Dawei Watch Podcast

Dawei Watch Podcast

By Dawei WatchNewsDaily News
Download on the App Store

Dawei Watch Podcast episodes

  • မြန်မာ့ရေးရာ

    မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

    10 min
  • တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ‌၂၄ ရက်ကနေ ၃၀ ရက်နေ့အထိ)

    တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

    11 min
  • မန်ယူ ပြန်လာနေပါပြီ..... ​နိုင်ပွဲ​တွေ ဆက်​နေမလား

    ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ပါတော့မယ်။ ပရီးမီးယားလိဂ်အသင်းကြီးတွေဟာ အခုဆိုရင် ပွဲကျပ်တွေကို ဆက်တိုက်ဆိုသလိုပဲ ဖြတ်သန်းနေရပါပြီ။


    ဥရောပပွဲစဉ်တွေ၊ ခရာဘောင်းဖလားပွဲတွေ၊ ပရီးမီးယားလိဂ်ပွဲတွေကို မရပ်မနား ကစားရင်း အသင်းကြီးတွေဟာ ပွဲဆက်တွေ များသထက် များလာခဲ့ပါပြီ။


    ရှေ့လာမယ့် သီတင်းပတ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်တွေက ဥရောပပြိုင်ပွဲဝင်ခွင့်ရ အသင်းတွေကို ပြန်လည်စောင့်ကြိုနေလို့ ပွဲပန်းမှုတွေက ပိုများလာတော့မှာပါ။


    ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

    7 min
  • တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။


    ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။


    ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

    11 min
  • စက်တင်ဘာလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ကျောက်နီမော်ရွာက ရေခဲချောင်းသည် ပျောက်ဆုံးနေတဲ့သတင်း


    - ထိုင်းနိုင်ငံ ဘန်ကောက်မှာ တရားမဝင် ဝင်လာတဲ့ မြန်မာအလုပ်သမား ၁၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးတဲ့သတင်း


    - ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်မှာ ဆိုင်ကယ်စီးလာတဲ့ မြန်မာလူငယ်ကို အမည်မသိလူငယ်တစ်စုက ဓားနဲ့ထိုးတဲ့သတင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    5 min
  • ရွှေမုဆိုးတို့၏ အာခံတွင်းမှ ကြိုးဝိုင်းသစ်တော

    တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်းက ဇင်းဘာချောင်းမှာ အတားအဆီးမဲ့ ရွှေတူးတာတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုဆိုးရွား လာ​နေပါတယ်။


    ဇင်းဘာချောင်းတစ်လျှောက် ရွှေလုပ်ကွက်တွေတိုးလာနေပြီး အခုလက်ရှိ ရွှေလုပ်ကွက်တွေက ဘောလုံးကွင်းပေါင်း ၁၃၁၆ ကွင်းနဲ့ ညီမျှတဲ့ ပမာဏရှိနေပါပြီ။


    ဇင်းဘာချောင်းက ချောင်းပုံသဏ္ဏာန် မရှိတော့ဘဲ လမျက်နှာပြင်လို ချိုင့်ခွက်တွေနဲ့ ပြည့်နေပါတယ်။


    ဒီအကြောင်းကို Dawei Watch က စုံစမ်းဖော်ထုတ်တင်ဆက် လိုက်ပါတယ်။

    6 min
  • စက်တင်ဘာလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - မြိတ်မြို့မှာ မိုးသက်လေပြင်းကျရောက်ပြီး မြေပြိုတာတွေဖြစ်ပွားနေတဲ့အကြောင်း


    - တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာတံတား စစ်‌ဆေးရေးဂိတ်ကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ခဲ့တာ


    - ပုလောမြို့နယ် ပဲ့ထောင့်ရွာမှာ နေအိမ်နှစ်‌ဆောင်မီးရှို့ခံခဲ့ရတဲ့အခြေအနေ


    - ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေမှာ မျက်စိနာ‌ရောဂါအဖြစ်များတဲ့အကြောင်း


    - ပိတ်ထားတဲ့ ကံပေါက်ရွာလမ်း ဖြတ်သန်းသွားလာခွင့်ပြုလိုက်တဲ့အခြေအနေ


    - ကျပ် နှစ်သိန်းကျော်ကျလာတဲ့ ရွှေဈေးကွက် စတဲ့သတင်းတွေပဲဖြစ်ပါတယ်။


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    6 min
  • ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

    တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။


    ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။


    4 min
  • စက်တင်ဘာလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့


    - ခမောင်းချောင်းရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့တဲ့အကြောင်း


    - ရေးမြို့က မြဝတီဘဏ်ကို ရေးဘီးလူး အဖွဲ့ က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အကြောင်း


    - ငါးရက်ကြာဖမ်းဆီးခံထားရတဲ့ လောင်းလုံးမြို့ခံနှစ်ဦး မနေ့က ပြန်လွတ်လာတာ


    - မြိတ်မြို့မှာ ခန္ဓာကိုယ် မပေါ်ပိုင်းမရှိတော့ သည့် အမျိုးသား ရုပ်အလောင်းတွေ့ရှိမှုနဲ့ ခုံမော်ရွာ ရာအိမ်မှူး ပစ်ခတ်ခံရတဲ့အကြောင်းပါဝင် ထိုင်းသတင်းတွေနဲ့ ယနေ ရွေဈေးကွက်အကြောင်း


    စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  • Podcast: ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

    တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။


    ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

    4 min

About Dawei Watch Podcast

From the publisher's feed

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။