DVB News

DVB News

By Democratic Voice of BurmaNews
Download on the App Store

All DVB News episodes

  • DVB Newsbreak ( အောက်တိုဘာ ၂၁  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    -မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်မှာ ရေကြီးနေတဲ့သတင်း

    -တောင်ငူလေတပ်စခန်း  ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတဲ့သတင်းနဲ့ 

    -မောင်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • Space X ဒုံးပျံနဲ့ အီလွန်မတ်စ်ရဲ့ ခြေလှမ်းသစ်များ (WeeklyNewsDigest 20102024)


    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest ရုပ်သံအစီအစဉ်ကြည့်ရှုနိုင်ပါတယ်။

    ဒီတပတ်အစီအစဉ်မှာ စစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်၊ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ၊ ၂၀၂၄ နိုဘယ်ဆုရှင်တွေအကြောင်း၊ Space X ဒုံးပျံနဲ့ အီလွန်မတ်စ်ရဲ့ ခြေလှမ်းသစ်များ အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    30 min
  • ဖမ်းဆီးအကျဉ်းချခံထားရသည့် သက်ကြီးနိုင်ငံရေးခေါင်းဆောင်များ၏ ကျန်းမာရေး စိုးရိမ်

    ပြင်ပနဲ့အဆက်အသွယ်ဖြတ် ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီး နိုင်ငံရေးအကျဉ်းသား တွေရဲ့ ကျန်းမာရေး

    အခြေအနေအပေါ်   နိုင်ငံရေးအသိုက်အဝန်းက  စိုးရိမ်ပူပန်နေ ကြပါတယ်။

    အောက်တိုဘာ ၇ ရက်က မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်

    သွေးကင်ဆာရောဂါနဲ့ကွယ်လွန်ပြီးနောက် အကျဉ်းထောင်မှာ ကျန်နေတဲ့ NLD အစိုးရခေါင်းဆောင်တွေနဲ့ ပါတီခေါင်းဆောင်တွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေး အပေါ် မှာ စိုးရိမ်နေတာပါ။ 

    https://burmese.dvb.no/post/674094

    6 min
  • DVB Newsbreak ( အောက်တိုဘာ ၁၈  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -သီတင်းကျွတ်လပြည့်ညမှာ နောင်ချိုမြို့ကို  စစ်တပ်က လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်း 


    -ပန်ဝါနဲ့ ကံပိုင်တည်ရှိ နယ်ခြားစောင့်တပ်စခန်းတွေကို   KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တဲ့ သတင်းနဲ့ 

    -ကမ္ဘာ့မှာ အစားအစာငတ်မွတ်မှုအဆုံးရွားဆုံး  အလယ်အလတ်အဆင့်ရှိနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတဲ့သတင်းတွေ နားဆင်ကြရမှာပါ

    5 min
  • DVB Newsbreak ( အောက်တိုဘာ ၁၇  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    DVB Newsbreak ( အောက်တိုဘာ ၁၇  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)

    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -အာဏာသိမ်း စစ်ခေါင်းဆောင် လာမယ့်လမှာ တရုတ်ပြည်ကို သွားမယ့်သတင်း 

    -မြန်မာနဲ့ တရုတ်က အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးဆုံးဖြစ်နေတဲ့သတင်းနဲ့

    -မလေးရှားမှာ မြန်မာနိုင်ငံသား တယောက် ကျားကိုက်ခံရပြီး သေဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ

    6 min
  • DVB Newsbreak ( အောက်တိုဘာ ၁၆  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၁၆ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာမဟုတ်ဘူးလို့  စစ်ခေါင်းဆောင်က ပြောလိုက်တဲ့သတင်း  

    -ရခိုင်မှာ ကုလသမဂ္ဂအစီအစဉ်နဲ့  Safe Zone ထားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က တောင်းဆိုလိုက်တဲ့သတင်းနဲ့ 

    -သီတင်းကျွတ်ကာလ မုန့်မျိုးစုံ စျေးတက်ပြီး အရောင်းပါးနေတဲ့သတင်းတွေနားဆင်ကြရမှာပါ ။

    6 min
  • DVB Newsbreak ( အောက်တိုဘာ ၁၅  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၁၅ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ လွတ်လပ်မျှတ စစ်မှန်တဲ့ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အမေရိကန်က ပြောလိုက်တဲ့သတင်း

    -သီပေါမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိတဲ့ တပ်မိသားစုဝင် ၁၉၀ ကျော်ကို TNLA က ပြန်လွှတ်ပေးတဲ့ သတင်းနဲ့ 

    -ဩစတြေးလျက မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီ ဒေါ်လာ ၉ သန်း ထောက်ပံ့ပေမယ့် သတင်းတွေ နားဆင်ရမှာပါ


    6 min
  • DVB Newsbreak ( အောက်တိုဘာ ၁၄  ရက်  ၂၀၂၄၊ ညနေခင်းသတင်း)


    ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့  အောက်တိုဘာ ၁၄ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။  ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့

    -မြန်မာပြည်မှာ စစ်ပွဲတွေအဆုံးသတ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ဖို့ အာဆီယံက တိုက်တွန်းလိုက်တဲ့သတင်း

    -သီပေါနဲ့ လားရှိုးကို  စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့ 

    -ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ  CDF ထန်တလန် စစ်ဦးစီးချုပ်အပါအဝင် ၁၈ ဦးကျဆုံးသွားတဲ့ သတင်းတွေ နားဆင်ကြရမှာပါ 

    6 min
  • စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်စခန်း၊၊ (WeeklyNewsDigest 13102024)

    စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်စခန်း၊၊ (WeeklyNewsDigest 13102024)

    သုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ်နားဆင်နိုင်ပါတယ်။

    ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေး

    ဒီတပတ်အစီအစဉ်မှာ စစ်အာဏာရှင်ရဲ့ အသံတိတ်လူသတ်အကျဉ်းစခန်း၊ ပြည်သူချစ်တဲ့ မန်းဝန်ကြီးချုပ်၊ စစ်အုပ်စုကိုယ်စားလှယ်တက်တဲ့ အာဆီယံထိပ်သီးအစည်းအဝေး၊ ဂါဇာစစ်ပွဲ ၁ နှစ်ပြည့်၊ ဟာရီကိန်းမုန်တိုင်းဘေး အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။

    32 min
  • မြန်မာ့အရေး ရှုပ်ထွေးပွေလီဟု အာဆီယံအတွင်းရေးမှူးချုပ်ပြော၊

    အကြမ်းဖက်မှုရပ်တန့်ရန် အာဆီယံခေါင်းဆောင်များတိုက်တွန်း

    အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ မြန်မာပြည်တွင်းစစ်ကနေ တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုတွေ ပြင်းထန်လာခြင်းအထိ ကိစ္စရပ်တွေမှာ တိုးတက်မှုရှိဖို့ တိုးမြှင့်လုပ်ဆောင်နေရပေမဲ့လည်း ဒေသတွင်း တည်ငြိမ်တဲ့အင်အားစုအဖြစ် ဆက်လက်တည်ရှိနေပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ကောက်ကင်မ်ဟွန်က ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။

    အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့ အပါအဝင် မိတ်ဖက်နိုင်ငံတွေမှ အစိုးရအကြီးအကဲတွေ၊ ထိပ်တန်းသံတမန်တွေ၊ လေ့လာသူတွေနဲ့အတူ လာအိုမှာ အခုသီတင်းပတ်အတွင်း အစည်းအဝေး လုပ်နေကြတာ ဖြစ်ပါတယ်။

    4 min