
Sign up to save your podcasts
Or


Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရွာတစ်ဝက်နီးပါးမီးရှို့ခံထားရတဲ့ လောင်းလုံးညောပြင်ရွာက ဒေသခံတွေ အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အကြောင်း
- သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တစ်ဆောင်မီးလောင်ပျက်စီးသွားတဲ့အခြေအနေ
- ကော့သောင်းမြို့ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းမိခဲ့တာ
- သရက်ချောင်းမြို့နယ် ပြင်းဖြူသားရွာအုပ်ချုပ်ရေးမှူး ပစ်သ တ်ခံလိုက်ရတဲ့အကြောင်း
- တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာက အသက်ကြီးပိုင်အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတာ
- လက်နက်ကိုင်လူတစ်စုဖမ်းသွားတဲ့ ပုလောကျောက်တောင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့ခဲ့တဲ့အခြေအနေ
- မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁ ကို ထောက်ပို့ ၁၂ ဖွဲ့က ထောက်ပံ့တာရပ်ဆိုင်းလိုက်တဲ့အကြောင်း
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာပဋိပက္ခ၊ တိုက်ပွဲနဲ့ အထွေထွေ အကျပ်အတည်းဒဏ်ကိုအလူးအလဲခံစားနေချိန် နောက်ထပ်ကပ်ဘေးတစ်ခုထပ်ကြုံရဖို့ရှိနေပါတယ်။
အဲဒါကတော့ အလွန်ပူပြင်းခြောက်သွေ့ပြီးအဖျက်မိုးရွာသွန်းနိုင်တဲ့ အယ်လ်နီညိုလို့ခေါ်တဲ့ရာသီဥတုကပ်ဘေး ဖြစ်ပါတယ်။
အယ်နီညိုရာသီဥတုဖြစ်တဲ့ အခုလိုအချိန်မှာ သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ရေချိုရှားပါးတာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီမြို့နယ်မှာ မိုင်းနင်းမိတဲ့ရွာသား ခြေနှစ်ဖက်ဖြတ်လိုက်ရတဲ့အကြောင်း
- မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်ကျွန်းချလိုက်တဲ့အကြောင်း
- ချင်းနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေ
- ဒေါ်လာငါးသိန်းယူပြီး စင်ကာပူက ထွက်ဖို့ကြိုးစားတဲ့ လက်နက်ပွဲစားအပါအဝင် မြန်မာသုံးဦး အရေးယူခံရတဲ့ အကြောင်း
- မဟာချိုင်မှာ မြန်မာလုပ်သားတွေ လုပ်အားခမရဘဲ့ အလုပ်ထုတ်ခံရတဲ့အကြောင်းအပါအဝင်
- ရွှေ နဲ့ ဘတ် ဈေးအတက်အကျအခြေအနေကို
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံး ညောပြင်ရွာက နေအိမ်အများအပြားကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အကြောင်း
- ထားဝယ်မြို့ပေါ် က အိမ်ငှားတွေ ဧည့်စာရင်းကြေး ပိုကုန်နေရတဲ့အကြောင်း
- ထားဝယ်ထောင်ထဲက နိုင်ငံရေးအကျဥ်သားတစ်ဦး ဆေးကုသခွင့်မရလို့ မျက်စိကွယ်သွားတဲ့အကြောင်း
- ပလောက်မြို့ ကျောက်တောင်ရွာက ပျူစောထီးခေါင်းဆောင်ကို ပုလောစစ်ကြောင်း-၁ က ရှင်းလင်းခဲ့တဲ့အခြေအနေ
- ထိုင်းရောက် MoU မြန်မာအလုပ်သမား ၇၀ ကျော် ရောင်းစားခံရတဲ့အပြင် အလုပ်လည်းပုံမှန်မလုပ်ရလို့ ဒုက္ခရောက်နေကြတဲ့ အခြေအနေ
- နာမည်ကျော် ဂန္တဝင်တေးသံရှင် ဒေါ်မာမာအေး ကွယ်လွန်သွားတဲ့အကြောင်း အပါအဝင်
- ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
မြန်မာ့ဂီတလောကရဲ့ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်တဲ့ ဒေါ်မာမာအေး ကွယ်လွန်သွားခဲ့လေပြီ။ မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက် မနက်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဂန္ထဝင်တေးသံရှင်ကြီး ဒေါ်မာမာအေးဟာ အမေရိကန်ပြည်ထောင်စု၊ ဖို့ဒ်ဝိန်းမှာရှိတဲ့ သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုစံတော်ချိန်အရ ဇန်နဝါရီလ ၈ ရက် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆ နာရီ ၂၈ မိနစ်(မြန်မာစံတော်ချိန်အရ ဇန်နဝါရီလ ၉ ရက်၊ မနက် ၅ နာရီ ၅၈ မိနစ်)မှာ ဒေါ်မာမာအေးက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဒေါ်မာမာအေးရဲ့ဘဝဇာတ်လမ်းကို ပြောပြရမယ်ဆိုရင် ရွှေဝါရောင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က ထောက်ခံပေးခဲ့သူ အနုပညာရှင်တစ်ယောက်ဆိုတာကို စပြီးပြောရပါလိမ့်မယ်။
