Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၁၉)

    ယနေ့(ဇန်နဝါရီ ၁၉) တနင်္သာရီသတင်း အစီအစဉ်မှာတော့


    - ပုလောမြို့နားက ရှပ်ပုံရွာမှာ နေအိမ်အချို့ မီးရှို့ခံရတဲ့အကြောင်း


    - နိုင်ငံခြားသား ငါးမျှားသမားတွေကို ကော့သောင်းနယ်စပ်ကနေ ပြည်နှင်ဒဏ်ပေးခဲ့တဲ့အကြောင်း 


    - ထားဝယ်မှာ ကိုဗစ်ရောဂါနဲ့ လူခြောက်ရာကျော်သေဆုံးခဲ့ရတဲ့အကြောင်း


    - ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ မတော်တဆဖြစ်လို့ ထိုင်းဆေးရုံတင်ထားရတဲ့ ကယန်းလူမျိုးတစ်ဦး အကူအညီလို‌အပ်နေတဲ့အကြောင်း


    - မြိတ်အဝေးပြေးကားဝင်းထဲက မြေကွက်တွေ ဈေးမြောက်နေတဲ့အခြေအနေ


    - ဈေးမငြိမ်တဲ့ ရွှေဈေးစတဲ့ သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    6 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၁၈)

    ယနေ့(ဇန်နဝါရီ ၁၈) တနင်္သာရီသတင်း အစီအစဉ်မှာ

    - ဘုတ်ပြင်း ရွာဟေ့လူရွာမှာ အမျိုးသား ၈ ဦးအသတ်ခံရတဲ့အကြောင်း

    - တိုက်ပွဲအတွင်း ပိတ်မိနေကြတဲ့ ပုလောမြို့နယ် ရှပ်ပုံရွာက ဒေသခံတွေရဲ့အခြေအနေ

    - ထားဝယ်ကမ်းနားဈေးက ငါးဒိုင်တွေကို ဖိအားပေးပြီး ဈေးအသစ်ကိုပြောင်းခိုင်းနေတာ

    - ရွှေဈေးအခြေအနေ

    -ရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း စတဲ့သတင်းအကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    5 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၁၇)

    ယနေ့(ဇန်နဝါရီ ၁၇) တနင်္သာရီသတင်း အစီအစဉ်မှာ

    - သကျက်တောရဲစခန်း မီးရှို့ဖျက်ဆီးခံရတဲ့အကြောင်း

    - ပုလောမြို့နယ်က တိုက်ပွဲအခြေအနေ

    - ပျူစောထီးခေါင်းဆောင်ရဲ့ မိသားစုဝင်တစ်ဦးပြန်လွတ်လာတဲ့ ဖြစ်စဉ်

    - ရွှေဈေးအခြေအနေ စတဲ့သတင်းတွေကို နားဆင်ရမှာဖြစ်ပါတယ်။

    4 min
  • ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာက ထပ်သရုပ်ဆောင်ချင်သေးသူ မီရှဲလ်ယို

    ဟောင်ကောင်ဂျက်မ အဖြစ်နဲ့ လူကြိုက်များခဲ့သလို The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်တော့လည်း အသိအမှတ်ပြုခံခဲ့ရတဲ့ မီရှဲလ်ယို ဟာ The Lady ရဲ့နောက်ဆက်တွဲအဖြစ် နောက်ထပ်ဇာတ်ကားတစ်ကား ရိုက်ခွင့်ရနိုင်ဖို့ကိုလည်း မျှော်လင့်နေသူ ဖြစ်ပါတယ်။ 


    သူမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ထပ်သရုပ်ဆောင်ခွင့်ရချင်သေးတယ်လို့လည်း မီရှဲလ်ယို က ပြောကြားထားပါတယ်။


    ဟောလိဝုဒ်မှာ ထိပ်တန်းတစ်နေရာရောက်အောင် အခက်အခဲများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသလို အခုဆိုရင် ရွှေကမ္ဘာလုံးဆုရှင်အဖြစ်နဲ့ပါ မှတ်တမ်းသစ် ရေးထိုးလိုက်နိုင်ပြီဖြစ်တဲ့ မီချယ်လ်ယိုရဲ့ ဘဝဖြတ်သန်းမှု အကြောင်းကို Dawei Watch ရဲ့ အောင်မြင်ကျော်ကြား အမျိုးသမီးများကဏ္ဍမှာ တင်ဆက်ပေးလိုက်ပါတယ်။

    5 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၁၆)

    ယနေ့(ဇန်နဝါရီ ၁၆) တနင်္သာရီသတင်း အစီအစဉ်မှာ

    - ထားဝယ်မြို့က ဆန္ဒပြလူငယ်တစ်ဦးရဲ့နေအိမ် ချိပ်ပိတ်ခံရတာ

    - ကွမ်းစိုက်တောင်သူတွေ မြေနေရာဖယ်ပေးရတဲ့ အခြေအနေ

    - မြိတ်ခရိုင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး ကျဆုံးသွားမှု

    - ရွှေစျေးအခြေအနေ စတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    5 min
  • မြိတ်မြို့က အလွမ်းရောင်သက် ဇေတဝန်

    မြိတ်မြို့နားမှာရှိပြီး ရေလမ်း၊ ကုန်းလမ်းတို့နဲ့ သွားရောက်ဖူးမြှော်လေ့လာနိုင်တဲ့ သမိုင်းဝင် ‘ဇေတဝန်စေတီ’ နဲ့ ‘ဇေတဝန်တောင်’ အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။


    လှပတဲ့ ရှုမျှော်ခင်းတွေကို ခံစားကြည့်ရှုရင်း ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူကိုလည်း လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။


    ဒါကြောင့် ဒီတစ်ပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

    14 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇန်နဝါရီလ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    10 min
  • အကောင်းဆုံးပွဲစဉ် ၄ ပွဲကို ရွေးချယ်ခြင်း

    Dawei Watch ပရိသတ်တွေအတွက် အပတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အကောင်းဆုံးပွဲစဉ်တွေ ရွေးချယ်သုံးသပ်တင်ဆက်ပေးခြင်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ 


    ဒီတစ်ပတ်မှာလည်း အကြိတ်အနယ် ပွဲကောင်းတွေ အများအပြားရှိနေတဲ့အတွက် အားပြိုင်မှုပြင်းထန်တဲ့ပွဲတွေကို ကြည့်ရှုကြရဦးမှာပါ။ ပွဲဆက်တွေ များပြားလာတာကြောင့် အသင်းအားလုံးဟာ ပွဲပန်းမှုဒဏ်တွေကို ရင်ဆိုင်နေရပါတယ်။ 


    ပရီးမီးယားလိဂ်ပွဲစဉ်တွေဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အားပြိုင်မှုပြင်းထန်တဲ့ ဒါဘီပွဲစဉ်တွေရှိနေတာကို မြင်ကြရပါတယ်။ အဲ့ဒီလို ပွဲကောင်းများစွာအနက်က အကောင်းဆုံးဖြစ်နိုင်တဲ့ ပွဲစဉ် ၄ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။


    Podcasts - https://bit.ly/3UfyOx5

    Telegram - https://t.me/daweiwatch/

    Website - http://www.daweiwatch.com/

    Instagram - https://www.instagram.com/dawei_watch/

    Youtube - https://youtu.be/HG6iLX9V2V4

    7 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇန်နဝါရီ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ် (ဇန်နဝါရီလ ၁၃)

    Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။


    ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။


    ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။

    4 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။