Sign up to save your podcasts
Or

Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။
ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
မြိတ်မြို့ ဘလောက်စုရပ်ကွက်နေ ဦးသန်းဇော်ဦးက ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေစပြီး အုန်းဆံမျှင်ကနေ အလှပန်းအိုးကို တီထွင်ထုတ်လုပ်နေတာပါ။
ဦးသန်းဇော်ဦးဟာ ၂၀၁၇ တုန်းကလည်း တစ်ခါသုံးထမင်းဘူး၊ တစ်ခါသုံး ပန်းကန်တွေကို ကွမ်းသီးဖတ် (ဒေသအခေါ် ဘုတ်ဖတ်)ကို အသုံးပြုပြီးတော့ ထုတ်လုပ်ခဲ့တာကြောင့် စွန့်ဦးတီထွင်သူအဖြစ် လူသိများသူတစ်ဦးပါ။
သူ့ရဲ့ ဆန်းသစ်မှု တစ်ခုဖြစ်တဲ့ အုန်းဆံမျှင်အလှပန်းအိုးတွေ အကြောင်းကို မေးမြန်းတင်ဆက်လိုက်ပါတယ်။
လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲအချိန်ကိုရောက်ရင် ONE FIGHT NIGHT-6 ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးပွဲစဉ်ကို ကြည့်ရှုရပါတော့မယ်။ အဲ့ဒီပြိုင်ပွဲမှာ မြန်မာပရိသတ်တွေ စိတ်အဝင်စားဆုံးအဖြစ် ရှိနေတာကတော့ ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းရဲ့ပွဲစဉ်ပါပဲ။
အောင်လအန်ဆန်းဟာ ဒီတစ်ကြိမ်မှာတော့ ထူးထူးခြားခြား CATCHWEIGHT တန်းပွဲစဉ်အဖြစ် ထိုးသတ်သွားမှာပါ။ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ဘရာဇီးကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဂီလ်ဘာတို ဂယ်လ်ဗာအို ဖြစ်ပါတယ်။
အစောပိုင်း ပွဲစဉ်ထုတ်ပြန်ချိန်တုန်းက အောင်လအန်ဆန်း ထိုးသတ်ရမယ့်ပြိုင်ဘက်အဖြစ် ထွက်ပေါ်လာခဲ့သူက တရုတ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဖန်ရောင်း ပါ။ ပြိုင်ပွဲထိုးသတ်ဖို့ ၁၀ ရက်အလိုကိုရောက်မှ ဖန်ရောင်းက Covid-19 ကူးစက်တာ ခံထားရတဲ့အတွက် အောင်လအန်ဆန်းရဲ့ ပြိုင်ဘက်က အပြောင်းအလဲဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။
အခု ရင်ဆိုင်ရမယ့် ဂယ်လ်ဗာအို ဟာ ကိုယ်ခံပညာစုံတိုက်ခိုက်ရေးလောကရဲ့ဝါရင့်ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတလျှောက် ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိ ထိုးသတ်ပြီး မှတ်တမ်းကောင်းတွေကို ရရှိခဲ့ဖူးသူဖြစ်ပါတယ်။
ပြိုင်ဘက်ဖြစ်သူကို နောက်ဆုံးပွဲချီဆီ ရောက်တဲ့အထိ ထိုးသတ်ရအောင်၊ သက်လုံကျဆင်းသွားအောင် ဆွဲခေါ်တတ်လေ့ရှိပြီး အဲ့ဒီနောက်ဆုံးပွဲချီဆီကိုရောက်မှ အမှတ်အသာစီးနဲ့ အနိုင်ရအောင် ဂယ်လ်ဗာအိုက စွမ်းဆောင်ပြတာတွေ ရှိခဲ့ဖူးပါတယ်။
ဒါတွေကို အောင်လအန်ဆန်း သတိထားရမှာပါ။ သေချာတာကတော့ ဂယ်လ်ဗာအို ဟာ အောင်လအန်ဆန်းအတွက် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်လာနိုင်တယ် ဆိုတာပါပဲ။
Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။
ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
Dawei Watch၊ ဇန်နဝါရီ ၁၁
ဟင်းချိုတောကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက လက်နက်ကိုင် လူတစ်စုဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့တာ၊ သေနတ်နဲ့ပစ်ခတ်တာ၊ ဒေသခံတွေကို စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။
ဒီလိုအကြမ်းဖက်လုပ်ရပ်ကို လုပ်ခဲ့တဲ့သူတွေက လက်မောင်းမှာ အဖြူရောင်လက်ပတ်တွေ ပတ်ထားခဲ့ပါတယ်။
ဒေသခံတွေကတော့ ပျူစောထီးတွေ ဖြစ်တယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်
ဟင်းချိုတောရွာမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဒေသခံတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။
Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
Dawei Watch ရဲ့ 'တနင်္သာရီသတင်း' အသံလွှင့်အစီအစဉ်ကို စတင်လိုက်ပါပြီ။ မြန်မာနိုင်ငံတောင်ပိုင်း ဒေသဖြစ်တဲ့ တနင်္သာရီတိုင်းက သတင်းအကြောင်းအရာတွေကို စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Dawei Watch Podcast အစီအစဉ်မှာတော့ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်သတင်းတွေ၊ အားကစားသုံးသပ်ချက်တွေအပြင် ဓလေ့ သမိုင်း အစီအစဉ်တွေကို ရယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်အကြံပြုချက်တွေကိုလည်း ဖိတ်ခေါ်ပါရစေ။
ဒီအစီစဉ်လေးကို လူများများသိရှိဖို့ မျှဝေပေးကြပါလည်း တိုက်တွန်းအပ်ပါတယ်။ အောက်ဖော်ပြပါ လင့်တွေကနေ နားဆင်နိုင်ပါပြီ။
‘ပုဂံက နရပတိစည်သူမင်းဟာ တနင်္သာရီကို တိုက်ခိုက်ပြီးအပြန် ထားဝယ်ကျွန်းဆွယ် အနောက်ဘက် ပင်လယ်ကမ်းခြေမှာ ခေတ္တဝင်နေပြီး ထောင့်ကွယ် ဆိုတဲ့မြို့ကို တည်ခဲ့တယ်။ ဒီထောင့်ကွယ် ကနေ ထားဝယ်ဖြစ်တယ်’ လို့ဆိုထားပါတယ်။
ဒီအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ထောင့်ကွယ် မြို့ဟောင်းအကြောင်း တင်ဆက်လိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ဒီနေ့မှာတော့ အက်ဖ်အေဖလားပြိုင်ပွဲရဲ့တတိယအဆင့်ပွဲစဉ်တွေကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာတော့ မန်ယူက အဲဗာတန်ကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားခဲ့ပါပြီ။ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေထဲမှာလည်း မန်စီးတီးနဲ့ ချယ်လ်ဆီး၊ လီဗာပူးနဲ့ ဝုလ်ဗာဟမ်တန်တို့လို အသင်းတွေ ထိပ်တိုက်တွေ့နေကြတဲ့အတွက် ပွဲကောင်းတွေကို မြင်တွေ့ရဦးမှာပါ။ ရင်ခုန်စိတ်လှုပ်ရှားစရာ အားပြိုင်ပွဲတွေ ပါဝင်နေတဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းပါလိမ့်မယ်။ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးနုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။
From the publisher's feed