၂၀၀၇ စက်တင်ဘာလတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကဆိုရင် ဒေါ်မာမာအေး သီဆိုခဲ့တဲ့ အသဲနာ ကမ္ဘာမကြေသီချင်းဟာ အရမ်းကို လူကြိုက်များလွန်းခဲ့ပါတယ်။
အဲ့ဒီတုန်းက မြန်မာနိုင်ငံကလူတွေခမျာ အသဲနာ ကမ္ဘာမကြေသီချင်းကို အသံကျယ်ကျယ် မဖွင့်ရဲလို့ အသံတိုးတိုးနဲ့ ခိုးပြီး နားထောင်ခဲ့ရတာကလည်း သတိရစရာပါပဲ။
နွေဦးတော်လှန်ရေးအစမှာလည်း လက်သုံးချောင်းထောင်ပြီး သူမဟာ ပြည်သူနဲ့အတူ တစ်သားတည်း ရပ်တည်နေပါတယ်ဆိုတာကို ဂန္ထဝင် ဒေါ်မာမာအေးက ထုတ်ဖော်ပြသခဲ့သေးတာပါ။
ကွယ်လွန်ချိန်မှာတော့ ဒေါ်မာမာအေးရဲ့အသက်က ၈၁ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့အကြောင်း
- ရေဖြူမြို့နယ်ထဲက ဥယျာဥ်ခြံအချို့ကို မသွားကြဖို့ စစ်ကောင်စီတပ်က တားမြစ်ထားတဲ့အခြေအနေ
- စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး ပြန်လွှတ်လိုက်တဲ့ အမျိုးသားတစ်ဦး သေဆုံးလျက် ပြန်တွေ့တဲ့အကြောင်း
- သံဖြူဇရပ်မှာ အဖမ်းခံထားရသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ဆက်တိုက်အမှုဖွင့်နေတဲ့အခြေအနေ
- ရှမ်းမြောက်ရှိ ကွတ်ခိုင်ဗျူဟာကုန်းကို သိမ်းယူခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်တာ
- ဘန်ကောက်မြို့မှာ ဆယ်ကျော်သက် မြန်မာမိန်းကလေးတစ်ဦး ဓါးထောက်ပြီးအဓမ္မကျင့်ခံရတဲ့အကြောင်း အပါအဝင်
- ကန်ချနဘူရီခရိုင်မှာ တရားမဝင်လာတဲ့ မြန်မာအလုပ်သမားတွေတင်လာတဲ့ကား လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်လို့ အလုပ်သမားတွေ ဒဏ်ရာရသွားတာ
စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
တနင်္သာရီတိုင်းအတွင်း မြန်မာမျိုးနွယ်စုများပြီးပါက ဒုတိယလူဦးရေ အများဆုံး တိုင်းရင်းသား မျိုးနွယ်စုဖြစ်သည်။
တနင်္သာရီရိုးမအတိုင်း စီးဆင်းသည့် တနင်္သာရီမြစ်တစ်လျှောက်တွင် အများဆုံးတွေ့ရသည်။
စကောကရင်ကို အများဆုံးတွေ့ရပြီး ပိုးကရင်များလည်းရှိသည်။
စိတ်ဝင်စားစရာ ကောင်းသည်က အရိုင်းကရင်(ကရင်နားတောင်းကြီး)များရှိသလို ပင်လယ်ပိုင်းနေသည့် ကရင်များကိုလည်း ပင်လယ်ကရင်အဖြစ်တွေ့ရသည်။
ယခုအပတ် ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ကရင်တိုင်းရင်းသားများ အကြောင်းကို တင်ဆက်ပေးလိုက်ရပါသည်။
မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။
ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ ဇန်နဝါရီလ ၆ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။
အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်တွေ ရောက်ရှိလာခဲ့ပါပြီ။
အာဆင်နယ်နဲ့ လီဗာပူးတို့ ထိပ်တိုက်ဆုံနေတဲ့ပွဲက အက်ဖ်အေဖလားပြိုင်ပွဲရဲ့ပွဲကြီးပွဲကောင်းပါပဲ။
ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံပြေးလမ်းထဲက အသင်းနှစ်သင်းဖြစ်နေလို့ ပြိုင်ဆိုင်မှုက ပြင်းထန်မှာပါ။
ဝီဂန်နဲ့ မန်ယူတို့ရဲ့ပွဲစဉ်ကလည်း မန်ယူရဲ့လက်ရှိအခြေအနေတွေကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်လို့နေပါတယ်။
အက်ဖ်အေဖလားပွဲစဉ်တွေမှာ အစဉ်အလာအတိုင်း ကမောက်ကမရလဒ်တွေ ထွက်ပေါ်နေတာမို့ အသင်းတိုင်းက သတိကြီးကြီးထားပြီး ကစားမှသာ ရလဒ်ကောင်းနိုင်မှာပါ။
အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေထဲက ထိပ်တန်းအသင်းတချို့ရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် စီစဉ်တင်ဆက်လိုက်ပါတယ်။
တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။
From the publisher's feed