DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( ဇူလိုင် ၁၁ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၁၁ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  -   

    -စစ်ကိုင်း စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူအယောက် ၃၀ လောက် သေဆုံးသွားတဲ့သတင်း 

    -ပို့ကုန်အခွန်နှုန်းထား ချိန်ညှိကောက်ခံပေးဖို့ စစ်ခေါင်းဆောင်က အမေရိကန်သမ္မတထံ စာပေးပို့ လိုက်တဲသတင်းနဲ့ 

    ရန်ကုန် မန္တလေးက ရွှေကုန်သည် ၁၀ ယောက်ကို စစ်တပ်က ထောင်ဒဏ် ၆ လစီချမှတ်လိက်တဲ့သတင်း တွေနားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇူလိုင် ၁၀ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၁၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  -   

    -နိုင်ငံရေးအကျည်းသား ရွှေညဝါဆရာတော်နဲ့  စာရေးဆရာ မောင်သာချိုတို့ ကွယ်လွန်သွားတဲ့ သတင်း 

    -ရန်ကုန် သပိတ်ကျောင်းသား  ၂ ယောက်ကို စစ်ကောင်စီက ထောင်အနှစ် ၂၀ စီချမှတ်ခဲ့တဲ့သတင်းနဲ့ 

    -မန္တလေးနဲ့ စစ်ကိုင်းမှာ ငလျင်ဘေး အခွင့်အရေးယူပြီး  ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇူလိုင် ၉ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  -   

    -ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်က ဖမ်းဆီးထားတာမရှိဘူးလို့ KIOက ပြောလိုက်တဲ့သတင်း

    -ရခိုင်ပြည်နယ်မှာ မိုးသည်းထန်ရေကြီးနေပြီး ဒေးဒရဲတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တွေပျက်စီးသွားတဲ့သတင်းနဲ့ 

    -MNDAA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ အဆင်မပြေဘဲ ပြီးဆုံးသွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇူလိုင် ၈ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  - 

    -မြန်မာပို့ကုန်တွေကို အခွန် ၄၀ ရာခိုင်နှုန်း တိုးကောက်မယ်လို့  အမေရိကန်သမ္မတက စစ်ခေါင်းဆောင်ထံ စာပို့သတိပေးလိုက်တဲ့သတင်း

    -မိုးကုတ်၊ ကျောက်မဲ၊ မိုးဗြဲစတဲ့ ဒေသတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ 

    -စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနဲ့ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာတို့ရဲ့ နေအိမ်တွေ ဗုံးပစ်ခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ 


    6 min
  • DVB Newsbreak ( ဇူလိုင် ၇ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  - 

    -ဆဲဗင်းဇူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေပြုလုပ်တဲ့သတင်း

    -သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတဲ့သတင်းနဲ့ 

    -စက်ရုံအလုပ်သမားတွေကို စစ်ကောင်စီတပ်က အဓမ္မဖမ်းဆီး စစ်မှုထမ်းခိုင်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • အောက်ဖဲလှန်တဲ့ဟွန်ဆန်နဲ့ သက်ဆင်မျိုးဆက်နေဝင်ချိန် (WeeklyNewsDigest 07062025)

    ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာ အောက်ဖဲလှန်တဲ့ဟွန်ဆန်နဲ့ သက်ဆင်မျိုးဆက် နေဝင်ချိန်၊ အဖမ်းအဆီးကြမ်းနေတဲ့ မဲဆောက်၊ မြန်မာအမျိုးသမီးနေ့ဘာလဲ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး DVB ဝိုင်းတော်သားတွေက ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

    28 min
  • ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများကို အစားသောက်ကတ်ပံ့ပိုးမှု ရပ်ဆိုင်းမည်

    ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးနေတဲ့ နယ်စပ်အကူ အညီပေးရေးညွန့်ပေါင်းအဖွဲ့ (TBC) က ဇူလိုင်လ ၃၁ ရက်နေ့ နောက်ပိုင်းမှာ အစားအသောက်ကတ် ပံ့ပိုးမှု ရပ်ဆိုင်းသွားဖွယ်ရှိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ မြတ်သဇင်က ပေးပို့ထားပါတယ်။

    https://burmese.dvb.no/post/712896


    6 min
  • DVB Newsbreak ( ဇူလိုင် ၄  ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၄  ရက် ညနေခင်းသတင်းတွေကို တင်ဆက် ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  - 

    -ပဲခူးနဲ့ တာချီလိတ်မှာ ရေကြီးနေတဲ့သတင်း

    -တရုတ်ကြားဝင်စေ့စပ်မှုနဲ့ MNDAA နဲ့ စစ်ကောင်စီတို့  လားရှိုးမှာ တွေ့ဆုံဆွေးနွေးတဲ့ သတင်းနဲ့ 

    -မှတ်ပုံတင် စမတ်ကတ်ထုတ်ပေးမှုတွေကို စစ်ကောင်စီက ယာယီရပ်ဆိုင်းလိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇူလိုင် ၃  ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၃  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  - 

    -ကိုယ်တိုင်ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို စောင့်ထိန်းလိုက်နာဖို့ စစ်ကောင်စီကို Quad ၄ နိုင်ငံက တောင်းဆိုလိုက်တဲ့သတင်း   


    -စစ်ကောင်စီ တိုက်လေယာဉ် ၁ စင်း  ဖားဆောင်းမြို့အနီး ပျက်ကျတဲ့သတင်းနဲ့ 


    -အမျိုးသမီး ၁၅၀ ကျော်ကို  စစ်ခေါင်းဆောင်က  ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( ဇူလိုင် ၂ ရက်   ၂၀၂၅၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  ဇူလိုင် ၂  ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့  - 

    -အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် ခွင့်ပြုဖို့ကိစ္စ စစ်ကောင်စီက ကန့်ကွက်လိုက်တဲ့ သတင်း

    -မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို သတိမေ့တဲ့အထိ ရိုက်နှက် တိုက်ပိတ်ခဲ့တဲ့ သတင်းနဲ့ 

    -ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ထိုင်းရောက်မြန်မာတွေကို   NUG က တိုက်တွန်း လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ

    6 min