Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၂၈ ရက်နေ့ကနေ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ခြင်း

    ဒီတစ်ပတ်ရဲ့ ဘောလုံးပွဲစဉ်တွေထဲမှာလည်း ပွဲစဉ်ကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ 


    ပရီးမီးယားလိဂ်မှာဆိုရင်လည်း လီဗာပူးနဲ့ အာဆင်နယ်တို့က တန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့အသင်းတွေနဲ့ တွေ့နေရသလို မန်ယူဆိုရင်လည်း ခရစ္စတယ်လ်ပဲလေ့စ်နဲ့ကစားရမှာဖြစ်လို့ ပွဲကျပ်ရင်ဆိုင်နေရတဲ့သဘောပါပဲ။ 


    စပါးနဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ဒီတစ်ပတ်ရဲ့စိန်ခေါ်မှုအပြင်းထန်ဆုံးပွဲစဉ် ဖြစ်လာမှာပါ။ 


    ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ ဘောလုံးပွဲစဉ်ပေါင်းများစွာအနက်ကမှ အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ်တွေကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

    7 min
  • မန်ယူကောင်းကင်ထက်ဆီ ပြန်လည်မှိုင်းညို့လာတဲ့ တိမ်မည်းမိုးသားတွေ

    မန်ယူအတွက် စိန်ခေါ်မှုတစ်ခု အစပြုလိုက်ပါပြီ။ အဲ့ဒါကတော့ ကွင်းလယ်လူ အဲရစ်ခ်ဆင် ခြေမျက်စိဒဏ်ရာရပြီး သုံးလ နားရဖို့ အကြောင်းဖန်သွားတာပါပဲ။ 


    ပန်းဝင်ကာလဆီကို ရောက်ရှိလာချိန်၊ အသင်းအတွက် ဟန်ချက်ညီမှုတစ်ခုကို ရှာဖွေတွေ့ရှိချိန်မှာ အသင်းရဲ့အဓိက,ကစားသမားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတာက မန်ယူအတွက် နစ်နာလှပါတယ်။ ဒါဟာ မန်ယူကို ကံကြမ္မာရဲ့ကျီစယ်မှုလေလားလို့တောင် ထင်မှတ်ချင်စရာပါပဲ။ 


    အဲရစ်ခ်ဆင်ရဲ့နေရာအတွက် ဘိုင်ယန်မြူးနစ်ကစားသမား ဆာဘစ်ဇာ ကို အရေးပေါ် ခေါ်ယူလိုက်ပေမယ့် ဒါက လက်ပူတိုက် ဖြေရှင်းတဲ့အဆင့်လောက်သာ ရှိပါတယ်။ 


    မန်ယူရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်ဖို့အတွက် ကွင်းလယ်အထိုင်ကျမှု ယိုယွင်းသွားတာက ပွဲဆက်များလာတာနဲ့အမျှ ဒုက္ခပေးလာဖို့ ရှိနေပါတယ်။

    6 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၃ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၃) တနင်္သာရီသတင်း အစီအစဉ်မှာတော့

    - ပုလောနဲ့ တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာ

    - ဆက်ကြေးကောက်တာတွေ တိုင်ကြားဖို့ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်အကြောင်း

    - ဖမ်းဆီးခံရတဲ့ ကံပေါက်ဒေသခံ ၁၀ ကျော်ပြတ်လွတ်လာတာ

    - သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာ အမျိုးသားတစ်ဦးပစ်သတ်ခံရတဲ့ စာသင်ကျောင်း မီးလောင်တဲ့ အခြေအနေ

    - သဘာဝမဟုတ်တဲ့နည်းလမ်းနဲ့ ငါးဖမ်းဆီးတာကို ထားဝယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်လိုက်တဲ့သတင်း

    စတဲ့အကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    5 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၂ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၂) တနင်္သာရီသတင်း အစီအစဉ်မှာတော့ 


    - ထိုင်းရနောင်းထိန်းသိမ်းရေးစခန်းက ဆန္ဒပြအလုပ်သမားတွေ နေရပ်ပြန်ပို့လိုက်ပြီဆိုတဲ့အကြောင်း

    - ပြည်သူနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆန္ဒပြတာ

    - ကော့သောင်းမြို့နယ်မှာ ပျူစောထီးတစ်ဦး ပစ်သတ်ခံရတဲ့အခြေအနေ

    - ကော့သောင်းမြို့က ကုန်တင်လှေမီးလောင်လို့ လှေသားတွေ ဒဏ်ရာရတဲ့အကြောင်း

    - သရက်ချောင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရတာ

    - မွန်ပြည်နယ်က ကြံ့ခိုင်ရေးပါတီဝင်အမတ်လောင်းဟောင်းတစ်ဦး ပစ်သတ်ခံရတဲ့အခြေအနေ စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။



