
Sign up to save your podcasts
Or


မန်ယူကို ဂလေဇာမိသားစုက လက်လွှဲရောင်းချတော့မယ့်သတင်းတွေ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။
ဒီတော့ ဒီတစ်ကြိမ်မှာ အသင်းကို ဂလေဇာညီအစ်ကိုတွေ တကယ်ပဲ ရောင်းထုတ်ပေးလိုက်လေတော့မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
ယနေ့(ဖေဖော်ဝါရီ ၁၀ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- ထားဝယ်သပိတ်ကော်မတီ လူထုစည်းရုံးရေး လုပ်နေချိန် သေနတ်ပစ်ခြိမ်းခြောက်ခံခဲ့ရတဲ့အကြောင်း
- ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်တဲ့အကြောင်း
- ထမင်းမစားရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်လေယာဉ်တွေပျံသန်းနေတဲ့အကြောင်း
- စမ်းလှမ်းရွာအုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ တိုက်ခိုက်ခံရပြီးနောက် လောင်းကစားဝိုင်းတွေ ရပ်နားသွားတဲ့အကြောင်း
- လောင်းလုံးမြို့နယ် စစ်ပြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရတဲ့အကြောင်း
- ပြည်ထောင်စုနေ့အထိမ်းအမှတ် ထားဝယ်မှာ စတိတ်ရှိုးလုပ်မယ့်အပေါ် ဒေသခံအချို့က ဝေဖန်နေကြတဲ့အကြောင်း
- ဘုတ်ပြင်းက ချောင်းမွန်ရွာသားနှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းခေါ်သွားတဲ့အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ ပဋိပက္ခတွေ ပိုမိုဖြစ်ပွားလာနေပါတယ်။
စစ်အာဏာသိမ်းပြီး ၂ နှစ်ပြည့်ချိန်မှာတော့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာရာမှာ တနင်္သာရီတိုင်းက မြို့နယ် ၂ ခုပါဝင်ခဲ့ပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။
ယနေ့(ဖေဖော်ဝါရီ ၉ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- အရပ်သားကား မိုင်းဆွဲခံရတဲ့အပေါ် ရေဖြူ PDF က တောင်းပန်ခဲ့တဲ့အကြောင်း
- ပလမြိုနားမှာ တိုက်ပွဲဆက်ဖြစ်ပြီး နေအိမ်တွေ မီးလောင်ခဲ့တဲ့အကြောင်း
- ပုလောမှာ လက်နက်ကြီးကျည်ကျလို့ ရွာသားငါးဦးဒဏ်ရာရခဲ့တဲ့အကြောင်း
- ထိုင်းနိုင်ငံမှာ အထောက်အထားမမှန်ဘဲ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၃၀ ဖမ်းဆီးခံရတဲ့ အခြေအနေ
- မလွဲတောင်စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးတွေ ထပ်ဖမ်းမိတဲ့အကြောင်း
- ထားဝယ်မှာ တစ်ပတ်ရစ်ဆိုင်ကယ်တွေ ဈေးခုန်တက်တဲ့အကြောင်းစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၁)
------------------
Twilight Over Burma(My Life as a Shan Princess) ဆိုတဲ့ စကားလုံးကို စာပေနယ်ပယ်နဲ့ ရင်းနှီးသူတွေ ထိတွေ့ဖူးပြီးသား ဖြစ်နေနိုင်ပါတယ်။
တကယ့်ဘဝမှန်၊ တကယ့်ဖြစ်ရပ်မှန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသူ အင်းဂ် အီဘာဟတ်ဒ် ကိုယ်တိုင် ရေးသားတင်ဆက်ခဲ့တဲ့ စာအုပ်ပါ။
ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ပျောက်ဆုံးနေသော သမိုင်းတစ်စကို မီးမောင်းထိုးပြထားတဲ့စာအုပ်ဆိုရင်လည်း မမှားပါဘူး။
အင်းဂ် အီဘာဟတ်ဒ် ဟာ မီးခိုးတွေနဲ့ ဗလောင်ဆူခဲ့ရသူ မိန်းမသားပါ။ မီးခိုးတွေနဲ့လူဆိုတာ ရင်တစ်ခုလုံး ဗလောင်ဆူပြီးမှ ဖြစ်ခဲ့ရတာမျိုးဆိုတာက ဒီဇာတ်လမ်းပါပဲ။
အမြင့်ဆုံးတစ်နေရာဆီကို တက်လှမ်းရောက်ရှိခဲ့ပြီးတဲ့နောက်မှ သောကကို ရင်ဝယ်ပိုက်ကာ နေရပ်ပြန်ခဲ့ရသူ မိန်းမသားလည်းဖြစ်ပါတယ်။
သူမ ဟာ ဟော်နန်းရဲ့မဟာဒေဝီ ဖြစ်ခဲ့ရသလို သူချစ်ရတဲ့သူကို သေမှန်းမသိ၊ ရှင်မှန်းမသိဘဲ စွန့်လွှတ်ချန်ထားခဲ့ရသူလည်းဖြစ်ပါတယ်။ အခုတော့ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီဖြစ်ခွင့်ရခဲ့သူ အင်းဂ် အီဘာဟတ်ဒ်(ခေါ်)စဝ်သုစန္ဒီ ဟာ ကံတော်ကုန်သွားခဲ့ရှာပါပြီ။
ဗိုလ်ချုပ်နေဝင်း လို လူစားကို “ရှင်နှုတ်ပိတ်နေသမျှ ကျွန်မတို့ နိုင်နေတယ်”လို့ အော်ပြောရဲခဲ့တဲ့သတ္တိကို ကြည့်လိုက်ရင် စဝ်သုစန္ဒီဆိုတာက ဘယ်လိုမိန်းမသားမျိုးလဲဆိုတာကို လွယ်လင့်တကူပဲ မှန်းဆနိုင်ပါလိမ့်မယ်။
