အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ (၇) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
မင်းပြားက တပ်ရင်းနှစ်ခုနဲ့ မောင်တောက တောင်ပြိုလက်ဝဲစခန်းတို့ကို သိမ်းပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့အတည်ပြု
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမှာတိုက်ပွဲပြင်းထန်နေပြီး အရပ်သားတွေပိတ်မိ
မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတဦး သေဆုံးပြန်
ရေဦးနယ်မှာ စစ်ကြောင်းထိုးတဲ့စစ်တပ်က ဒေသခံအမျိုးသားနှစ်ဦးကို သတ်ဖြတ်
နယ်စပ်ကတိုက်ပွဲတွေကြောင့် အရပ်သားတွေသေဆုံးထိခိုက်မှု ဘင်္ဂလားဒေ့ရှ်က ဝေဖန်ကန့်ကွက်
တူရကီငလျင်ကြီး တနှစ်ပြည့်ဆုတောင်းပွဲမှာ ကျန်ရစ်သူမိသားစုတွေက အစိုးရညံ့ဖျင်းမှုတွေကို ဆန္ဒပြ
ဆိုမာလီယာရဲ့ မြို့တော်မှာ အကြီးဆုံးလေဟာပြင်စျေးထဲ ဗုံးကွဲမှုတွေကြောင့် လူဆယ်ဂဏန်းသေဆုံး စတဲ့သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။