
Sign up to save your podcasts
Or


ဥသြစည်ဆိုတဲ့အတွက် သက္ကရာဇ် ၁၁၃ ခုနှစ် (ခရစ်နှစ်အရ ၇၅၁) မှာ ပထမအကြိမ်တည်ခဲ့တာပါ။ ဒါကြောင့် ပုဂံထက်စောတယ်လို့ သတ်မှတ်လို့ရပါတယ်။
ဒီလိုသမိုင်းဝင် သာဂရမြို့ဟောင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
အပတ်စဉ် တင်ဆက်ပေးနေကျဖြစ်တဲ့ တစ်ပတ်တာအတွက် အကောင်းဆုံးပွဲစဉ်များ ရွေးချယ်သုံးသပ်ပေးခြင်းကဏ္ဍက ကြိုဆိုလိုက်ပါတယ်။
ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲစဉ်ပေါင်းများစွာရှိတဲ့အနက်က အကောင်းဆုံးဖြစ်လာမယ့်ပွဲစဉ်တွေကို ရွေးချယ်ပြီး သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
ယနေ့(ဇန်နဝါရီ ၂၇ ) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- တနင်္သာရီမြို့နယ်ထဲ သုံးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် ၃
ဦးကျဆုံးခဲ့တဲ့အကြောင်း
- ပလမြို့နားမှာ ပစ်ခတ်မှုဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မီးရှို့ခံရတဲ့အကြောင်း
- စစ်တပ်ရိက္ခာ သယ်လာတယ်ဆိုတဲ့ ခရီးသည်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
သတိပေးပစ်ခတ်တဲ့အကြောင်း
- ပြည်သူ့ကာကွယ်ရေးအဖွဲ့က လောင်းကစားဝိုင်းကို ဝင်ဖမ်းပြီး လူအချို့ကိုရိုက်နှက်ပြစ်ဒဏ်ပေးခဲ့တဲ့ အခြေအနေ
- ကံပေါက်ဒေသရှိ အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းနှစ်ဦး ထပ်ပြီးအဖမ်းခံရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်ထဲက ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ မွန်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် သေနတ်ထိမှန်သေဆုံးသွားတဲ့အကြောင်း
စတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ခရီးကြမ်းတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ အခုမှပဲ ငိုသံတွေဟာ ဝေးစပြုလာတာပါ။ အမှောင်ဖုံးနေတဲ့ သန်းခေါင်ယံကမ္ဘာကြီးဆိုတာကလည်း အာဆင်နယ်အတွက် အခုမှ အိပ်စက်စ ပြုလာခဲ့တာပါ။ အတူတူ မင်းနဲ့ငါ ဆိုတဲ့အတိုင်း ယုံကြည်ခြင်းရဲ့ကမ္ဘာဆီကို လျှောက်လှမ်းဖို့အတွက် အာတီတာနဲ့ အာဆင်နယ်တို့ဟာ အမှောင်ယံကာလထဲ လက်တွဲပြီး လျှောက်လှမ်းခဲ့ရတာပဲဖြစ်ပါတယ်။
အခုတော့ အာဆင်နယ်ဟာ ခေတ်သစ်တစ်ခုဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီလို ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းတွေအတွက် လုံးဝ အသိအမှတ်ပြု ချီးကျူးရမှာက အာတီတာ ပါပဲ။ သူဟာ တချို့သော ဆုံးဖြတ်ချက်တွေကို သူ့ရာထူးနဲ့အလဲအထပ်လုပ်ပြီးတော့တောင် ချမှတ်ခဲ့တာမျိုးတွေ ရှိပါတယ်။
အာဆင်နယ် ဖြစ်တည်လာပုံတွေက အတွေးပန်းချီကားတစ်ချပ်လို၊ ဒဏ္ဍာရီထဲကလို ထူးဆန်းလွန်းခြင်းမက ထူးဆန်းနေပါတယ်။ ဒဏ်ရာတွေရဲ့ဝေးရပ်ဆီ၊ ငိုသံတွေရဲ့ဝေးရပ်ဆီကို အာဆင်နယ် ရောက်လုနီးနေပါပြီ။
သေချာတာတစ်ခုကတော့ ဒဏ္ဍာရီကျွန်းသီချင်းကို ဖွင့်ပြီး နားသောတဆင်ကြည့်လိုက်ပါ။ အာဆင်နယ် ဖြတ်သန်းခဲ့ရတာတွေကို တစ်ကွက်ချင်းအလိုက် ပြန်မြင်လာပါလိမ့်မယ်။
ယနေ့(ဇန်နဝါရီ ၂၆) တနင်္သာရီသတင်း အစီအစဉ်မှာတော့
-ဒေသခံတွေ အဓိကအားထားပြီး သွားလာအသုံးပြုနေရတဲ့ ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက
ပိတ်လိုက်တဲ့အကြောင်း
- တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဆက်ဖြစ်နေလို့ ညဖက်မသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
ထုတ်ပြန်လိုက်တဲ့အကြောင်း
-ကော့သောင်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးတို့ သေနတ်နဲ့ပစ်ခံရတဲ့ အခြေအနေ
-ကျောက်နီမော်ရွာက အမျိုးသမီးနှစ်ဦး မနေ့က ပြန်လွတ်လာတဲ့အကြောင်း
-ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်မှာ မြန်မာ တက္ကသိုလ်ကျောင်းသားတစ်ဦး ငါးလွှာက ပြုတ်ကျပြီး
သေဆုံးတဲ့အကြောင်း
-ဈေးကောင်းရနေတဲ့ ကင်းမွန်ဟာ ရေခူသားပေါက်တွေကြောင့် အရနည်းနေတဲ့အကြောင်းစတဲ့
သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။
ဆိုင်ကယ်ကိုသာ အားပြုသွားလာရတဲ့ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်တော့ ဒေသခံတွေ အခက်ကြုံနေရပါတယ်။
ကံပေါက်ဒေသ လမ်းမတွေပေါ်မှာ သွားလာသူမဲ့နေပြီး ခြောက်ကပ်နေတာ မြင်တွေ့ရမှာပါ။ ဒီအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။
ယနေ့(ဇန်နဝါရီ ၂၅) တနင်္သာရီသတင်း အစီအစဉ်မှာတော့
- မြိတ်မြို့ မဇောကျေးရွာအုပ်စုမှာ ပေါက်ကွဲမှုဖြစ်လို့ လူငယ်နှစ်ဦးသေဆုံးသွားတဲ့အကြောင်း
-ရေဖြူမြို့နယ်မှာ အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးပတ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားတဲ့အခြေအနေ
- လောင်းလုံးမြို့နယ်က နေအိမ်တစ်ဆောင်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်တာ
-ဘုတ်ပြင်း ဆေးတပ်က တပ်ကြပ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးလိုက်တဲ့အခြေအနေ
-ကလိန်အောင်မြို့က စစ်တပ်ပိုင်မြဝတီသတင်းထောက် ပစ်သတ်ခံရတဲ့အကြောင်း
- ရေဖြူမြို့နယ် ပုဂေါ်ဇွန်းရွာမီးလောင်းဆုံးရှုံးမှု
-ဖမ်းဆီးခံထားရတဲ့ အောက်သရက်ချောင်းရွာသားတစ်ဦးရဲ့နောက်ဆုံးရအခြေအနေ
စတဲ့သတင်းအကြောင်းအရာများစွာကို နားဆင်ရမှာဖြစ်ပါတယ်။
ရေဖြူမြို့နယ် ပုဂေါဇွန်းရွာအပြင်ဘက်က ဆီအုန်းခြံ ဒီနေ့နံနက် ၁၁ နာရီလောက်က စပြီးမီးလောင်နေတာပါ။
ခြံထဲက နေအိမ်တွေလည်း မီးလောင်ခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်အထိ နေအိမ်သုံးလုံးနဲ့ မွေးမြူရေးခြံတစ်ခု မီးလောင်သွားပါပြီ။
ဆီအုန်းတော တစ်ဝိုက်မှာ မွေးမြူရေးခြံအချို့အပါအဝင် နေအိမ်ငယ် အလုံးငါးဆယ်ထက်မနည်း ရှိနေပါတယ်။
ရေဖြူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပရဟိတအသင်းအဖွဲ့တွေနဲ့ ရွာသူရွာသားတွေ ပူပေါင်း ငြှိမ်းသတ်နေကြပါတယ်။
နေ့လယ် ၁ နာရီအထိ မီးလောင်နေဆဲပဲ ရှိပါသေးတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဒီတစ်ပတ်မှာတော့ Dawei Watch ရဲ့အမျိုးသမီးကဏ္ဍမှာ တင်ဆက်ဖို့အတွက် ရွေးချယ်လိုက်တဲ့သူက တင်းနစ်မယ် ရှာရာပိုဗာ ပဲ ဖြစ်ပါတယ်။
သာမန်အနေနဲ့ ကြည့်လိုက်ရင် ရှာရာပိုဗာက ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ကြွယ်ဝချမ်းသာသူ အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ဒီဘဝကို ရောက်ရှိဖို့ ရှာရာပိုဗာ ဖြတ်သန်းလာခဲ့ရတဲ့လမ်းက ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။
ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မိသားစုလုံး နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဘဝကနေ ရှာရာပိုဗာရဲ့ဘဝက သုညကနေ စခဲ့ရတာပါ။
တင်းနစ်မယ်ဖြစ်ဖို့အရေး အမေက ပတ်စ်ပို့ မရရှိလို့ နေရပ်မှာ ကျန်ခဲ့ရပြီး သားအဖနှစ်ယောက်တည်း အမေရိကန်ပြည်ထောင်စုဆီကို အမေရိကန်ဒေါ်လာ ၇၀၀ တည်းနဲ့ သွားခဲ့ရတဲ့ဘဝကနေ အစပြုခဲ့ရတာပါ။
ဒီကြားထဲမှာ ရှာရာပိုဗာတစ်ယောက် တင်းနစ်သင်တန်းကျောင်း တက်နိုင်စေဖို့အတွက် အဖေဖြစ်သူက စားသောက်ဆိုင်မှာ ဝန်ထမ်းဝင်လုပ်ရတဲ့ ဘဝဇာတ်နာတာတွေလည်း ရှိခဲ့ပါသေးတယ်။
အဲ့ဒီလို ဘဝမီးလျှံတွေကြားကနေ ရှာရာပိုဗာတစ်ယောက် ဒီနေ့ ဒီဘဝကို ပိုင်ဆိုင်ရရှိဖို့အတွက် ဘယ်လောက်အထိ ရေကုန်ရေခမ်းး ကြိုးစားတည်ဆောက်ခဲ့ရသလဲဆိုတာကို Dawei Watch ပရိသတ်တွေအတွက် အမျိုးသမီးကဏ္ဍကနေ တင်ဆက်ပေးလိုက်ပေးပါတယ်။
From the publisher's feed