လူက သေသွားပေမယ့် နာမည်က ရှင်သန်ကျန်နေရစ်ခဲ့တယ်ဆိုတဲ့ မိန်းမသားတွေအကြောင်းကို ပြောကြပြီဆိုရင် အင်းဂ် အီဘာဟတ်ဒ်(ခေါ်)စဝ်သုစန္ဒီ ကိုလည်း ဘယ်လိုမှ ချန်ထားရစ်ခဲ့ဖို့ မဖြစ်နိုင်ပါဘူး။
ယနေ့(ဖေဖော်ဝါရီ ၈ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- အဖမ်းခံရတဲ့ ပြည်ကြီးမဏ္ဍိုင် ရဲစခန်းမှူးဟောင်းကို ၂ ရက်အကြာမှာအလောင်းပြန်တွေ့တဲ့အကြောင်း
- သရက်ချောင်းမြို့နယ်မှာလည်း အမျိုးသားတစ်ဦးဖမ်းဆီးခံရပြီး နှစ်ရက်ကြာတဲ့အထိ သတင်းမရသေးတဲ့အကြောင်း
- ပလမြို့နားမှာ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့တဲ့အခြေအနေ
- ထိုင်းရောက် မြန်မာအမျိုးသားတစ်ဦး အိမ်ပြန်ခွင့်မရလို့ ကြိုးဆွဲချသတ်သေသွားတဲ့အကြောင်း
- ထိုင်းနိုင်ငံရှိ NGO မှာ အလုပ်ရမယ်ဆိုပြီး မြန်မာလုပ်သားတွေဆီက ငွေလိမ်တာတွေရှိနေတဲ့အကြောင်း
- ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် ညဈေးတန်းမှာ ဈေးရောင်းနေတဲ့ မြန်မာ ၁၀ကျော် ဖမ်းခံရတဲ့အကြောင်း
- ဂျင်း သားပေါက်တစ်ခြင်းကို ငွေကျပ်နှစ်သိန်းကျော်အထိဈေးတက်လာတဲ့အကြောင်း
စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ယနေ့(ဖေဖော်ဝါရီ ၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- တနင်္သာရီတိုင်းထဲက ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား ပြဿနာကို ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာကြဖို့ တိုင်းထဲနေ ကရင်လူထုက တောင်းဆိုလိုက်တဲ့အကြောင်း
- စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတဲ့ အမျိုးသားနှစ်ဦး တောထဲမှာ အလောင်း ပြန်တွေ့တဲ့အကြောင်း
- MPT ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်တောက်နေတဲ့အကြောင်း
- ကံပေါက်ဒေသရှိ ဒယ်ကို သတ္တုလုပ်ကွက်မှာ မြေစာပုံပြိုကျလို့ အမျိုးသမီးနှစ်ဦး မြေပိမိပြီး တစ်ဦးသေဆုံးခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ်မှာ ကားတစ်စီး အပစ်ခတ်ခံရလို့ဆရာတော်ပျံလွန်ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့အကြောင်း
- ရေဖြူမြို့နယ် ပညာရေးမှူးနေတဲ့ ဝန်ထမ်းအိမ်ရာကို မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းနဲ့အပစ်ခံရတဲ့အခြေအနေ
- လောင်းလုံးမြို့နယ် ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း
စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ယနေ့(ဖေဖော်ဝါရီ ၆ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းမှူးအငြိမ်းစားတစ်ဦး မနေ့က အဖမ်းခံရတဲ့အကြောင်း
- ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာထဲ တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်း
- လောင်းလုံးမြို့ပေါ်က မြို့နယ်သစ်တောရုံး မီးရှို့ခံရပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တဲ့အကြောင်း
- လောင်းလုံးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်းမီးရှို့သွားတဲ့အကြောင်း
- ပုလောမြို့နယ်မှာ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတဲ့အကြောင်း
- တနင်္သာရီမြစ်ကြောင်းအတွင်း သယ်လာတဲ့ ဘိန်းစာမှုန့်အထုပ်ရေ သုံးသောင်းခွဲကျော်ဖမ်းမိလို့ ဖျက်ဆီးလိုက်တဲ့ အခြေအနေ
- ပုလောမြို့နယ်မှာ အမျိုးသားတဦး ပစ်သတ်ခံရပြီး အခြားအမျိုးသားတဦးကိုဖမ်းဆီးသွားတဲ့အကြောင်း စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
သာဂရမြို့ဟောင်းရဲ့ သက်တမ်းက အေဒီ ၈ ရာစုထက်စောနိုင်တဲ့ အထောက်အထားတွေ အများကြီးရှိနေပါတယ်။ သာဂရမြို့ဟောင်းနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed