Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဧပြီလ ၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၂ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • ဧပြီလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ ကိုဗစ်လူနာတစ်ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့တဲ့အကြောင်း

    - ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရတဲ့အကြောင်း

    - ထားဝယ်ဈေးကွက်ထဲ အခြေခံစားသောက်ကုန်အချို့ ဈေးမြင့်တက်လာတဲ့အကြောင်း

    - ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး အဖမ်းခံထားရဆဲကာလမှာပဲ ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အကြောင်း

    - အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ စစ်ကောင်စီကအရင်ဆုံးစတင်သင့်တယ်လို့ ဘန်ကီမွန်းက ပြောဆိုလိုက်တဲ့အကြောင်း

    - မွန်ပြည်နယ် ကျိုက်ထီးရိုတောင်ခြေက ကင်မွန်းချောင်ရဲစခန်း ဗုံးချတိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း

    - လေးလထဲ စစ်ဘေးရှောင် ခုနစ်သိန်းနီးပါးထပ်တိုးလာတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အာဏာရှိသူတွေ လက်တစ်လုံးခြားလုပ်ရင် သူရဲကောင်းတွေ ပေါ်ထွက်လာရစမြဲ

    ဒီတစ်ပတ်မှာလည်း လူအများကြည့်ရှုပြီးသားဖြစ်နေနိုင်တဲ့ ဇာတ်ကားတစ်ကားကို Dawei Watch က ပုံစံသစ်နဲ့ ပြန်ညွှန်းလိုက်ပါတယ်။


    ဇာတ်ကားထဲက နိုင်ငံရေးသမားတွေရဲ့နိုင်ငံရေးလုပ်စားပုံတွေ၊ သူတို့ ကောင်းစားဖို့အတွက် အောက်ခြေက ကိုယ့်ရဲဘော်ကို ကိုယ်တိုင် ရှင်းလင်းရေးလုပ်ပုံတွေ၊ သေကံမရောက် သက်မပျောက်ဖြစ်ခဲ့တာကိုတောင် ပြန်လည်အကွက်ချပြီး သေတွင်းထဲ တွန်းပို့တာတွေက ဒီဇာတ်ကားရဲ့အသက်ပါပဲ။


    တစ်ယောက်ယောက်က မတူညီတာတွေကို လုပ်ပြလာနိုင်ရင် မင်းက သူ့ကို အပြတ်ရှင်းဖို့ လုပ်မလား ဒါမှမဟုတ် ကိုယ့်ဘက်ပါလာအောင် စည်းရုံးသိမ်းသွင်းလိုက်မလား။


    အဲ့ဒါ ဒီမိုကရေစီရဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ရတာတွေပဲကွဆိုတဲ့ ဒီဇာတ်ကားထဲက ဒိုင်ယာလော့ဂ်မှာ တွေးစရာတွေ အများကြီးပါလို့ နေပါတယ်။


    အက်ရှင်ဇာတ်ကားတစ်ကားကို ဉာဏ်တံခါးဖွင့်ပြီး ပြန်ကြည့်ရတာမျိုးပါပဲ။


    ဒီတစ်ပတ်မှာ Dawei Watch ညွှန်းမယ့်ဇာတ်ကားက Shooter ဖြစ်ပါတယ်။


    အာဏာရှိသူတွေ လက်တစ်လုံးခြားလုပ်ရင် ဘယ်လောက်ကြောက်စရာကောင်းသလဲ၊ ဘယ်လောက်အထိ အကွက်ချလုပ်တတ်သလဲကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ခွင့်ရနိုင်ပါလိမ့်မယ်။

    9 min
  • ဧပြီလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ပုလောမှာ ခရီးသည်နှစ်ဦးပစ်ခံရပြီး တစ်ဦးသေဆုံးသွားတဲ့အကြောင်း

    - တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း

    - မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နဲ့အထက်ကို ကျော်လွန်ရောက်ရှိလာတဲ့အကြောင်း

    - မွန်ပြည်နယ် ဘီးလင်းမြို့က အခွန်ရုံး တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း

    - ကားအနောက်ခန်းမှာ ပုန်းခိုလိုက်လာတဲ့ မြန်မာတွေ ထိုင်းနိုင်ငံထဲ ဖမ်းဆီးခံရတဲ့အကြောင်း

    - ဘတ်ငါးသောင်းနဲ့အထက် ငွေလွှဲ၊ ငွေထုတ်လုပ်သူတွေကို မျက်နှာမှတ်တမ်းဓာတ်ပုံယူဖို့ ထိုင်းဘဏ်ကြီးတွေစီစဉ်နေတဲ့အကြောင်း

    - ရွှေဈေးကွက် စတဲ့သတင်းတွေပဲဖြစ်ပါတယ်။

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ဧပြီလ ၂၆ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ရွှေဘိုပေါ်ဆန်း ဆန်ဈေးဆက်တိုက်မြင့်တက်လာပြီး တစ်အိတ်ကို တစ်သောင်းကျပ်လောက်ထပ်တက်လာတဲ့အကြောင်း

