အခုနားဆင်ရမှာကတော့ DNA ရဲ့ 7 PM Podcast အစီစဉ်ပဲဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ ရဲ့ Podcast အသံလွှင့်အစီအစဉ်မှာတော့
လူသားချင်းစာနာရေးကူညီမှုတွေ ကန့်သတ်ထားလို့ ရခိုင်က ရိုဟင်ဂျာဒုက္ခသည်တွေ အငတ်ဘေးဆိုက်
ကန့်ဘလူမှာစစ်ကြောင်းထိုးခဲ့တဲ့စစ်တပ်က အရပ်သားနှစ်ဦးကို သတ်ဖြတ်
ပြည်ထောင်စုမပြိုကွဲရေးမူကို အထိခံမှာမဟုတ်ဘူးလို့ တမြို့ပြီးတမြို့ လက်လွှတ်နေရတဲ့ စစ်ခေါင်းဆောင်ပြော
ဖယ်ခုံမြို့ပေါ် က စစ်ကောင်စီတပ်စွဲရာ နေရာတချို့ကို ကာကွယ်ရေးတပ်တွေသိမ်းပိုက်
ကန့်ဘလူနယ်၊ တင်ငုတ်ကြီးရွာက ပျူစောထီးစခန်းကို PDF သိမ်းပိုက်
ကားတွေရဲ့ ဆက်တိုက် မောင်းနှင်နိုင်မှုအကွာအဝေး ကြေညာချက်ကို အမေရိကန်မှာ Tesla ပြင်ဆင်လျှော့ချ
ဒုစရိုက်ဂိုဏ်းတွေ သောင်းကျန်းနေတဲ့ အီကွေဒေါမှာ လူနေရပ်ကွက်တွေထဲ စစ်တပ်ကင်းလှည့်စတဲ့သတင်းများ ကိုနားဆင်ရမှာဖြစ်ပါတယ်။