    6 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဖေဖော်ဝါရီလ ၁ ရက်)

    ယနေ့(ဖေဖော်ဝါရီ ၁) တနင်္သာရီသတင်း အစီအစဉ်မှာတော့ 


    - အာဏာသိမ်း ၂ နှစ်ပြည့် အသံတိပ်သပိတ်ဆင်နွှဲတဲ့အကြောင်း

    - အသံတိပ်သပိတ်ဆင်နွှဲနေချိန် မြိတ်မြို့မှာ စစ်ကောင်စီက ကာကွယ်ဆေးထိုး၊ ဈေးရောင်းချတာ

     -ထိုင်းနိုင်ငံဘန်ကောက် မြန်မာသံရုံးနဲ့ UN ရုံးရှေ့ ဆန္ဒထုတ်ဖော်ကြတဲ့အကြောင်း

    - လောင်းလုံး ဝေဒီရွာက ငါးဖမ်းထွက်သွားတဲ့အမျိုးသားနှစ်ဦး သေဆုံးလျှက်ပြန်တွေ့ရတဲ့အခြေနေ

    - မြိတ်က ရှမ်းမီးသွေးဈေးတက်သွားတာ

    - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၃၁ ရက်)

    ယနေ့(ဇန်နဝါရီ ၃၁) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ထားဝယ်၊ မြိတ်၊ ‌လောင်းလုံး စတဲ့မြို့တွေမှာ စစ်ဆေးတင်းကြပ်နေတဲ့အကြောင်း

    - မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ဖိုးဖမ်းမိတဲ့အခြေအနေ

    - ထားဝယ်ခရိုင်ထဲ တောမီးမကြာခဏလောင်ကျွမ်းနေတာ

    - ရွှေဈေးကွက် စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာပါ။

    5 min
  • တနင်္သာရီသတင်း အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၃၀)

    ယနေ့(ဇန်နဝါရီ ၃၀) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ထိုင်းနိုင်ငံရနောင်းမြို့ ထိန်းသိမ်းရေးစခန်းက မြန်မာအလုပ်သမားတွေ ဆန္ဒပြတာရပ်လိုက်ပြီဆိုတဲ့အကြောင်း

    - ပုလော ကျောက္ကာရွာက ဂျင်းမွေးမြူရေးဖောင်တွေ မီးရှို့ခံရတဲ့အခြေအနေ

    - ‌ထားဝယ်က မောင်မယ်ရှောင်ရွာမှာ စစ်ကားမိုင်းဆွဲခံရပြီး ဒေသခဲ သားအစ်ဖနှစ်ဦး အဖမ်းခံရတာ

    - ရေဖြူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘုရားကျောင်းတက်ဖို့လာတဲ့ သားအစ်ဖနှစ်ဦးကို ပစ်ခတ်ခံရတဲ့ဖြစ်စဉ်

    - ရွှေနဲ့ ပုဇွန်ခြောက်ဈေးကွက်အခြေအနေ စတာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • အိမ်ပြန်ခွင့်ရဖို့ အစာငတ်ခံဆန္ဒပြနေကြတဲ့ ထိုင်းလဝကစခန်းထဲက မြန်မာတွေ

    ပြစ်ဒဏ်ကျခံပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ခွင့်မရသေးဘဲ ဆက်လက်ထိန်းသိမ်းခံရပြီး အခန်းကျဉ်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ထိုးပြီး ထိန်းသိမ်းခံနေရပါတယ်။

    ဒီလိုအခြေအနေမှာ အနေဆင်းရဲ အစားဆင်းရဲ ဒုက္ခကြီးစွာကြုံနေရသလို ဆေးကုခွင့်တောင်မရကြဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များစွာနဲ့လည်း ကြုံနေရပါတယ်။ ငွေပေးနိုင်မှ အိမ်ပြန်ခွင့်ရမယ့် အခြေအနေဖြစ်နေပါတယ်။ 


    ဒါကြောင့် မြန်မာနိုင်ငံသားတွေ အစာငတ်ခံဆန္ဒပြတာ အခုဆို နှစ်ရက်ရှိလာပါပြီ။ တောင်းဆိုချက် မရမချင်း အစာငတ်ဆန္ဒပြမယ်လို့လည်း ဆိုထားပါတယ်။ လဝက စခန်းထဲ ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေ အခြေအနေ ဘယ်လို ရှိပါသလဲဆိုတာ ထိန်းသိမ်းခံမြန်မာတွေ ကိုယ်တိုင်ရင်ဖွင့်ပြောဆိုထားပါတယ်။

    5 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။


    13 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။