ဖေဖေမေမေတို့ သိထားသင့်တဲ့ သားသားမီးမီးတို့ရဲ့
ကျန်းမာရေးဆိုင်ရာ ဗဟုသုတ
ဒီတစ်ပတ်မှာ ဖေဖေမေမေတို့အနေနဲ့ သိထားသင့်တဲ့ ကိုယ့်ကလေးတွေ ကျန်းမာရေးဆိုင်ရာ ဗဟုသုတ တွေနဲ့ ပတ်သက်ပြီး အများယူဆထားတာတွေနဲ့ ဆေးပညာဆိုင်ရာအချက်အလက်တွေ ကိုက်ညီမှုရှိမရှိ တင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဖေဖေတို့မေမေတို့လည်း နားထောင်နေရင်း မိမိသိထားတဲ့ ဗဟုသုတတွေ မှားလားမှန်လား လိုက်ပြီး ဖြေကြည့်ကြရအောင်
(၁) မွေးကင်းစကလေးတွေ မြင်နိုင်ကြားနိုင်ကြပါသလား??
(၂) ကလေးတွေ စကားစမပြောတတ်ခင်မှာ တခြားသူတွေ ဆက်သွယ်တဲ့ နည်းလမ်းက ငိုတာတစ်ခုပဲလား??
(၃) မိဘတွေ အနေနဲ့ ကလေးတွေ စကားစမပြောတတ်ခင်တည်းက မိဘတွေအနေနဲ့ ကလေးတွေကို စကားပြောပေးနေသင့်ပါသလား??
(၄) ပစ္စည်းတွေ ပစ်ပေါက်ခြင်း ပစ်ချခြင်းဖြင့် မိဘတွေရဲ့ အာရုံစိုက်မှုကို ခံယူချင်လို့ဆိုတာ ဟုတ်ပါသလား??
(၅) ကလေးတွေရဲ့ ဦးနှောက်က ကျောင်းစတတ်တော့မှ ဉာဏ်ရေစပြီး ဖွံ့ဖြိုးလာတာ ဟုတ်ပါသလား??
(၆) ကလေးတွေကို တချိန်လုံး ထွေးပိုက် ပွေ့ချီထားတာ ကောင်းပါသလား??
(၇) ကလေးလမ်းမြန်မြန်လျှောက်စေဖို့ Baby Walker လို့ခေါ်တဲ့ လမ်းလျှောက်လှည်းလေးတွေ သုံးသင့်ပါသလား??
(၈) နို့ဘူးတိုက်တဲ့ ကလေးတွေက မိခင်နို့စို့တဲ့ ကလေးတွေထက် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးတယ်ဆိုတာ မှန်ပါသလား??
(၉) ကလေးတွေကို ရိုက်နှက်ဆုံးမသင့်ပါသလား??
(၁၀)ကလေးတွေ နေမကောင်းဖြစ်တဲ့ အခါ ထမင်းကျွေးသင့်ပါသလား??
စတာတွေကို Dr Em ဆွေးနွေးတင်ပြထားပါတယ်။
ဒီအောက်က လင့်ခ်ကလေးမှာ ဝင်ရောက်နားထောင်နိုင်ပါတယ်။
အပတ်စဉ် စနေနေ့တိုင်း ကျန်းမာရေးဆိုင်ရာများကို Ez care မှ ဆရာဆရာမများမှ အသိပညာဖြန့်ဝေပေးနေပါတယ်။ အချိန် ၁၀ မိနစ်ကျော်ပဲ ကြာတာမို့ သွားရင်းလာရင်းပဲ ဖြစ်ဖြစ်၊ မနက်စာစာရင်း လက်ဘက်ရည် သောက်ရင်းပဲဖြစ်ဖြစ် သက်တောင့်သက်သာ နားထောင်ရင်း ကျန်းမာရေး ဗဟုသုတတွေ မျှဝေကြပါစို့။
အားလုံးကျန်းမာချမ်းသာကြပါစေ
Ez Care
Download EZ Care App (Android)
bit.ly/EZCareMM
Telegram channel
https://t.me/ezcare
Viber community
bit.ly/EZCareViber
EZ Care MM podcast
EzCareMM.podbean.com