    - တနင်္သာရီတိုင်းမှာ ၂ ရက်ဆက်တိုက်မိုးရွာသွန်းနိုင်ခြေရှိနေတဲ့အကြောင်း

    - တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ပေါင်း ၃၀ ကျော်အထိချထားစစ်ဆေးနေတဲ့အကြောင်း

    - သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာက စိတ်ဝေဒနာရှင်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အကြောင်း

    - ရွှေဈေးကွက်အခြေအနေ

    - ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရားဝင်မြန်မာအလုပ်သမားတစ်ဦး ဆေးကုသခွင့်မရဘဲ သေဆုံးသွားခဲ့တဲ့အကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဧပြီလ ၂၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - ထားဝယ်မြို့နယ်မှာ ရေတွင်းဟောင်းဆင်းဖော်တဲ့ အမျိုးသားတစ်ဦး မြေစာပိသေဆုံးတဲ့အကြောင်း

    - သရက်ချောင်းမှာ မြက်ခြောက်တွေမီးရှို့ရာက မိုင်းပေါက်ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားတဲ့ အကြောင်း

    - မောင်မယ်ရှောင်ရွာနားက စစ်ကောင်စီတပ်ဂိတ် အတိုက်ခံရပြီးနောက် ရွာသားနှစ်ဦးကို ဖမ်းဆီးသွားတဲ့အကြောင်း

    - သရက်ချောင်းမြို့နယ်ကို ရေဆင်းလှူတဲ့ကားကို စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်မပေးတဲ့ အခြေအနေ

    - ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှာ ဓာတ်ဆီဈေးနှစ်ဆကျော် ခုန်တက်သွားတဲ့အကြောင်း

    - သောင်ရင်းမြစ်ကမ်းနား စစ်ဘေးရှောင်တွေနေတဲ့ နေအိမ်အဆောက်အအုံတွေ လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဧပြီလ ၂၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်မြို့နယ်ထဲ ဘုရားမဲစစ်ဆေးရေးဂိတ်မှာ တိုက်ပွဲပြင်းထန်ခဲ့တဲ့အကြောင်း

    - ပုလောကုန်းရွာက စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်စခန်း မကြာခဏ အတိုက်ခံရတဲ့အကြောင်း

    - သရက်ချောင်းမြို့နယ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံတစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတဲ့ အခြေအနေ

    - လောင်းလုံးမြို့နယ်ထဲ ရဲအငြိမ်းစားတစ်ဦး၊ စစ်မှုထမ်းဟောင်းတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ ပစ်သတ်ခံရတဲ့အကြောင်း

    - မြိတ်မြို့မှာ ကားဗုံးပေါက်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တဲ့အကြောင်း

    - မြိတ်နဲ့ ပုလောမြို့မှာ အမျိုးသမီးလေးဦးထက်မနည်းကို အဖမ်းခံရတဲ့အကြောင်း

    - ထိုင်းဘက်ကပြန်လွှဲတဲ့ မြန်မာအလုပ်သမား ၁၇၀ ကျော်ထဲက ၉ ဦးမှာ ကိုဗစ်ပိုးတွေ့တဲ့အကြောင်း

    - သခွားသီးတင်ကားထဲ ပုန်းပြီးလိုက်လာတဲ့ မြန်မာအလုပ်သမား ၁၃ဦး ထိုင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ အဖမ်းခံရတဲ့အကြောင်း အပါအဝင်

    - ဒီနေ့ ရွှေဈေးအတက်အကျ အခြေအနေ


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  • ထားဝယ်မင်းသမီးတည်ခဲ့တဲ့ ရေးမြို့

    မွန်ပြည်နယ် ရေးမြို့ကို ထားဝယ်မင်းသမီး မာယာဒေဝီက တည်ထောင်ခဲ့တာပါ။ ရေးမြို့ဟာ မြို့တည်ပြီးတိုင်း ပြန်ပျက်သွားလို့ ခြောက်ကြိမ်တိုင်တိုင် တည်ခဲ့ရတဲ့မြို့လည်းဖြစ်ပါတယ်။


    ရေးမြို့ကို ထားဝယ်မင်းသမီး တည်ထောင်ခဲ့တယ်ဆိုတာက ထားဝယ်တွေဟာ လွန်ခဲ့ နှစ်ပေါင်း ၁၃၀၀ ခန့်ကပင် ရှိနေတယ်ဆိုတာကိုလည်း သက်သေပြနေတာလည်း ဖြစ်ပါတယ်။


    Dawei Watch မီဒီယာရဲ့ ဓလေ့သမိုင်း အစီအစဉ်မှာ တနင်္သာရီတိုင်းက သမိုင်းဝင်အကြောင်းအရာတွေနဲ့ ဓလေ့တွေအကြောင်းကို အပတ်စဉ်ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

    13 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၁၆ ရက်ကနေ ၂၂ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    12 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။