
Sign up to save your podcasts
Or


စစ်အာဏာရှင်ကို ရဲရဲတောက်ဆန့်ကျင်ခဲ့တဲ့၊ နှစ်ရှည်ထောင်ဒဏ် အနှစ် ၈၀ ချမှတ်ခံထားရတဲ့၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် အကြိမ်ကြိမ်ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးလောကထဲက အာဂ အမျိုးသမီး ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ရဲ့ အကြောင်း တစေ့တစောင်းကို နားသောတဆင်နိုင်ပါတယ်။ DVB ဝါရင့်သတင်းသမား မောင်တူးက ရေးသား တင်ဆက်ပေးထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ကုလသမဂ္ဂရဲ့ စိုးရိမ်ကြောင်းထုတ်ပြန်ချက်တွေဟာ လေကြောင်းဗုံးကြဲမှုကို မဟန့်တားနိုင်ဘူးလို့ မြန်မာသံအမတ်ကြီးက ပြောလိုက်တဲ့သတင်း
-မြန်မာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု ယူရို ၁ ဒသမ ၃ သန်းဖိုး ကုလသမဂ္ဂက ကူညီပေးမဲ့သတင်းနဲ့
-ကျိုင်းတုံမှာ ပြည်သူ့စစ်တွေကို လက်နက်ရောင်းချမှုနဲ့ စစ်တပ်အရာရှိတချို့ စစ်ဆေးခံနေရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ဒုတပ်ချုပ်ဟောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီရုံး ဖွင့်လှစ်လိုက်တဲ့ သတင်း
-အင်းတော်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံ့ပန်း ၅ ယောက်နဲ့ ပကဖတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတဲ့ သတင်းနဲ့
-ဘန်ကောက် ရထားတိုက်မှုမှာ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးရဲ့ နာရေးလုပ်ဖို့ စောင့်နေရတဲ့ သတင်းတွေကို နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
- မလေးရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကိုသွားရောက်ခဲ့တဲ့သတင်း
-မောတောင်နဲ့ တွန်းဇံကို စစ်အာဏာရှင်တပ်က ပြန်သိမ်းယူသွားတဲ့သတင်းနဲ့
-တအာင်းဘဏ်တွေ တရားမဝင်ဘူးလို့ -စစ်အာဏာရှင် ဗဟိုဘဏ်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-TNLA ထိန်းချုပ်ထားတဲ့ မြို့ ၄ မြို့ကို စစ်အာဏာရှင်တပ်က ပြန်တောင်းလိုက်တဲ့သတင်း
-ဒီပဲယင်း၊ စိုင်ပြင်ရဲစခန်းကို NUG လက်အောက်ခံတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့
-ပတ္တယားမှာ ထိုင်းလူငယ်ကို အုပ်စုဖွဲ့ဝိုင်းရိုက်ခဲ့တဲ့ မြန်မာလူငယ်တချို့ ဖမ်းဆီးခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာပြည်တွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်ပြီး ဝင်ငွေနည်းမိသားစုတွေ ပိုမိုခက်ခဲလာနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီက ထုတ်ပြန်လိုက်တဲ့သတင်း
-စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးနယ်မြေတွေမှာ ကျောင်းဖွင့်ရာသီ ကျောင်းမဖွင့်နိုင်တဲ့သတင်းနဲ့
-ပတ္တယားမှာ ထိုင်းလူငယ်ကို ဝိုင်းရိုက်နှက်ခဲ့တဲ့ မြန်မာလူငယ် ၁၀ ယောက်ကို ထိုင်းရဲက အပူတပြင်း ရှာဖွေနေတဲ့ သတင်းတွေနားဆင်ကြရမှာပါ ။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်သူတွေကို သေဒဏ်အထိပေးနိုင်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ လုပ်ဆောင်နေတဲ့ သတင်း
-မင်းပြားမှာ စက်လှေနစ်မြုပ်လို့ လူ ၉ ယောက် သေဆုံးသွားတဲ့သတင်းနဲ့
-ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-အမေရိကန်ဘဏ်မှာ NLD အစိုးရ အပ်ထားတဲ့ ဒေါ်လာ ၁ ဘီလီယံကိစ္စ ပြန်သုံးသပ်မယ်လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်တဲ့သတင်း
-စစ်အာဏာရှင် သမ္မတရာထူးယူပြီး ၁ လကျော်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀၀ ပြုလုပ်ခဲ့တဲ့ သတင်းနဲ့
-‘ဝ’ ဒေသမှာ ကျားဖြန့် တရုတ်နိုင်ငံသား အယောက် ၉၀ ကို ဖမ်းဆီးလိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင် သာဇဏ် ရေးသားထားတဲ့ "နွေဦးပြည်သူတို့အတွက် ရှောက်ဘီလူးပင် ဆေးဖက်ဝင်" လက်လှမ်းမီ ဆေးပညာအကြောင်း တစေ့တစောင်းကို နားသောတဆင်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ မေလ ၁၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့-
-စာသင်ကျောင်းနဲ့ ကလေးငယ်တွေကို စစ်တပ်က တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက ပြောတဲ့သတင်း
-ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ တနင်္သာရီတိုင်းတွေမှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့
တရားမဝင် နိုင်ငံခြားသားတွေကို ၃ လအတွင်း အပြတ်နှိမ်နှင်းဖို့ ထိုင်းရဲချုပ် ညွှန်ကြားလိုက်တဲ့ သတင်းတွေနားဆင်ကြရမှာပါ