
Sign up to save your podcasts
Or


ခုသီတင်းပတ်အတွင်း ထူးခြားတဲ့ သတင်းဖြစ်စဉ်တွေကို ဆွေးနွေးသုံးသပ်တင်ဆက်ပေးထားတဲ့ DVB Weekly News Digest အစီအစဉ် နားဆင်နိုင်ပါတယ်။
ဒီတပတ်အစီအစဉ်မှာ မြန်မာသဘာဝဘေး နိုင်ငံတကာအကူအညီ၊ တိုင်းရင်းသားဒေသရေဘေးဒုက္ခ၊ ကုလညီလာခံနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဒေါ်နယ်ထရမ့်ပ် ဒုတိယအကြိမ် လုပ်ကြံခံရမှု၊ လက်ဘနွန် ပေဂျာပေါက်ကွဲမှု စတဲ့အကြောင်းအရာတွေကို ဒီဗွီဘီ ဝိုင်းတော်သားတွေက ဆွေးနွေးသုံးသပ် တင်ဆက်ပေးထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့က မိုးကြီးမြေပြိုမှုမှာ
သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုတွေနဲ့ အတူ
https://burmese.dvb.no/post/669748
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၂၀ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-Bottom-up ဖယ်ဒရယ်စနစ် ဆောင်ရွက်မည်ဟု တိုင်းရင်းသား တော်လှန်ရေး ၉ ဖွဲ့က ကြေညာလိုက်တဲ့သတင်း
-မြန်မာရေဘေးအတွက် အနုပညာရှင်တွေက လှူဒါန်းကူညီနေကြတဲ့သတင်းနဲ့
-အလုပ်သမားလွှဲပို့ငွေ အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၈၀ ကျော် အရေးယူခံရတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
လေဖိအားနည်းရပ်ဝန်းရဲ့အကြွင်းအကျန်လေပွေလှိုင်းတွေက မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ပြီး နေရာအနှံ မိုးကြီးတာ ရေကြီးရေလျံတာတွေဖြစ်ပေါ်နိုင်ပြီး မြစ်ရေကြီးတာတွေလည်း သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းသတိပေးထားပါတယ်။ ဝေဝေသတင်းပေး ပို့ထားပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၉ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံကိုဝင်ရောက်မယ့် လေပွေလှိုင်းတွေကြောင့် မိုးများပြီး မြစ်ရေထပ်ကြီးနိုင်တဲ့သတင်း
-ရေဘေးသင့် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက အကူညီတွေပေးပို့နေတဲ့သတင်းနဲ့
-NUG နဲ့ စစ်ရေး၊ နိုင်ငံရေး မပူးပေါင်ဘူးလို့ MNDAA ကိုးကန့်တပ်က ထုတ်ပြန်လိုက်တဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ထိုင်းနိုင်ငံမှာ PE ပတ်စပို့ ကိုင်ဆောင်သူတွေ ကာလတိုသင်တန်းတွေ တက်ရောက်ရင်း စာအုပ် သက်တမ်း မတိုးပေးတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ တရားဝင်နေထိုင်ခွင့်ရဖို့အတွက် အခက်အခဲတွေ ဖြစ်လာမှာကို မြန်မာ လူငယ်တွေ စိတ်ပူနေကြပါတယ်။၊ ဝေဝေသတင်း ပေးပို့ထားပါတယ်၊
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၈ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မြန်မာရေဘေး ဒုက္ခသည် ၆ သိန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်တဲ့သတင်း
-တပ်ကုန်းမှာ ရေဘေးသင့်ပြည်သူ ၂၀၀ ကျော် အစာအဆိပ်သင့်ပြီး ဆေးရုံတက်နေရတဲ့ သတင်းနဲ့
-ဧရာဝတီတိုင်းမှာ ဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၅ ယောက်ကို ဆီနဲ့ သစ်မှောင်ခိုမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးနေတဲ့ သတင်းတွေ နားဆင်ကြရမှာပါ
ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)ရဲ့ စက်တင်ဘာ ၁၇ ရက် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။ ဒီကနေ့ နားဆင်ရမယ့် သတင်းတွေကတော့
-မိုးထိမိုးမိ ရွှေလုပ်ကွက်မှာ တောင်ပြိုမှုကြောင့် လူရာချီ အသေအပျောက်ရှိခဲ့တဲ့သတင်း
-ဘားအံနဲ့ တောင်ငူမှာ ရေဘေးသင့်ပြည်သူ ၆၀၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတဲ့သတင်းနဲ့
-ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာစစ်ကောင်စီတို့ ရေဘေးကိစ္စဆွေးနွေးတဲ့သတင်းတွေ နားဆင်ကြရမှာပါ
မိုးဗြဲရေကာတာဖောက်ချမှုကြောင့် ဘီလူးချောင်းဘေးတစ်လျှောက်နဲ့