
Sign up to save your podcasts
Or


မြန်မာနိုင်ငံရဲ့ အထင်ရှားဆုံး ကမ်းခြေတစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က မောင်းမကန်ကမ်းခြေမှာလည်း သင်္ကြန်အကျနေ့ဖြစ်ပေမယ့် လာရောက်လည်ပတ်သူ နည်းပါးနေပါတယ်။
သင်္ကြန်အကျနေ့ရောက်လာပေမယ့် ထားဝယ်မြို့ထဲမှာတော့ ရေကစားသူမတွေ့ရသလို ငွေကုန်ကြေးကျခံပြီး ဆောက်ထားတဲ့ မဏ္ဍပ်တွေကလည်း ခြောက်ကပ်နေပါတယ်။
ဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ ယာဉ်ထိန်းရဲတို့က လုံခြုံရေးယူပြီး သီချင်းဆိုနေတာရှိပေမယ့် ကြည့်ရူတဲ့သူကတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာတွေ့ရပါတယ်။
Dawei Watch ရဲ့ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်မှာ ဒုတိယမြောက်ရွေးချယ်ထားတဲ့ဇာတ်ကားကတော့ Brave Heart ပါပဲ။ ဒီအချိန် ဒီကာလမှာ ဒီဇာတ်ကားက တစ်ခုခုသောခံစားချက်ကို ပရိသတ်တွေအတွက် မမေ့နိုင်အောင် ချန်ထားရစ်ခဲ့မှာ သေချာလို့နေပါတယ်။
ကိုယ်တိုင် မခံစားဖူးရင် တချို့အဖြစ်အပျက်တွေက တကယ်ပဲ မဟုတ်သလိုလို လူတွေက ခံစားတတ်လေ့ရှိပါတယ်။
ဒါကြောင့်လည်း မယုံဘူး၊ ကြုံဖူးမှ ယုံတယ်ကွယ်လို့ ကဗျာစာချိုး ထွက်ပေါ်ခဲ့တာပါ။
ဒီဇာတ်ကားရဲ့ရုပ်ရှင်ပိုစတာမှာ မှတ်သားလောက်စရာ စာသေးလေးတစ်ခု ပါရှိပါတယ်။
What kind of a man defied a King? ပါတဲ့။ အဓိပ္ပါယ် ပြန်ဆိုလိုက်မယ်ဆိုရင် ဘယ်လိုလူစားမျိုးကို ဘုရင်လို့ ခေါ်ဝေါ်ပါသလဲ ပေါ့လေ။
ဟိုး….တောရွာနပုဒ်လေးထဲက ဆာဝီလျံဝေါလေ့စ် အဖြစ်နဲ့ အသက်ကို ပေးသွားခဲ့သူလား ဒါမှမဟုတ် စကော့တလန်ထီးနန်းထက်က ဘုရင်ကမှ ဘုရင်လားဆိုတာကိုတော့ ဇာတ်ကားကို ကြည့်ပြီးရင် ဆုံးဖြတ်ချက် ချမှတ်ကြည့်လို့ရနိုင်ပါတယ်။
တကယ်ပါ…တချို့သောသူတွေဟာ ထင်ပေါ်မှုအတွက် မဟုတ်၊ သူရဲကောင်းဖြစ်ချင်လိုစိတ်နဲ့ မဟုတ်၊ နာမည်ကြီးတွေဖြစ်ချင်စိတ် မဟုတ်ဘဲနဲ့ သူတို့အသက်တွေကို ပေးအပ်ပြီး တိုင်းပြည်ကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
အခုလည်း မြေပြင်မှာ အဲ့ဒီလိုလူတွေ အများကြီးရှိလို့နေပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စော်ဖျားရွာနဲ့ ပကာရီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့အကြောင်း
- မြိတ်-တနင်္သာရီ လမ်းပေါ်မှာ ငါးရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ခဲ့တဲ့အကြောင်း
- ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးကို စစ်ကောင်စီက ဆုကြေးထုတ်လိုက်တဲ့အကြောင်း
- ရေးမြို့နယ်မှာ အိမ်စီးကားတစ်စီး သေနတ်ပစ်ခံရလို့ လူနှစ်ဦးဒဏ်ရာရသွားတဲ့အကြောင်း
- ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြန်မာအလုပ်သမားသားအမိနှစ်ဦး ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ အခန်းထဲ သေဆုံးနေတဲ့အခြေအနေ
- ဈေးကွက်ထဲက ရွှေဈေးအတက်အကျအကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့လက်ဝှေ့ချန်ပီယံလည်းဖြစ်၊ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလည်းဖြစ်တဲ့ ဒေ့ဗ်လက်ဒပ် ခေါ် ဒေဝ ဟာ လာမယ့်မေလ ၂၇ ရက်နေ့ကိုရောက်ရင် စိန်ခေါ်ပွဲထိုးသတ်တော့မယ်လို့ သိရပါတယ်။
အခုစိန်ခေါ်ပွဲမှာ ဒေဝ ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ကမ္ဘောဒီးယား လက်ဝှေ့ဘုရင် ပရွမ်း ဆမ်းနန် ပါပဲ။
ပရွမ်း ဆမ်းနန် ဟာ ဒေဝအတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာစရာ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆမ်းနန်က အတွေ့အကြုံရင့် လက်ဝှေ့သမား ဖြစ်နေလို့ပါပဲ။
