
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၂ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ကျောက်တော် စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲလို့ လူ ၂၀ ကျော်သေးဆုံးခဲ့တဲ့ သတင်း
-ဒေါက်တာအေးမောင်ကို စစ်ခေါင်းဆောင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့သတင်းနဲ့
-ဗုဒ္ဓံသရဏံဂစ္ဆာမိ သီချင်းကို DJ တီးခတ်ခဲ့တဲ့ DJ Violet ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
- ကုလသမဂ္ဂ အထွေထွေညီလာခံ စတင်ကျင်းပနေတာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေတဲ့ သတင်း
- ငဖဲမြို့နယ်မှာ AA နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးသွားတဲ့ သတင်းနဲ့
- မြန်မာစစ်ဘေး ဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁ ရက်ကစပြီး အလုပ်လုပ်နိုင်တော့မယ့် သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
- NDF ပါတီအပါအဝင် ပါတီ ၄ ခု ဖျက်သိမ်းခံရတဲ့သတင်း -
-မြန်မာစစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို အရေးယူဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုယန္တရား IIMM က တိုက်တွန်းလိုက်တဲ့သတင်းနဲ့
-မြဝတီအခြေစိုက် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေး ယူလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ငတ်မွတ်နေတဲ့ မြန်မာပြည်သူတွေကို ကူညီပေးဖို့ အစီအစဉ်တခု ကိုရီးယားနဲ့ WFP တို့ စတင်လုပ်ဆောင်မယ့် သတင်း
-ပြည်သူ့ခုခံတွန်းလှန်စစ် ၄ နှစ်အတွင်း စစ်တပ်က လေယာဉ်နဲ့ ရဟတ်ယာဉ် အစီး ၂၀ ပျက်စီး ဆုံးရှုံးခဲ့တဲ့ သတင်းနဲ့
တယ်လီကွန်းကုမ္ပဏီတွေက စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်စစ်ဆင်ရေးကို အားပေးကူညီနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စစ်တပ်က ခြိမ်းခြောက်နေတယ်လို့ NUG က ထုတ်ပြန်လိုက်တဲ့သတင်း
-ထီးချိုင့်နဲ့အုတ်ဖိုမှာ စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့သတင်းနဲ့ -
သာယာဝတီထောင်မှာ ဖျားနာမှုနဲ့ ကူးစက်ရောဂါတွေ အဖြစ်များနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ အမျိုးသမီးစစ်မှုထမ်းစေခိုင်းမှုအရေး၊ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်၊ ဂျပန်စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀ ပြည့် တရုတ်စစ်ရေးပြပွဲ အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB အထွေထွေအတွင်းရေးမှူး နာင်းမို့မို့တို့က ပါဝင် ဆွေးနွေးပေးထားပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကိုလက်မခံဖို့ ဝါရှင်တန်ဒီစီ တရုတ်သံအမတ်နေအိမ်နဲ့ မြန်မာသံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတဲ့ သတင်း
-ငလျင်ဒဏ်သင့်ဒေသမှာ ပြန်လည်ထူထောင်ရေးအတွက် ကျပ် ၇၀၀ ဘီလီယံ ထုတ်ချေးမယ့်သတင်းနဲ့
-ဟံသာဝတီမြို့ဟောင်းနဲ့ မလွတ်တဲ့ နေအိမ် ၅၀၀ ကျော်ကို ဖယ်ရှားခိုင်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-အတုအယောင်ရွေးကောက်ပွဲကို မကူညီဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း ၃၁၅ ဖွဲ့က စာပေးပို့ တောင်းဆိုလိုက်တဲ့သတင်း
-စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိကကျူးလွန်တဲ့ တာဝန်ရှိသူ ၂၂ ဦးကို ဖော်ထုတ်ထားတဲ့ “ကောင်းကင်ပြိုတဲ့နေ့” အစီရင်ခံစာထုတ်ပြန်လိုက်တဲ့သတင်းနဲ့
-ရခိုင် ရက်ပ်အဆိုတော် Mg Alpha ဖမ်းဆီးခံရတဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-တရုတ်နိုင်ငံရဲ့ စစ်အုပ်စုအပေါ် ရပ်တည်ချက် ပြန်သုံးသပ်ဖို့ NUG ကတိုက်တွန်းလိုက်တဲ့သတင်း
-မြန်မာလက်ရှိအခြေအနေဟာ ၂၀၁၇ ရိုဟင်ဂျာတွေတုန်းကလို ဖြစ်နေတယ်လို့ ကုလလူ့အခွင့်အရေး မဟာမင်းကြီးက ပြောလိုက်တဲ့သတင်းနဲ့
-ပခုက္ကူမှာ ကမ်းပါးပြိုကျမှုကြောင့် စာသင်ကျောင်း ၂ ကျောင်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