Here is Saw Lu

Here is Saw Lu

Download on the App Store

Here is Saw Lu episodes

  • How I achieved 120 in Duolingo
    How I achieved 120 score in Duolingo
    International College တွေ၊ University တွေအတော်များများရဲ့ အသိမှတ်ပြုလာမှုနဲ့အတူ Duolingo ဟာဒီနောက်ပိုင်းမှာ IELTS,TOEFL တို့နဲ့အပြိုင်ခေတ်စားလာတဲ့ English Proficiency Test တခုဖြစ်ပါတယ်။ နိုင်ငံတကာကျောင်းဝင်ခွင့်တွေ၊ Scholarship တွေအတွက်လည်း ဘာသာစကားကျွမ်းကျင်မှုဟာ အဓိကကျတဲ့အရာတခုဖြစ်ပါတယ်။
    ကျနော်လည်း ဒီ Test ကိုဖြေခဲ့ပြီး Score အနေနဲ့ကတော့ 120 ရခဲ့ပါတယ်။ ဒီနေ့မှာတော့ Duolingo English Test ကနေရခဲ့တဲ့ အတွေ့အကြုံတွေကို Sharing လုပ်ပေးသွားချင်ပါတယ်။
    11 min
  • How Black Money is made?
    How Black Money is made ?
    ငွေမည်းတွေ ဘယ်ကလာသလဲ
    Black Money လို့ခေါ်ကြတဲ့ ငွေမည်းတွေအကြောင်းကို လူတော်တော်များများကြားဖူးပါလိမ့်မယ်။ ဒီတပတ်မှာတော့ ငွေမည်းတွေဘယ်လိုဖြစ်လာပုံ၊လည်ပတ်ပုံနဲ့ ဒီပိုက်ဆံတွေဟာ နိုင်ငံတနိုင်ငံကိုဘယ်လိုသက်ရောက်မှုတွေဖြစ်စေသလဲ ဆိုတာကိုပြောပြပေးထားပါတယ်။
    6 min
  • လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ကာတာကမ္ဘာ့ဖလား
    လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် ကာတာကမ္ဘာ့ဖလား
    လာမယ့် နိုဝင်ဘာလ(၂၁) ရက်နေ့မှာတော့ ဘောလုံးကမ္ဘာရဲ့အကြီးကျယ်အခမ်းနားဆုံးပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပတော့မှာပါ။လေးနှစ်တကြိမ်ကျင်းပတဲ့ ဒီပြိုင်ပွဲဟာ အားကစားလောကရဲ့ဂုဏ်သိက္ခာအကြီးမားဆုံးပြိုင်ပွဲဖြစ်သလို တကမ္ဘာလုံးမှာရှိတဲ့သန်းပေါင်းများစွာသောသူတွေ အထူးစောင့်ကြည့်ကြရတဲ့ဘောလုံးပြိုင်ပွဲတခုပါ။
    ဒါပေမယ့် ဒီလိုပြိုင်ပွဲကြီးရဲ့နောက်ကွယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း အချက်အလက်တွေနဲ့တကွ ကျနော်တို့မြင်နေကြားနေရပါတယ်။ ဆိုတော့ ဘယ်လိုအကြောင်းအရာ အချက်အလက်တွေဖြစ်မလဲဆိုတာကို ဒီနေ့ Episode မှာတင်ဆက်ပေးထားပါတယ်။
    Apple Podcast တွင်နားဆင်ရန် -
    https://podcasts.apple.com/sg/podcast/here-is-saw-lu/id1561913255#episodeGuid=559be0d6-54dd-4878-a9e2-87a9e8f7a87f
    Spotify တွင်နားဆင်ရန် -
    https://open.spotify.com/show/1w3KehxRVVXsUA6lvlfUUQ?si=B7IHVpRpSoG7HOjisGfk0A&dl_branch=1
    Google Podcast တွင်နားဆင်ရန် -
    https://www.google.com/podcasts?feed=aHR0cHM6Ly9hbmNob3IuZm0vcy81NTY5ZTlkNC9wb2RjYXN0L3Jzcw==
    Anchor တွင်နားဆင်ရန် -
    https://anchor.fm/saw-lu3
    8 min
  • What If Russia invade Ukraine?
    ဒီနေ့မနက်အစောပိုင်းမှာပဲ ရုရှားသမ္မတဗလာဒီမီယာပူတင်ဟာ သူ့ရဲ့ရုရှားတပ်ဖွဲ့ဝင်အချို့ကိုနိုင်ငံရဲ့နယ်စပ်အနီးမှာရှိတဲ့ ယူကရိန်းပြည်နယ်နှစ်ခုဆီငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့အတူပဲ ဝင်ရောက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
    ဒါဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကိုကျူးကျော်ပြီးနောက်ပိုင်း ရုရှားရဲ့ယူကရိန်းအပေါ်နောက်ထပ်တကြိမ်ဝင်ရောက်ကျူးကျော်ခြင်းဖြစ်ပြီး ဒီအခြေနေကနေ ဥရောပတိုက်နဲ့တကမ္ဘာလုံးအပေါ် ဘယ်လိုမျိုးရိုက်ခတ်မှုတွေရှိလာနိုင်မလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။
