
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၂၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
- ICJ စီရင်ချက်ကို အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့ ၁၄ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း
-စစ်အာဏာရှင်တပ်အရာရှိ ၅ ယောက်ကို ယူကေ က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တဲ့သတင်းနဲ့
-မန္တလေး-မိုးမိတ်လမ်းပိုင်းရှိ စစ်တပ်စခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၂၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ICJ စီရင်ချက်ဘယ်လိုဖြစ်ဖြစ် မြန်မာနဲ့ဆက်ဆံရေး ဆက်ထိန်းထားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောလိုက်တဲ့သတင်း
-ကျားဖြန့်အွန်လိုင်းငွေလိမ်မှုနဲ့ တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိတချို့ စစ်ဆေးခံရတဲ့သတင်းနဲ့
-ကျိုက်ထိုမှာ စစ်တပ်က နေအိမ် ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူသွားတဲ့ သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံက ကျူးလွန်ခဲ့တယ်လို့ ICJ တရားရုံးက အမိန့်ချလိုက်တဲ့သတင်း
-ယူကေက မြန်မာစစ်သံမှူးကို နှင်ထုတ်လိုက်ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တဲ့သတင်းနဲ့
-ထိုင်းကို MOU နဲ့ အလုပ်သွားလုပ်မဲ့လူတွေ ငွေလွှဲပို့စေဖို့ မိဘက ကတိခံဝန်ချက် ပေးရမဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-အာဆီယံနဲ့ ဆက်ဆံရေးပြန်လည်သုံးသပ်မယ်လို့ စစ်အာဏာရှင်က ပြောလိုက်တဲ့ သတင်း
-ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေဆုံးဖြတ်ချက် အဆိုမူကြမ်းကို ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တဲ့ သတင်းနဲ့
-မလေးရှားနိုင်ငံမှာ UNHCR ဒုက္ခသည်မှတ်ပုံတင်နဲ့ အထောက်အထားထုတ်ပေးမှုတွေ ရပ်ဆိုင်းလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-တိုင်းပြည်ဝင်ငွေတိုးလာရင် လာမဲ့နှစ် ဝန်ထမ်းလစာတိုးပေးမယ်လို့ စစ်အာဏာရှင်က ပြောလိုက်တဲ့သတင်း
-မြန်မာနဲ့ ပိုမို ထိတွေ့ဆက်ဆံဖို့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းလိုက်တဲ့သတင်းနဲ့
-အလုပ်သမားအရေးလှုပ်ရှားတဲ့ ကိုစူရတ်ရဲ့ အာမခံအယူခံ ထပ်မံပယ်ချခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းဟာ “သည်းမခံနိုင်လောက်အောင် ဆိုးရွားနေပြီ”လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောလိုက်တဲ့သတင်း
-မိုးနဲမြို့နယ်မှာ စပါးခင်း ဧကပေါင်း ၃, ၀၀၀ ကျော် ရေလွှမ်းမိုးခံနေရတဲ့သတင်းနဲ့
-ရန်ပုံငွေပြတ်လပ်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာရေးအခက်ကြုံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောလိုက်တဲ့သတင်း
-စစ်အာဏာရှင် မင်းအောင်လှိုင်ကို ချက်ချင်းဖမ်းဆီးပြီး ICC တရားရုံးကိုပို့ဖို့ မနီလာမြို့မှာ ဆန္ဒပြတဲ့သတင်းနဲ့
-ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်အာဏာရှင်တို့တွေ့ဆုံပြီး နယ်စပ်ဒေသတည်ငြိမ်ရေးဆွေးနွေးခဲ့ကြတဲ့သတင်း
-မြောက်ဦးမှာ မူလွန်ကျောင်း ဗုံးကြဲခံရပြီး ပြည်သူတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့
-စစ်အာဏာရှင်ကို အာဆီယံထိပ်သီးညီလာခံ တက်ခွင့်မပြုတဲ့အပေါ် NUG က ကြိုဆိုလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားတဲ့ သတင်း
-ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးရမဲ့ရက် သတ်မှတ် ကြေညာလိုက်တဲ့ သတင်းနဲ့
-ဒီးမော့ဆို စစ်ရှောင်စခန်း ရေနစ်မြုပ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ နိုဝင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ဂျာမနီ သံရုံးယာယီတာဝန်ခံကို စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူ သတိပေးလိုက်တဲ့သတင်း
-KNLA နဲ့ NUG အထူးတိုင်းစစ်ဌာနချုပ် အပါ တပ်စခန်း ၁၁ ခုကို စစ်တပ်က သိမ်းပိုက်လိုက်တဲ့သတင်းနဲ့
-မြန်မာလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်နေတဲ့သတင်းတွေကို နားဆင်ရကြရမှာပါ