
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာပြည်မြောက်ပိုင်းက ကျားဖြန့်ဂိုဏ်းခေါင်းဆောင်တွေကို တရုတ်တရားရုံးက သေဒဏ်ပေးလိုက်တဲ့သတင်း
-လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ တရားမဝင် ဆေးကုသူတွေကို စစ်ဆေးဖို့ လွှတ်တော်မှာ ဆွေးနွေးတဲ့ သတင်းနဲ့
-ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် သက်သေခံလက်မှတ် (CI) ထုတ်ပေးရေး စခန်းတွေ စတင်ဖွင့်လှစ်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-စစ်အာဏာရှင်ကြောင့် မြန်မာကလေးငယ် ၄ ဒသမ ၉ သန်း လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေတဲ့သတင်း
-ရိုဟင်ဂျာနေရပ်ပြန်နိုင်ရေး ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့လိုနေတယ်လို့ IIMM အကြီးအကဲက ပြောလိုက်တဲ့သတင်းနဲ့
-မမြဆည်တမံ နိမ့်ကျသွားလို့ ဆည်အောက်ပိုင်းရှိ စာသင်ကျောင်းတွေ ယာယီပိတ်ထားရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မဟာစည်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အိုနဲ့ စစ်ရှောင်တွေ သေဆုံးဒဏ်ရာရခဲ့တဲ့ သတင်း
-မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ ၃ ဦးနဲ့ သပိတ်အင်အားစုကို ချက်နိုင်ငံက Forum 2000 နိုင်ငံတကာဆု ချီးမြှင့်လိုက်တဲ့သတင်းနဲ့
- ဝိဇ္ဇာနည်းလမ်းနဲ့ ကုပေးနေတဲ့ ဆေးကုခန်းကို စစ်တပ်က ပိတ်ခိုင်းလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-စစ်အာဏာရှင် မင်းအောင်လှိုင်ကို ဘရူနိုင်းနဲ့ အင်ဒိုနီးရှားတို့က ဖိတ်ကြားဖို့ရှိနေတယ်ဆိုတဲ့ သတင်း
-မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုအခြေအနေ ပိုမိုနက်ရှိုင်းဆိုးရွားလာတယ်လို့ ကုလသမဂ္ဂက အစီရင်ခံစာထုတ်ပြန်လိုက်တဲ့သတင်းနဲ့
-ဌာနေတိုင်းရင်းသားဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ကိစ္စ MNDAA ကိုးကန့်တပ်ထံ ရှမ်းအဖွဲ့အစည်းတွေက စာပို့ကန့်ကွက်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာစစ်အာဏာရှင်နဲ့ မလေးရှားဝန်ကြီးချုပ်တို့ တွေ့ဆုံ ဆွေးနွေးတဲ့ သတင်း
-DVB အပါအဝင် မီဒီယာ ၅ ခုကို အမှုဖွင့်ပြီး အင်တာပိုလ်ထံ ဖမ်းခိုင်းထားတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောလိုက်တဲ့ သတင်းနဲ့
-စစ်အာဏာရှင်အစိုးရက ဘယ်လာရုစ်ထံကနေ ချေးငွေယူဖို့ ကြိုးစားနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
- ကန့်ကွက်မှုတွေကြားက စစ်အာဏာရှင် မင်းအောင်လှိုင် မလေးရှားခရီးစဉ်သွားရောက်နေတဲ့ သတင်း
-ကယန်းအမျိုးသားတပ်မတော် (KNA) တပ်ရင်းညွှန်ကြားရေးမှူး လေကြောင်းတိုက်ခိုက်မှုမှာ ကျဆုံးသွားတဲ့သတင်းနဲ့
-အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေ ပအိုဝ်းဒေသမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မင်းအောင်လှိုင်ရဲ့ မလေးရှားခရီးစဉ်ကို အာဆီယံလူ့အခွင့်အရေး ပါတီမတ်အမတ်များအဖွဲ့က ကန့်ကွက်လိုက်တဲ့သတင်း
-အယ်လ်နီညိုရာသီဥတုကာလ အလှည့်ကျမီးပေးစနစ်ကြောင့် မြန်မာလူထုပိုမို အခက်တွေ့နိုင်တဲ့ သတင်းနဲ့
-ဘယ်လာရုစ်အဆိုတော်ကို လူကုန်ကူး သတ်ဖြတ်ခဲ့မှုနဲ့ မြန်မာ ၅ ယောက် ထောင် ၂၁ နှစ်စီ ချမှတ်ခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို သပိတ်မှောက်ဖို့ မလေးရောက် မြန်မာတွေကို တိုက်တွန်းထားတဲ့သတင်း
-ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်စခန်းတွေ လေကြောက်ကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့သတင်းနဲ့
-ရာသီဥတုပူလာပြီး လျှပ်စစ်ပိုသုံးလာလို့ အလှည့်ကျစနစ်နဲ့ မီးပြန်ပေးမဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍတစုံလုံးကို ပိတ်ဆို့အရေးယူဖို့ ကနေဒါအစိုးရကို အဖွဲ့အစည်း ၉၀ ကျော်က တောင်းဆိုလိုက်တဲ့သတင်း
-ရေဘေးသင့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့
-ဘန်ကောက်မြို့လယ်ခေါင်မှာ မြေပြိုကျပြီး မြန်မာလုပ်သား တယောက် သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ အောက်တိုဘာ ၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-စစ်အာဏာရှင် မင်းအောင်လှိုင် မလေးရှားသွားဖို့ရှိနေတဲ့ သတင်း
-ကျောက်တော်လေကြောင်းတိုက်ခိုက်မှု အချက်အလက်တွေပေးပို့ကြဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုအဖွဲ့ (IIMM)က တောင်းခံလိုက်တဲ့ သတင်းနဲ့
-မြန်မာအပါအဝင် သင်္ဘောသား ၅ ယောက်ကို ဆိုမာလီပင်လယ်ဓားပြတွေ သတ်ဖြတ်ခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