    8 min
  • သူငယ်ချင်းတွေနဲ့ Emotional Effect များ
    ၂၀၂၁ ဟာကျနော်တို့အားလုံးအတွက် အခက်ခဲဆုံးနှစ်တနှစ်ပါပဲ။ အမှောင်မိုက်ဆုံးအချိန်တွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြချိန်မှာ စိတ်ခံစားမှုအပြောင်းအလဲများစွာကိုလည်း လူတိုင်းနီးပါးကြုံတွေ့နေရတဲ့ အခြေအနေတခုပါပဲ။
    ဒီနေ့ Episode လေးမှာတော့ ကျနော်အပါအဝင် ကျနော်ရဲ့ အနီးအနားပတ်ဝန်းကျင်က သူငယ်ချင်းအပေါင်းအသင်းတွေဟာ ဒီလိုမျိုး Mood swings တွေ Emotional changes တွေကိုဘယ်လိုကုစားကျော်ဖြတ်နေကြလဲ ဆိုတာကို ပြောပြပေးထားပါတယ်။
    ကျနော့်ရဲ့ Podcast အစီအစဥ်တွေကို Facebook, Youtube တို့အပြင် Spotify,Anchor,Apple Podcast တို့လို တကမ္ဘာလုံးမှာရှိတဲ့ Podcast နားဆင်နိုင်တဲ့ Platform တွေအားလုံးမှာသွားရောက်နားဆင်လို့ရနေပါပြီ။
    10 min
  • မြန်မာ့ဘောလုံးလောကဟာ ခရိုနီတွေအတွက်ဖြစ်ခဲ့သလား
    စီမံခန့်ခွဲမှုအမှားတွေ၊မသေချာတဲ့ရည်မှန်းချက်တွေ၊အာမခံချက်မရှိမှုတွေကြားမှာ မြန်မာ့ဘောလုံးလောကဟာဆုံးခန်းတိုင်နေခဲ့ပါပြ်ီ။နိုင်ငံတကာမှာ ဘောလုံးစီးပွားရေးဟာတဟုန်ထိုးအောင်မြင်နေတဲ့အချိန် မြန်မာ့ဘောလုံးလောကကတော့ အရှုံးပြနေခဲ့ပြီး ခရိုနီလူတစုသာဘောလုံးကိုအသုံးချပြီးသူတို့ရဲ့တခြားသောစီးပွားရေးနယ်ပယ်တွေမှာအခွင့်အလမ်းတွေရသွားခဲ့ပါတယ်။
    7 min
  • အဖေ့ရဲ့နောက်ဆုံးအချိန်နဲ့အမှတ်တရများ
    လွန်ခဲ့တဲ့ရက် (၂၀) လောက်ကပဲကျနော့်အဖေရုတ်တရက်ဆုံးပါးသွားခဲ့ပါတယ်။အခုချိန်မှာ ကျနော့်လိုမျိုး ကိုယ့်ရဲ့မိသားစုဝင်တွေ၊ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးထားတဲ့သူတွေရှိကြမှာပါ။အစကတော့ဒီ Episode ကိုလုပ်ဖို့စိတ်ကူးမရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခုလိုအချိန်မှာ ဒီလိုအခြေနေတွေကိုဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာတွေရယ် ၊ အဖေနဲ့ပတ်သက်တဲ့အမှတ်တရတချို့ရယ်ကိုပေါင်းပြီး ပြောပြပေးထားပါတယ်။
    8 min
  • Facebook ကတကယ်ပဲ ကျနော်တို့အတွက် Toxic ဖြစ်လာပြီလား ?
    လူတော်တော်များများခုချိန်မှာ Social Media ပေါ်က သတင်းတွေ၊ Blame တဲ့ Post တွေအစရှိသဖြင့် အနိဋ္ဌာရုံတွေကိုနေ့စဥ်ရက်ဆက်ကြုံတွေ့လာနေရပါတယ်။ ဒီတော့ ကျနော်တို့မြန်မာနိုင်ငံက လူသုံးအများဆုံး Facebook ဟာ ပတ်ဝန်းကျင်မှာတကယ်ပဲ Toxic ဖြစ်လာပြီလားဆိုတာကို တင်ဆက်ပေးထားပါတယ်။
    8 min
  • Podcasts are back !
    ကျနော် ပြီးခဲ့တဲ့လမှာ ကိုဗစ် Positive ဖြစ်သွားလို့ Episode အသစ်တွေမတင်ပေးဖြစ်ခဲ့ပါဘူး။အခုတော့ ကျနော်နေပြန်ကောင်းသွားပြီမို့ Podcast အသစ်တွေပြန်တင်ပေးပါတော့မယ်ခင်ဗျာ။ Stay Tuned!
    3 min
  • RAPE - EP1
    ဖခင်တယောက်ရဲ့ထင်မှတ်မထားတဲ့ကလဲ့စားနဲ့အတူ မတရားပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးတယောက်အကြောင်း.....
    လူငယ်တစုရဲ့ ရက်စက်အနိုင်ကျင့်မှုအောက်မှာ စက်ဆုပ်ဖွယ်အခိုက်အတန့်တွေကြုံတွေ့ခဲ့ရတဲ့ မိန်းကလေးတယောက်အကြောင်း
    လွန်ခဲ့တဲ့နှစ်တွေက အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ မုဒိန်းမှုတခုအကြောင်းကိုပြောပြပေးထားတဲ့ RAPE Episode-1
    12 min

About Here is Saw Lu

From the publisher's feed

This podcast is brought to you by Saw Lu.