အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
မိုးမောက်-လွယ်ဂျယ်လမ်းပေါ် နောက်ဆုံးကျန်နေတဲ့ စိန်လုံဗျူဟာကုန်းကို KIA သိမ်းပိုက်
ဖျာပုံထောင်တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး အကျဉ်းသားနှစ်ဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရထား
ဖာပွန်နဲ့ မံစီမှာ လေကြောင်းဗုံးကြဲမှုကြောင့် လူဆယ်ဦးကျော်သေဆုံး
မုန်းမြို့နယ်မှာ စစ်တပ်လက်ချက်နဲ့သုံးလအတွင်း လူနှစ်ဆယ်နီးပါး သေဆုံး၊ ခြောက်သောင်းကျော် ထွက်ပြေးနေရ
ထားဝယ်ကို အင်အားဖြည့်ဖို့လာတဲ့စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
ကင်ဆာရောဂါ ဖြစ်နေကြောင်း ကြေညာပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ ပထမဆုံးအကြိမ် ထွက်ခဲ့တဲ့ ချားလ်စ်ဘုရင်
တန်ဖိုးကြီး လက်ပတ်နာရီတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ပီရူးသမ္မတ အိမ်တော်ကို ရဲတပ်ဖွဲ့ စီးနင်း စတဲ့နိုင်ငံတကာ သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။