Sign up to save your podcasts
Or

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ အောက်တိုဘာလ ၈ ရက်ကနေ ၁၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။
ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကန်ချနဘူရီမှာ တရားမဝင် မြန်မာလုပ်သား ၁၇ ဦး ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံမှာ အွန်လိုင်းပေါ်ကချစ်သူနဲ့ ချိန်းတွေ့ဖို့သွားတဲ့ မြန်မာအလုပ်သမား အမျိုးသားကို လူတစ်စုကရိုက်နှက်
- ရေဖြူကို စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ပြန်လွတ်
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကံပေါက်မှာ ပုဂ္ဂလိကဘဏ်တွေအားလုံးရပ်နားလိုက်လို့ ဒေသခံတွေအခက်တွေ့နေကြရတဲ့အကြောင်း
- တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတာ
- ထားဝယ်အခြေစိုက် ဇမ္ဗူသီရိပရဟိတအဖွဲ့ကို ဦးနိုင်မျိုးသွင်က ပြန်ပြီးဦးဆောင်မယ်ဆိုတဲ့အကြောင်း
- ပေါင်မြို့က ဒေသခံလေးဦး ထပ်မံအမှုဖွင့်ခံလိုက်ရတဲ့ အခြေအနေ
- လေးရက်ဆက် အတက်အကျမရှိတဲ့ ရွှေဈေးကွက်သတင်း
- ထိုင်းသံအမတ်ဟောင်းအသ တ်ခံရမှု မြန်မာလူငယ်ကို ဖမ်းဆီးပေးဖို့ ထိုင်းရဲတပ်ဖွဲ့ကတောင်းဆိုတဲ့အကြောင်း
- ချင်းမိုင်မှာ အုပ်စုဖွဲ့ရန်ဖြစ်မှု မြန်မာလုပ်သားခြောက်ဦး ဖမ်းဆီးခံရတဲ့အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ဒီတစ်ပတ်မှာတော့ Jaane Jaan ဆိုတဲ့ဇာတ်ကားကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးချင်မိပါတယ်။
အရမ်းကို ကောင်းမွန်တဲ့ဇာတ်ကားလေးပါ။ နာမည်ကြီး ဂျပန်ဝတ္ထုကို အခြေခံပြီး ရိုက်ကူးလိုက်တဲ့ဇာတ်ကားဖြစ်ပါတယ်။
အခု မတိုင်ခင်မှာကတည်းက တရုတ်နဲ့ ကိုရီးယားတို့မှာ ဒီဝတ္ထုကိုအခြေခံတဲ့ဇာတ်ကားတွေ ထွက်ရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့ အကြံတူရင် နောက်လူ သာစမြဲလို့ ပြောရမလားပါပဲ။
အိန္ဒိယဟာ တရုတ်နဲ့ ကိုရီးယားတို့ထက် နောက်ကျမှ ရိုက်ကူးပြီး နောက်ဆုံးပိတ်မှာ အိတ်နဲ့ လွယ်သွားနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းက သေသပ်ကောင်းမွန်လွန်းတဲ့အပြင် တွေးစရာတွေ အများကြီးကိုလည်း ပေးသွားခဲ့ပါတယ်။
ဇာတ်လမ်းက အမှုတစ်ခု၊ အိမ်နီးနားချင်း နှစ်ဦး၊ အမှုကို အသည်းအသန်လိုက်နေတဲ့ ရဲအရာရှိတစ်ယောက်နဲ့ပဲ အားပြုထားတာပါ။
ကျန်တဲ့သရုပ်ဆောင်တွေ၊ ယုတ်စွအဆုံး အိမ်နီးချင်းတစ်ယောက်လည်းဖြစ် အမှုကျူးလွန်သူလည်းဖြစ်တဲ့သူရဲ့သမီးနေရာက သရုပ်ဆောင်တဲ့သူတောင် အရန်သဘောလောက်ပဲ ရှိခဲ့ပါတယ်။
ဇာတ်ကားရဲ့နာမည်က Jaane Jaan ပါ။ ဂျပန်စာရေးဆရာ ကိုင်ဂို ဟီကာရှီနို ရေးသားထားတဲ့ The Devotion of Suspect X ဝတ္ထုကို ပြန်လည်ရိုက်ကူးတာဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကောင်စီတပ်က ရေဖြူမြို့နယ် ဇီးကျရွာမှာ အိမ်ဝင်အိမ်ထွက်စစ်ဆေးသွားတဲ့အကြောင်း။
- မြိတ်မြို့မှာ ထိုင်းနိုင်ငံကထုတ်တဲ့စားအုန်းဆီကို စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် ဈေးတက်တာ
- စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တနင်္သာရီမြို့နယ်က လူငယ်တစ်ရာကျော်ကို အခြေခံဆေးပညာနဲ့ စစ်ပညာ သင်ကြားပေးနေတဲ့အကြောင်း
- မွန်ပြည်နယ်ရေးမြို့ကရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ဦးပစ်ခတ်ခံရတာ
- စစ်ကောင်စီတပ်ကဖမ်းသွားတဲ့ မောင်မယ်ရှောင်ရွာသားသုံးဦးထဲက တစ်ဦးရဲ့ ရုပ်အလောင်း ထားဝယ်မြစ်ထဲ တွေ့ရတဲ့အကြောင်း
- ထိုင်နိုင်ငံ စူရတ်ဌာနီ ရုပ်ရှင်ပွဲတော်မှာ မြန်မာဒါရိုက်တာ ကိုပေါက်အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပြသမဲ့အကြောင်း
- မုတ်သုန်ဆုတ်ခွာမဲ့ ကာလ တနင်္သာရီတိုင်းမှာ ၇ ရက်က နေ ၉ ရက်အထိ မိုးထစ်ချုန်းရွာနိုင်မဲ့အခြေနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရေဖြူအနောက်ဖက်ကမ်း ကျေးရွာတွေက နေအိမ်အချို့ ကို စစ်ကောင်စီတပ်က မီးရှို့တဲ့အကြောင်း
- ပလမြို့မှာ အသက်ကြီးပိုင်း ဒေသခံတွေ ဆက်တိုက်အဖမ်းခံနေရတဲ့ အခြေအနေ
- KIA ဌာနချုပ်နားက စစ်ဘေးရှောင်စခန်း ဗုံးကြဲခံရလို့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် ၃၀ နီးပါး သေဆုံးခဲ့တဲ့ အကြောင်း
- ဘန်ကောက်မြို့လယ်က ပစ်ခတ်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးနဲ့ တရုတ်အမျိုးသမီး မိသားစုကို နစ်နာကြေး ဘတ် ၆ သန်းကျော်စီပေးမယ့်အကြောင်း
- ထိုင်းနိုင်ငံက မြန်မာစတိတ်ရှိုးပွဲမှာ လိမ်လည်မှုတွေရှိပြီး ပွဲလာကြည့်တဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးစစ်ဆေးခံရတဲ့ အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- သရက်ချောင်းက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့တဲ့အကြောင်း
- စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရတာ
- ပေါင်နဲ့သထုံမှာ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးရင် ဖမ်းဆီးမယ်လို့ အမိန့်ထုတ်တဲ့အကြောင်း
- ဘန်ကောက်မှာ သံအမတ်ဟောင်း အသတ်ခံရမှု မြန်မာလုပ်သားတစ်ဦးကို ဖမ်းမိန့်ထုတ်တဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ အောက်တိုဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ မန်ယူ နိုင်ပွဲပြန်ရှာနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရဖို့ ရှိနေသလို အာဆင်နယ်နဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့နေတဲ့ စူပါဆန်းဒေး ပွဲကြီးပွဲကောင်းကလည်း ရှိလို့နေပါတယ်။
ဒီပွဲစဉ်ပြီးရင် နိုင်ငံတကာပွဲစဉ်တွေ ဝင်ရောက်လာတော့မှာဖြစ်လို့ အသင်းအများစုကို ကိုယ့်ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ ဖိအားတွေအောက်ဆီ ရောက်မသွားစေဖို့ သတိကြီးကြီးထားပြီး ကစားလာတော့မှာပါ။
ဒီတစ်ပတ် ဘောလုံးပွဲစဉ်တွေထဲက အသင်းကြီးတွေရဲ့ပွဲစဉ်ကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။
From the publisher's feed