
Sign up to save your podcasts
Or


ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
ဘယ်လာရုစ် - မြန်မာ စီးပွားရေးဖိုရမ်ကို စစ်ခေါင်းဆောင် တက်ရောက်တဲ့သတင်း
-NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တာဝန်ကနေ အနားယူသွားတဲ့သတင်းနဲ့ -ကျောက်ဖြူနဲ့ စစ်တွေမှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တွေ မီးလောင်ပျက်စီး သွားတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရုရှားခရီးစဉ်အပြီး စစ်ခေါင်းဆောင်က ဘယ်လာရုစ်ဆီ ခရီးဆက်မယ့်သတင်း
-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်လေယာဉ် ဗုံးကြဲမိပြီး မြန်မာ ၁ ဦးအပါအဝင် ၁၅ ဦး ဒဏ်ရာရသွားတဲ့သတင်းနဲ့
-ကျောက်ဖြူရေနက်ဆိပ်ကမ်း တိုက်ပွဲကြောင့် ဒေသခံ ၄၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-သမ္မတပူတင်နဲ့ စစ်ခေါင်းဆောင်တွေ့ဆုံပြီး အသေးစားနျူးကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ရေး အပါအဝင် စာချုပ်တွေချုပ်ဆိုခဲ့တဲ့သတင်း
-ညောင်တုန်း၊ မအူပင်နဲ့ ရန်ကုန်မှာ ငလျင်တွေလှုပ်ခတ်သွားတဲ့သတင်းနဲ့
-ကျောက်ဖြူရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်တဲ့သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ရုရှားနဲ့ မြန်မာစစ်အုပ်စုတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ အဆုံးသတ်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုက တောင်းဆိုလိုက်တဲ့ သတင်း
-BGF စောချစ်သူနဲ့ အပေါင်းပါတွေကို လူကုန်ကူးမှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းရှေ့နေချုပ်ရုံးသို့ အမှုတွဲပေးပို့လိုက်တဲ့သတင်းနဲ့
-နိုင်ငံရေးလှုပ်ရှားတဲ့ လူငယ်တွေနဲ့ CDM တွေကို ရန်ကုန်လေဆိပ်မှာ စောင့်ဖမ်းနေတဲ့သတင်းတွေ နားဆင်ကြရမှာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ မတ် ၃ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-မြန်မာကို လက်နက်ရောင်းချမှု တားမြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့ ကုလသမဂ္ဂက တောင်းဆို လိုက်တဲ့သတင်း
- စစ်ခေါင်းဆောင် ရုရှားနိုင်ငံကို ထွက်ခွာသွားတဲ့သတင်းနဲ့
-ရန်ကုန်မှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ခုတပတ် DVB Weekly News Digest ရုပ်သံအစီအစဉ်မှာတော့ လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတဲ့ စစ်ကောင်စီ၊ အဖမ်းအဆီးကြမ်းနေတဲ့ ထိုင်း၊ ထောင်တွင်း နှိပ်စက်ခံနေရတဲ့ နိင်ကျဉ်းများ၊ ယူကရိန်းအရေးနဲ့ ဒေါ်လာ ၅ သန်းနဲ့ Gold Card ထုတ်ရောင်းမယ့် ထရမ့်ပ် စတဲ့အကြောင်းအရာတွေကို DVB ဝိုင်းတော်သားတွေနဲ့အတူ ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးတို့က ပါဝင်ဆွေးနွေးထားပါတယ်။
Non CDM အမျိုးသမီးငယ်တယောက်အပေါ် အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကန့်ဘလူမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦးကို ပြန်လွှဲပြောင်းပေးဖို့ ကန့်ဘလူကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုလိုက် ပါတယ်။
https://burmese.dvb.no/post/692713
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။
ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-စစ်ကိုင်းတိုင်း တိုင်းမှူးယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရသွားတဲ့သတင်း
-ဒေါပုံမှာ ရာအိမ်မှူး တယောက် ဓာတ်ဆီပက် မီးရှို့ခံရပြီး သေဆုံးသွားတဲ့သတင်းနဲ့
-ရိုဟင်ဂျာများအပါအဝင် ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို AA က ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတွေ နားဆင်ရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ကိစ္စ ပြန်သုံးသပ်ပေးဖို့ NLD က တောင်းဆိုလိုက်တဲ့သတင်း
-ချင်းကောင်စီ ၂ ခု ပူးပေါင်းဖို့ သဘောတူညီမှုရသွားတဲ့သတင်းနဲ့
-မြန်မာဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးနိုင်ငံဖြစ်နေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ)ရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေး ပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့ -
-ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံ မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှုပြဿနာဖြေရှင်းရန် အရေးပေါ် Hotline ဖွင့်လိုက်တဲ့သတင်း
-ဂျဲယန် ကချင် စစ်ရှောင်စခန်းက ကလေး ၃ ယောက် ပြန်ပေးဆွဲ သတ်ဖြတ်ခံရတဲ့သတင်းနဲ့
-အိုးဘိုထောင်မှာ ဆေးဝါးမလုံလောက်လို့ နိုင်ငံရေးအကျဉ်းသား ၂ ယောက် သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