ကစားသမားဘဝဖြတ်သန်းမှုတလျှောက်မှာ ဆမ်းနန် ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်အရေအတွက်က ၁၅၀ အထိ ရှိခဲ့ပြီးပါပြီ။ အဲ့ဒီပွဲစဉ်ပေါင်း ၁၅၀ မှာ ဆမ်းနန်အတွက် အရှုံးရလဒ် ကြုံခဲ့ရတာက ၁၀ ပွဲတည်းသာ ရှိခဲ့ပါတယ်။
နောက်ဆုံး ၇ ပွဲကို ဆိုရင် ဆမ်းနန်က အလဲထိုးရလဒ်တွေနဲ့ချည်း ဆက်တိုက် အနိုင်ယူထားတာပါ။
ဒါကြောင့် ဆမ်းနန်ကို ရင်ဆိုင်ရမယ့် အခုစိန်ခေါ်ပွဲဟာ ဒေဝအတွက် စိန်ခေါ်မှုကြီးမားလှတဲ့ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ သတ်မှတ်လိုက်ရတာပဲဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ -
- တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြိတ်-ဘုတ်ပြင်းလမ်းကားတွေ ပြန်လည်သွားလာနေကြတဲ့အကြောင်း
- သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာနဲ့ ကျောက်လှေကားရွာမှာ နေအိမ်တွေမီးရှို့ခံရပြီး လက်နက်ကြီးထိမှန်တာတွေလည်းရှိနေတဲ့အကြောင်း
- လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာက ဒေသခံအမျိုးသားတစ်ဦး အသ တ်ခံခဲ့ရတဲ့အကြောင်း
- စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့တနင်္သာရီမြို့နယ် မော်တုန်းရွာသား ၇ ဦး ဒဏ်ရာရရှိခဲ့တဲ့အကြောင်း
- မြိတ်နဲ့ ပုလောမြို့မှာ ရိုးရာကျားအက မကဖြစ်တာ ၄ နှစ်ဆက်တိုက်ရှိနေပြီဆိုတဲ့အကြောင်း
- ထိုင်းနိုင်ငံမဟာချိုင်မြို့မှာ စစ်ဘေးရှောင်ရန်ပုံငွေပွဲအတွက် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ကျင်းပမယ်ဆိုတဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းမြို့မရဲစခန်းမှာ အချင်းချင်းပစ်ခတ်မှုဖြစ်လို့ စခန်းမှူးသေဆုံးသွားတဲ့အကြောင်း
- တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာစုမှာ နေအိမ်နဲ့ ဈေးဆိုင်အချို့ဖျက်ဆီးခံရပြီး ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန်ခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ် ကလိန်အောင်မြို့ခံအမျိုးသားနှစ်ဦး ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း
- တနင်္သာရီမြို့နယ် ထုံတော်ရွာမှာ လက်နက်ကြီးထိမှန်လို့ သုံးနှစ်သားကလေးနဲ့ မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့တဲ့အကြောင်း
- လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမည်သုံးပြီးအလှူခံနေတဲ့အမျိုးသားတစ်ဦးဖမ်းမိခဲ့တဲ့အခြေအနေ
- ထားဝယ်ခရိုင်မှာ တစ်နေ့တည်း စစ်ကောင်စီစခန်းနေရာသုံးခု တစ်ပြိုင်တည်းတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း
- PDF ရဲဘော် သုံးဦးကို မြန်မာစစ်ကောင်စီထံလွှဲပြောင်းပေးခဲ့တဲ့အပေါ် ဖြေရှင်းပေးဖို့ ထိုင်းအစိုးရကို ထိုင်းနိုင်ငံရေးပါတီတွေက တောင်းဆိုလိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
အတာသင်္ကြန်ကာလ ရောက်ပြီဆိုတာနဲ့ သင်္ကြန်ထမင်းလို့ခေါ်ကြတဲ့ ထားဝယ်ရိုးရာ ရေးဇီမှန်းကို သတိရကြပါတယ်။ အရင်ခေတ်က သင်္ကြန်ကျပြီဆိုရင် ရေးဇီမှန်းကို အကြီးအကျယ်လှူဒါန်းလေ့ ရှိကြပါတယ်။
ထားဝယ်ရိုးရာ ဓလေ့တွေထဲက ရေးဇီမှန်းလုပ် လှူတဲ့ဓလေ့မှာ တစ်ချိန်တုန်းကတော့ လူသိများ ထင်ရှားလှပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်းက ‘ဓလေ့ သမိုင်း’ တွေကို Dawei Watch မီဒီယာက ပုံမှန်တင်ဆက်ပေးနေပါတယ်။ ဒီအစီအစဉ်ကို Dawei Watch ရဲ့ YouTube မှာ ကြည့်ရှုနိုင်ပါပြီ။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိတ်သတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၂ ရက်ကနေ ဧပြီလ ၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed