အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၂၅) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
ပေါက်တောမြို့ကို AA ထိန်းချုပ်ထားပြီလို့ ညီနောင်သုံးဖွဲ့ အတည်ပြု
သိန္နီနယ်မှာ စစ်ကောင်စီထိုးစစ်ဆင်လာလို့ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ဆို
ဧရာဝတီတိုင်းက တပ်ထောက်ခံသူတွေ တပ်သားသစ်ရှာမပေးရင် ကိုယ်တိုင်တပ်ထဲဝင်ရမယ်လို့ဆို
တပ်ဖွဲ့ဝင်တချို့ကို ကိုယ်ထိလက်ရောက်ကျုးလွန်တဲ့ PDF ဒုတပ်ရင်းမှူး ရာထူးကယာယီရပ်နားခံရ
ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း တဦးသေ၊ ခုနစ်ဦးဒဏ်ရာရ
တရုတ်ပြိုင်ဘက်ကို တုံ့ပြန်ဖို့အတွက် စျေးသက်သာတဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်တော့မယ့် Tesla
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ MFP ပါတီရဲ့ ခေါင်းဆောင်ဟောင်း ဖိထာအပေါ် စွဲချက်တွေ ပျက်ပြယ် စတဲ့သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။