Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မေလ ၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ထားဝယ်‌အမြောက်တပ်က ဗိုလ်ကြီးတစ်ဦး ပစ်သ တ်ခံရပြီးသေဆုံးသွားတဲ့အကြောင်း

    - မြိတ် တနင်္သာရီမြို့နယ် တကူကားလမ်းကို စစ်ကောင်စီက ပိတ်လိုက်တယ်ဆိုတဲ့အကြောင်း

    - မြိတ် တနင်္သာရီကားလမ်းမှာ စစ်ကောင်စီကားမိုင်းဆွဲခံရပြီး ခရီးသည်လေးဦး ဒဏ်ရာရခဲ့တဲ့အကြောင်း

    - ဘုတ်ပြင်းက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ နေအိမ်နဲ့ စက်သုံးဆီဆိုင် ချိတ်ပိတ်ခံလိုက်ရတဲ့အကြောင်း

    - တနင်္သာရီတိုင်းမှာ ကိုဗစ်တွေ့သူ ၄၀ ကျော်ရှိလာတဲ့အကြောင်း

    - ကမ်းဝေးကင်းမွန်လှေကြီးတွေကို တစ်လထပ်တိုးပြီး ငါးဖမ်းခွင့်ပြုလိုက်တဲ့အကြောင်း

    - ထိုင်းနိုင်ငံမှာ CI စာအုပ်လုပ်ခွင့်ပေးလိုက်တဲ့အချိန် ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ တန်စီစောင့်ဆိုင်းနေရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • ထားဝယ်သူ ဆင်ဖြူမလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီး

    ရတနာပုံခေတ်မှာ မင်းတုန်းမင်းတရားကြီးထံကို ထားဝယ်နယ်ကနေ ဆင်ဖြူတော်တစ်စင်း ဆက်သဖူးပါတယ်။ ဒီထားဝယ်နယ်က ရတနာဆင်ဖြူတော်မလေးနဲ့ ဆင်ဖြူမရှင် မိဘုရားကြီးတို့ အကြောင်းကို သမိုင်းရှုထောင့်ကနေ စိတ်ဝင်စားဖွယ်တင်ပြလိုက်ပါတယ်။


    တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ သမိုင်းတွေ၊ ဓလေ့တွေကို ပုံမှန်ဖော်ပြနေတဲ့ Dawei Watch ရဲ့ ‘ဓလေ့၊သမိုင်း’ အစီအစဉ်ကို လူအများပိုမိုသိရှိစေဖို့ မျှဝေပေးကြပါဦး။


    ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တစ်ခု ဖြစ်လာစေဖို့ ပရိသတ်တွေရဲ့ အကြံပြုချက်တွေကိုလည်း စောင့်မျှော်နေပါတယ်။

    11 min
  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဧပြီလ ၃၀ ရက်ကနေ မေလ ၆ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    12 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁ ရက်ကနေ ၆ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    14 min
  • Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ

    Dawei Watch ရဲ့ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များ အစီအစဉ်ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာလည်း စိတ်ဝင်စားဖွယ်ရာ ဘောလုံးပွဲစဉ်ကောင်းတွေက ပရိသတ်ကို စောင့်ကြိုလို့နေပါတယ်။


    ရာသီသိမ်းချိန် နီးကပ်လာပြီဖြစ်လို့ အသင်းတိုင်းက အမှားမခံစတမ်း အားထည့်ကစားလာတာကို မြင်နေရပါတယ်။ ဒီတစ်ပတ်ရဲ့အကောင်းဆုံးပွဲစဉ်တွေထဲ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    6 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    9 min
  • တနင်္သာရီတိုင်းက စစ်ဘေး‌ရှောင်တွေ ဘာတွေကြုံတွေ့နေရလဲ

    တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ ဘယ်လောက်ရှိနေတယ်.. ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်.... ဆိုတာသိရှိနိုင်ဖို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းဖော်ပြလိုက်ပါတယ်။

    11 min
  • မေလ ၅ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

    - လောင်းလုံးမြို့နယ် မင်းရပ်ရွာဆိုင်းဘုတ်အောက်မှာ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့တဲ့အကြောင်း

    - ရေဖြူမြို့နယ် ကံပေါက်ကျေးရွာက ရပ်ကွက် ၁၁ ခုကို ဧည့်စာရင်းတိုင်ဖို့ စစ်ကောင်စီက ဖိအားပေးလာတဲ့အကြောင်း

    - ပလမြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဓာတ်အားပေးစက်ရုံမီးလောင်ကျွမ်းတာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့တဲ့အကြောင်း

    - မြိတ်မြို့မှာ အသက် ၇၀ ခန့်အရွယ် အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးသွားတဲ့အကြောင်း

    - ရေရှားပါးမှုကြောင့် ထားဝယ်မှာ အဝီစိတွင်းတူးသူတွေများလာနေတဲ့အကြောင်း

    - အိမ်မိုးရာသီ ထားဝယ်မှာ ဝါးဈေးတွေမြင့်တက်လာတာ

    - ဖိလစ်ပိုင်နိုင်ငံမှာ အသေးစားနျူးကလိယ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ အမေရိကန် ကုမ္ပဏီတစ်ခုကစီစဉ်နေတဲ့အ‌ကြောင်း

    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  • အောင်လအန်ဆန်းက ကမ္ဘာ့ချန်ပီယံရွှေခါးပတ်စိန်ခေါ်ခွင့်ကို အရယူပြနိုင်မလား

    အောင်လအန်ဆန်းအတွက်ရော ဖန်ရောင်းအတွက်ပါ ဒီပွဲက အရေးကြီးလွန်းပါတယ်။ One Fight Night 10 ရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် သူတို့နှစ်ယောက်က ထိုးသတ်ကြမှာပါ။


    အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်က ဘလွမ်းဖီးလ်မှာ ဒီပွဲကို ယှဉ်ပြိုင်ထိုးသတ်စေမယ်လို့ သိရှိရပါတယ်။


    တကယ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက ကျင်းပခဲ့တဲ့ One Fight Night 6 ပြိုင်ပွဲမှာကတည်းက သူတို့နှစ်ယောက်ကို ထိပ်တိုက်တွေ့စေဖို့ ပွဲစီစဉ်ထားခဲ့တာပါ။


    တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းက ကိုဗစ်ကူးစက်ခံလိုက်ရလို့ အဲ့ဒီပွဲစဉ်မှာ အောင်လအန်ဆန်းကို ပြိုင်ဘက် ပြောင်းလဲပေးလိုက်ရပါတယ်။


    မေလ ၅ ရက်နေ့(မြန်မာစံ​တော်ချိန် ​မေလ ၆ ရက်​နေ့ နံနက် ၇ နာရီခွဲ)မှာ ထိုးသတ်မှာဖြစ်လို့ စောင့်ကြည့်ရင်ခုန်ချင်စရာ ပွဲစဉ်ကောင်းတစ်ပွဲပါပဲ။


    မြန်မာ့စပါးအုံး အောင်လအန်ဆန်း ဟာ တရုတ်ကင်းကောင်စစ်သူရဲ ဖန်ရောင်းကို အနိုင်ရခဲ့ရင် သူလက်လွှတ်ခဲ့ရတဲ့ ချန်ပီယံရွှေခါးပတ်တွေအတွက် စိန်ခေါ်ခွင့် ရလာနိုင်ဖို့ ရှိနေပါတယ်။

    4 min
  • မေလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - တနင်္သာရီတိုင်းက စစ်ဘေးရှောင်သုံးသောင်းကျော် ရိက္ခာ၊ ဆေးဝါနဲ့ အမိုးအကာတွေလိုအပ်နေတဲ့အကြောင်း

    - ပုလောမြို့နယ် နန်တောင်ရွာနဲ့ ထမင်းမစားရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း

    - ပြည်ကြီးမဏ္ဍိုင်မြို့က စရဖရုံးနဲ့ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့နေအိမ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းခဲ့တဲ့အကြောင်း

    - ကျပ်သိန်းသုံးဆယ်ကျော်သွားပြီဖြစ်တဲ့ ရွှေဈေးကွက်အခြေအနေ

    - မိုးဖျက်နည်းလို့ ဒေသတွင်း ဆားအထွက်ကောင်းလာတယ်ဆိုတဲ့အကြောင်း

    - ဧပြီလ တစ်လထဲ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တဲ့ မြန်မာအလုပ်သမား ၄၀၀ ကျော် အဖမ်းခံရတဲ့အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။