Covid -19 (ကိုဗစ်)၊ကိုယ်ဝန်ဆောင် နှင့်နို့တိုက်မိခင်ကျန်းမာရေး
--------------------------------
ကိုဗစ်ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာများ၊ အခြေခံကာကွယ်နည်းများကိုမြန်မာပြည်သူပြည်သားများအနေ ဖြင့် အတော်များများ သိရှိပြီးဖြစ်ပါသည် ။
ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များနှင့်ပတ်သတ်၍ ကိုဗစ်ရောဂါ အတွက်ထပ်လောင်းသိရှိလိုက်နာသင့်သည်များကို အသိပညာပေးမျှဝေလိုက်ပါသည်။
အမေးများသောမေးခွန်းများကိုဦးစွာတင်ပြပါမည်။
(၁) ကိုယ်ဝန်ဆောင်မိခင်လောင်းများကိုဗစ်ပို၍ကူးလွယ်သလား ?
ကိုယ်ဝန်ဆောင်မိခင်ဖြစ်လို့ ပို၍မကူးလွယ်ပါ ၊သို့သော် ကိုယ်ဝန်ဆောင်မိခင်များသည် ကျန်းမာရေး ရှုထောင့်အရ ရောဂါတခုခုဖြစ်ပေါ်ကူးစက်ခံရလျှင် ပို၍အန္တရာယ်ရှိသော (vulnerable group) အုပ်စု ဖြစ်သည့်အတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို ကြပ်ကြပ်မတ်မတ်တိကျစွာလိုက်နာရပါမည်။
(၂) ကိုယ်ဝန်ဆောင်မိခင်များ ကိုဗစ်ဖြစ်လျှင်လက္ခဏာပိုပြင်းထန်နိုင်လား?
ပိုမိုပြင်းထန်နိုင်ပါသည် ။ အထူးသဖြင့်အသက် ၃၅ အထက်ကိုယ်ဝန်ဆောင်များ၊ရောဂါအခံ(ဆီးချို၊သွေးတိုး၊အဆုတ်နှင့်နှလုံးရောဂါ)ရှိသူများ တွင်ပို၍ပြင်းထန်နိုင်ပါသည်။
(၃) ကိုယ်ဝန်အပေါ်သက်ရောက်မှုအခြေနေဘယ်လိုရှိနိုင်ပါသလဲ?
ကိုဗစ်ကူးစက်ခံရသောမိခင်လောင်းများသည် အခြားကိုယ်ဝန်ဆောင်မိခင်များထက် လမစေ့ပဲစောမွေးနိုင်ခြင်း၊ ခွဲစိတ်မွေးဖွားရခြင်း၊ သာမက မွေးကင်းစကလေးကျန်းမာရေးကိုပါ ထိခိုက်မှုရှိနိုင်ပါသည်။
(၄) ကိုယ်ဝန်ဆောင် ကိုဗစ်ဖြစ်လျှင်မဖြစ်မနေဆေးရုံတက်ရမလား?
အရေးကြီးတဲ့မေးခွန်းဖြစ်ပါသည်။ အခြေနေပေါ်မူတည်၍ လူနာ၏ကိုယ်ဝန် လအနုအရင့်၊ လူနာ၏ရောဂါအခံရှိမရှိ ၊လတ်တလောကိုဗစ်လက္ခဏာပြင်းထန်မှု ၊ ကိုဗစ်ကုသရေးဌာန၊စင်တာ (facility ) ရရှိနိုင်မှုတို့ အပေါ်မူတည်ပါသည်။ ကိုဗစ်ကိုယ်ဝန်ဆောင်လူနာတိုင်း ဆေးရုံတက်ရန်မလိုအပ်ပါ ။ ပြင်းထန်လက္ခဏာမရှိလျှင်၊ ရောဂါအခံမရှိလျှင်၊ မွေးဖွားရက်နီးသူလူနာမဟုတ်လျှင်၊ မိမိအိမ်တွင်သီးခြားခွဲခြားနေထိုင်ရန်အဆင်ပြေလျှင်၊ အိမ်တွင် Home Quarantine နေထိုင်၍ တတ်ကျွမ်းနားလည်သော ဆရာဝန်၏ ညွှန်ကြားသည့်အတိုင်း အိမ်တွင်ကုသမှုခံယူနိုင်ပါတယ်။
ဆေးမြီးတိုများဖြင့်ကုသခြင်း ၊ ဆရာဝန်မညွှန်ကြားပဲ မသောက်သုံးသင့်သောဆေးများကို မိမိသဘောဖြင့် သောက်သုံးခြင်း စသည်တို့ကိုရှောင်ကျဥ်ရပါမည်။
မီးဖွားဖို့လိုလာချိန်တွင်တော့ ဆေးရုံမှာသာမွေးဖွားသင့်ပါသည်။
(၅) မိခင်လောင်းမှ သန္ဓေသားဆီသို့ ကိုဗစ်ကူးစက်နိုင်သလား?
