
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဇူလိုင် ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံတမန် တွေ့ဆုံခွင့်ရရှိရေး ထိုင်းနိုင်ငံက တိုက်တွန်း လိုက်တဲ့သတင်း
-မြန်မာပြည်သူတွေကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ CRPH အဖွဲ့က နိုင်ငံတကာကို ကုလသမဂ္ဂဖိုရမ်မှာ တောင်းဆိုလိုက်တဲ့သတင်းနဲ့
-ကရင်ပြည်နယ်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေထိခိုက်သေဆုံးခဲ့တဲ့ သတင်းတွေနားဆင်ကြရမှာပါ ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ရဲ့ ဇူလိုင် ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-NUG နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးတဲ့သတင်း
-မြန်မာ့ လူဦးရေ ၃ ပုံ ၁ ပုံဟာ အလွန်ဆိုးရွားတဲ့ အစာရေစာမပြည့်ဝမှုကြုံနေရတယ်လို့ မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂမှာ ပြောကြားလိုက်တဲ့သတင်းနဲ့
-အာဇာနည်နေ့ လူထုလှုပ်ရှားမှုကို စောင့်ကြည့်ဖို့ စစ်အာဏာရှင်က အမိန့်ပေးထားတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ ) ရဲ့ ဇူလိုင် ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာစစ်အာဏာရှင်တပ်နဲ့ ရုရှားစစ်တပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်နေတဲ့ သတင်း
-စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်အာဏာရှင်လေတပ်က ဗုံးကြဲတိုက်ခိုက်နေတဲ့သတင်းနဲ့
-ဓနုပါတီ DNDP ဒု-ဥက္ကဋ္ဌ အပါအဝင် ၂ ဦး ဖမ်းဆီးအသတ်ခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ ) ရဲ့ ဇူလိုင် ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာတနိုင်ငံလုံးမှာ အရေးပေါ်အကူအညီလိုနေတဲ့ ပြည်သူ ၁၆ သန်းကျော်အထိ ရှိနေတဲ့သတင်း
-ဘီးလင်းမြစ်ရေကြီးပြီး ရေဘေးဒုက္ခသည် ၁၀,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့သတင်းနဲ့
-အဆိုတော် တသသကို အာဏာရှင်စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ ) ရဲ့ ဇူလိုင် ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-အာဆီယံအထူးသံတမန်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုပေးဖို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်တဲ့သတင်း
-ဥရုချောင်းရေတက်ပြီး ဖားကန့်မှာ ရေထပ်ကြီးနေတဲ့သတင်းနဲ့
-ရခိုင်မှာ ဒစ်ဂျစ်တယ်ဘဏ်အကောင့်တွေ ဆက်တိုက်အပိတ်ခံနေရတဲ့သတင်းတွေ နားဆင်ကြ ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ ) ရဲ့ ဇူလိုင် ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ပြင်သစ်သမ္မတက တောင်းဆိုလိုက်တဲ့သတင်း
-စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံဝန်ကြီးတွေ ဘန်ကောက်မှာ တွေ့ဆုံမဲ့သတင်းနဲ့
-မြန်မာနိုင်ငံ ဒေသအနှံ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ ) ရဲ့ ဇူလိုင် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ရခိုင်ပြည်နယ်မှာ ရေကြီးပြီး လယ်ဧကသောင်းချီ နစ်မြုပ်နေတဲ့ သတင်း
-ဘင်္ဂလားဒေ့ရှ်မှာ မြေပြိုကျပြီး ရိုဟင်ဂျာကလေးငယ်တွေသေဆုံးသွားတဲ့ သတင်း နဲ့
-မြန်မာနယ်စပ်တိုက်ပွဲ ပြင်းထန်နေလို့ ထိုင်းကျောင်းသားတွေ လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်း ပညာသင်ယူနေရတဲ့ သတင်း
DVB Newsbreak (ဇူလိုင် ၈ ရက် ၂၀၂၆ ၊ ညနေခင်းသတင်း)
ဒီမိုကရက်တစ်မြန်မာ့အသံ ( ဒီဗွီဘီ )ရဲ့ ဇူလိုင် ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-ရိုဟင်ဂျာနဲ့ လူနည်းတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂမှာ တင်သွင်း တဲ့အပေါ် ဗြိတိန်က ကြိုဆိုလိုက်တဲ့သတင်း
-ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဆေးကုသမှုခံယူနေရတဲ့ သတင်း မဟုတ်မှန်ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ငြင်းဆိုလိုက်တဲ့သတင်းနဲ့
-ဘန်ကောက်မြို့ရှိ ဖျော်ဖြေရေးဆိုင်တဆိုင်က မြန်မာလုပ်သား ၁၄ ယောက်နဲ့ အလုပ်ရှင် ၂ ယောက်တို့ ဖမ်းဆီးခံရတဲ့ သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-မြန်မာပြည်သူတွေကို R2P နဲ့ကာကွယ်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်တဲ့ သတင်း
-ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ နယ်မြို့ တချို့မှာ ပြုလုပ်ခဲ့တဲ့သတင်းနဲ့
-ရခိုင်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီး မမိုးဆန်းစုကြည်ကို စစ်အာဏာရှင်က ထောင်ဒဏ် ၅ နှစ်ထပ်ချ လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ ဇူလိုင် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမဲ့ သတင်းတွေကတော့ -
-အာဇာနည်နေ့ နီးလာချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွေ ဆက်တိုက် ဖြုတ်ချဖျက်ဆီးခံနေရတဲ့သတင်း
-မြန်မာပြည်ဒေသတချို့မှာ လေဆင်နှာမောင်းတိုက်ခတ်ပြီး လူနေအိမ်တွေပျက်စီးသွားတဲ့သတင်းနဲ့
-၂၀၂၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ ။