၊ သွင်းဂိုး ကွာဟချက်နဲ့ အသာစီးယူပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ ရောက်သွားခဲ့ပါတော့တယ်။ 


    ဒါပေမဲ့ အာဆင်နယ်အတွက် အနည်းငယ် ခုသာခံသာရှိနေတာက လက်ထဲမှာ ကစားရဖို့ ပွဲစဉ်တစ်ပွဲ ကျန်နေသေးတာပါပဲ။ အဲ့ဒါကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ရင်တော့ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာဆီကို အာဆင်နယ် ပြန်ရောက်လာမှာပဲဖြစ်ပါတယ်။ 


    သေချာတာကတော့ အာဆင်နယ်ဟာ အမှောင်လွှမ်းထဲ ကမ္ဘာကြီးထဲကို သက်ဆင်းရောက်ရှိလို့နေပါပြီ။ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရတဲ့ အခြေအနေဆိုးကနေပြီး အာဆင်နယ်ဟာ အမြန်ဆုံး ပြန်လည်ရုန်းထွက်နိုင်စွမ်းရှိပါ့မလား။

    5 min
  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁၆ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁၆ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ပုလေားက ကျေးရွာနှစ်ရွာ စစ်ကောင်စီတပ်ဝင်စီးတာခံရတဲ့အကြောင်း

    - လောင်းလုံးက ပျူစောထီးခေါင်းဆောင်ရဲ့ ဆွေမျိုးတွေအားလုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြန်လွှတ်ပေးလိုက်တာ

    - သရက်ချောင်း ကျွဲဇပ်ရွာက အမျိုးသားကို ပစ်သတ်ခဲ့တဲ့အကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ထုတ်ပြန်လာတာ

    - ကော့သောင်းမြို့မှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိတဲ့အကြောင်း

    - ကမ္ဘာ့ရွေဈေးကျနေပေမယ့် ပြည်တွင်းရွှေဈေးဘာကြောင့်တက်နေရတာလဲ စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၂)

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အင်းဂ် အီဘာဟတ်ဒ်တစ်ယောက် စဝ်ကြာဆိုင်နဲ့ လက်ထပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆီကို သင်္ဘောစီးပြီး ဇနီးမောင်နှံ အတူတကွ ရောက်လာတော့မှပဲ သူလက်ထပ်လိုက်သူဟာ သီပေါစော်ဘွားဖြစ်နေတာဆိုတာကို သိလိုက်ရတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ 


    မြန်မာနိုင်ငံဆီရောက်တော့ သူရဲ့ခင်ပွန်းက သီပေါစော်ဘွားဖြစ်နေတဲ့အတွက် အင်းဂ် အီဘာဟတ်ဒ်ဟာ ချက်ချင်းဆိုသလိုပဲ မဟာဒေဝီ ဖြစ်သွားခဲ့ပါတယ်။ သီပေါဟော်နန်း မဟော်ဒေဝီအဖြစ် အစပြုချိန်မှာ အင်းဂ် အီဘာဟတ်ဒ်အတွက် အစစအရာရာ ပျော်စရာအတိပါပဲ။ 


    သူတို့ဇနီးမောင်နှံကို အရှေ့တောင်အာရှတစ်ခွင်မှာ ပြည်သူချစ်တဲ့ အုပ်ချုပ်သူများလို့ အမည်မှည့်ခေါ်ခံရတဲ့အထိကို အရှိန်အဝါကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ် ဖြစ်စဉ်အပြီးမှာတော့ အင်းဂ် အီဘာဟတ်ဒ်ရဲ့ဘဝက မှောင်အတိကျခဲ့ရပါတော့တယ်။ 


    ခင်ပွန်းသည်က ဖမ်းဆီးထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာ အသက်ဆုံးပါးသွားခဲ့ရသလို သူမနဲ့ လူမမယ်အရွယ် သမီးငယ်လေး နှစ်ယောက်က စီအိုင်အေသူလျှိုလို့ စွပ်စွဲခံရမှုနဲ့အတူ နေအိမ်အကျယ်ချုပ် ၂ နှစ်နေလိုက်ရပါတယ်။ 


    အဲ့ဒီနောက်မှာတော့ မြန်မာပြည်ကို စွန့်ခွာကာ မွေးရပ်မြေ ဩစတြီးယားနိုင်ငံဆီကို ပြန်လည်ထွက်ပြေးပြီး သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီက ဘဝကို အသစ်တဖန် ပြန်လည်စတင်ခဲ့ရပါတယ်။ 


    သီပေါဟော်နန်း နောက်ဆုံးမဟာဒေဝီရဲ့ဘဝလမ်းမက ဘယ်လောက်အထိ ကြမ်းတမ်းခက်ခဲခဲ့သလဲဆိုတာကို အခုတစ်ပတ် အပိုင်း(၂) မှာ ဆက်လက် တင်ဆက်ပေးလိုက်ပါတယ်။

    8 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။