ကိုဗစ်ရောဂါပိုးသည် မိခင်၏အချင်းကိုဖြတ်သန်း၍သန္ဓေသားဆီသို့ကူးနိုင်ခြေအလွန်နဲပါးပါသည်။ မိခင်လောင်းသွေးတွင်းကိုဗစ်ဗိုင်းရပ်စ်ပိုးများပြားစွာပျံ့နှံ့ နေသောအခြေေနမှသာအချင်းဆီသို့ရောက်ရှိနိုင်သော်လည်း အချင်းကိုဖြတ်သန်းပြီးသန္ဓေသားဆီသို့ရောက်ရှိနိုင်သည်ဟူသောအတည်ပြုချက်ခိုင်ခိုင်မာမာမရှိပါ။
(၆) ကိုဗစ်ကာကွယ်ဆေးထိုးလို့ရသလား?
ပုံမှန်အားဖြင့်ကိုယ်ဝန်ဆောင်များ သည်အခြားကိုဗစ်ကာကွယ်ဆေးထိုးရန်မသင့်တော်သည့်အချက်များမရှိလျှင် ကိုဗစ်ကာကွယ်ဆေးထိုး၍ရပါသည်။ ကိုယ်ဝန်ဆောင်ခြင်းတခုထဲအတွက်ကာကွယ်ဆေးထိုးဖို့ ရွှေ့ဆိုင်းရန် ငြင်းဆန်ရန်မလိုပါ။ သို့သော် ကိုဗစ်ရောဂါပိုးမျိုးကွဲသစ်များပေါ်ပေါက်နေခြင်းကြောင့် ရရှိနိုင်သော ကာကွယ်ဆေးကအပြည့်ဝကာကွယ်နိုင်ခြင်းရှိ၊မရှိကိုတော့ ထည့်သွင်းစဥ်းစားရမည်။ ကျွမ်းကျင်သူဆရာဝန်နှင့် မိမိအခြေအနေကို အသေးစိတ်ဆွေးနွေးသင့်ပါသည်။
(၇) မီးဖွားပြီး ကိုဗစ်ဝေဒနာရှင်မိခင်များ ကလေးနို့တိုက်လိုရသလား?
လက်ရှိလမ်းညွှန်ထောက်ခံချက်များတွင် ဝိဝါဒ အနည်းငယ်စီကွဲပြားသော်လည်း ဘုံသဘောတူညီမှုအရ မိခင်နို့တိုက်၍ရပါသည်။ မိခင်နို့ရည်၏အာဟာရတန်ဖိုး၊ ရောဂါကာကွယ်နိုင်သောခုခံအားဓာတ်များရဲ့အကျိုးကျေးဇူးများသည် မွေကင်းစကလေးငယ် ၊နို့စို့လေးအရွယ်များအတွက် အလွန်အဖိုးတန်သည့်အတွက်ကြောင့် မိခင်နို့ကိုသာဆက်လက်တိုက်ကျွေးရပါမည်။ ကိုယ်တိုင်ရင်သွေးနှင့်ထိတွေ့တိုက်မည်လား ၊ မိခင်နို့ကိုညှစ်၍ ရင်သွေးကိုတိုက်မည်လား၊ ထိုအရာသာအနဲငယ်ကွဲလွဲနိုင်ပါသည် ။မိခင်က ကိုယ်တိုင်တိုက်နိုင်လျှင် ကိုယ်တိုင်တိုက်၍ရပါသည်။
(၈) နို့တိုက်လျှင်ကလေးသို့ရောဂါကူးနိုင်လား?
ကူးနိုင်ခြေရှိပါသည်။ ထိုကြောင့်နို့တိုက်မည့်မိခင်သည် နို့မတိုက်မှီ လက်ကိုဆပ်ပြာနှင့် စနစ်မှန်လက်ဆေးနည်းအတိုင်း ဆေးကြောရပါမည်၊
နှာခေါင်းစည်းစနစ်တကျတပ်ရပါမည်၊
ကလေးနှင့်ထိတွေ့မည့်မိမိခန္ဓာကိုယ်အစိတ်ပိုင်းများကို သေချာစွာဆေးကြောသန့်စင်ရပါမည်၊
ကလေးနှင့်ကိုင်တွယ်ထိတွေ့တိုင်း လက်ဆေး၊ နှာခေါင်းစည်းတပ်ရပါမည်။
ကျန်းမာသော အိမ်သားတယောက်အကူညီရယူသင့်ပါသည် ၊ထိုသူသည်လည်းထိစပ်သူဖြစ်သည့်အတွက် ကိုဗစ်လူနာမိခင် ရောဂါပျောက်ကင်းပြီး နောက်ဆုံးထိတွေ့လူနာပြုစုခြင်းပြီးဆုံးသောအခါမှစ၍ ၁၄ ရက်တိတိ သီးခြာခွဲနေရပါမည်၊ ထိုသူကိုမဖြစ်မနေ ကိုဗစ်စစ်ဆေးရန်မလိုပါ၊ ၁၄ ရက်အတွင်း ကိုဗစ်သံသယ လက္ခဏာ ပေါ်ပေါက်လာမှသာစစ်ဆေးရန်လိုပါသည်။
(၉) ဘယ်လောက်ကြာလျှင် မိခင်ကနေကလေးကိုကူစက်နိုင်ခြေမရှိတော့ဘူးလဲ?
ပုံမှန် ကိုဗစ်လူ