I arrived nowhere

I arrived nowhere

Download on the App Store

I arrived nowhere episodes

  • Paranoia II : A child’s worst nightmare
    ဒီနေ့က အဓိက အားဖြင့် family ပုံစံတွေက ကျွန်တော်တို့ mental health ကို ဘယ်လို သက်ရောက်မှု ရှိစေတယ် ။ အဲ့လို သက်ရောက်မှု ရှိနေတာကို မသိပဲ သိမှု မှားတွေနဲ့ နေခဲ့ပြီး အပြုအမူမှားတွေ သတိလက်လွှတ် ကျူးလွန်မိတတ်ရာက ကိုယ့်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ စ ထိခိုက်ရင်း depression ကို ဦးတည်လာတယ် ဆိုတာမျိုးကို broken family က လူ တစ်ယောက်အနေနဲ့ ဥပမာ ပေး ပြောထားတာပါပဲ
    Broken family က လာတဲ့ လူတွေဆို ကျွန်တော် ခု ပြောနေတဲ့ ခံစားချက်တွေကို ပိုနားလည်ပါလိမ့်မယ်
    10 min
  • Wish You Were Here III : Stop trying to sell icecream
    ဒီ episode မှာတော့ ကျွန်တော်တို့ဟာ လူတွေအပေါ် ကောင်းအောင် ကြိုးစားရက်နဲ့ လူတွေနဲ့ ပိုကောင်းတဲ့ relation တွေရှိလာအောင် ကြိုးစားတည်ဆောက်လျက်နဲ့ ဘာကြောင့် ပိုမို ထိခိုက်နေရလဲ ဆိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်
    6 min
  • Wish you were here II : Buddha in my journey
    [ Wish You Were Here Series : Ep 2 ပါ ]
    ဒီနေ့က ဘာသာတရားအကြောင်းမဟုတ်ပါဘူး ဘာသာတရားတွေ အပေါ် အမြင်လည်း မဟုတ်ပါဘူး ကျွန်တော့် mental health journey မှာ ဘာသာတရား တစ်ခု ရဲ့ အဆုံးအမဟာ ဘယ်လိုနည်းနဲ့ ဘယ်လောက် အတိုင်းအတာ အထိ အထောက်အကူပြုခဲ့လဲ ဆိုတာကို မျှဝေထားပါတယ်
    ဘာသာရေးတိုင်းမှာ ဒီလို therapy ရှိပေမယ့် ကျွန်တော်ကတော့ နီးစပ်ရာပေါ့
    တကယ်တော့ ဒီနည်းလမ်းက မှန်တယ် ဒီလို လုပ်ရတယ် ဆိုတာမျိုးတောင် မဟုတ်ပါဘူး ကျွန်တော့်ရဲ့ story ကို ပြန်ပြောပြတာပါပဲ
    Serious n sensitive topic မို့ အလွဲအမှား ပါရင် နားလည်ပေးကြပါခင်ဗျာ
    -
    Wish You Were Here ကတော့ အထီးကျန် ပျောက်ဆုံးနေတဲ့ အချိန်တွေမှာ ကိုယ့်ကို heal လုပ်စေမယ့် အသံ တစ်ခု ကျွန်တော် တောင့်တတဲ့ အသံတစ်ခုကိုပဲ ပြန်လည် တင်ဆက်ထားတဲ့ series ဖြစ်ပါတယ် rehab series မို့ positive vibe sharing လုပ်ဖို့ ပိုမို ဦးတည်ပါတယ်
    Depression , dehydrated သမားဖြစ်လို့ စိတ်အနှောက်အယှက် ဖြစ်စရာ အသံတွေ များနေရင် တောင်းပန်ပါတယ်
    10 min
  • Paranoia I : Distances
    ဒီ Series ကတော့ ကျွန်တော့် ဘဝရဲ့ Journey အကြောင်း ဝေခွဲမရခြင်းအကြောင်းများစွာ နဲ့ သက်တောင့်သက်သာ မဖြစ်ခြင်း အကြောင်းများကို မြည်တမ်းထားတာ ဖြစ်ပါတယ်
    4 min
  • Wish You were Here I : Happiness Trap
    တစ်ယောက်ထဲ အထီးကျန်ပြီး ဘယ်သူမှ မရှိတဲ့ အချိန်မျိုးမှာ ကျွန်တော့်ကို အဖော်အနေနဲ့ heal လုပ်ပေးနိုင်မယ့် အသံတစ်ခုခုကို အမြဲတောင့်တခဲ့တာပါ ။ ဒါကတော့ ကျွန်တော်တောင့်တနေတဲ့ အဲ့ဒီလို အသံ Series podcast series ဖြစ်ပါလိမ့်မယ် ။  
     Wish you were here လို့ နာမည် ပေးထားပြီး တစ်မိနစ်တိုင်းမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အချိန်ယူနိုင်ဖို့ အချိန်လေး ဟ ထားပြီး Topic တစ်ခုကို ငါးမိနစ်သာသာ နဲ့ပဲ နည်းနည်းပြောပြီး များများ တွေးနိုင်အောင် ဖြတ်ထားခဲ့ပါတယ် 
    ၁. ပျော်ရွှင်ခြင်းထောင်ချောက်များ
    ပထမဆုံးသော podcast ကတော့ HBR ထဲက ဆောင်းပါး တစ်ပုဒ်ဖြစ်တဲ့ happiness trap ကို ပြန်လည်မျှဝေထားပါတယ် အဓိအားဖြင့် ကျွန်တော်တို့ဟာ ပိုမိုကောင်းမွန်သော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ဖို့ ကြိုးစားရင်း မရည်ရွယ်ပဲ နာကျင်မှုတွေ ပိုပေးမိပြီး ရလာဒ်ဆိုးတွေပဲ ကြုံလာနိုင်တဲ့ အကြောင်း ဖြစ်ပါတယ်
    6 min
  • Acceptance
    ဘယ်သူနဲ့မှ စကားကောင်းကောင်းမပြောနိုင်တော့တဲ့ ကာလအလွန်မှာ ကျွန်တော် ပြောချင်လာတာတွေကို တစ်စုံတစ်ယောက်ကို ထုတ်ပြောလိုက်တာမျိုးပဲ
    ရှိခြင်း မရှိခြင်းနဲ့ ဒီနေရာမှာ သက်တောင့်သက်သာ မဖြစ်လာတဲ့ အခါ ကျွန်တော် ဘယ်လို လုပ်ဆောင်လာလဲဆိုတဲ့ အကြောင်း ပြောထားတဲ့ episode အတိုလေးပါ ပြည့်ပြည့်ဝဝတော့ မဟုတ်ဘူး အစမ်းသဘောလည်း ကလိထားတာ ပါပါတယ်
    Script လည်း ရေးမထားသလို တစ်ခေါက်ထဲပဲ ဆေးလိပ်ဖွာရင်း ပြောထားတာ
    ဒီ episode ကလည်း စိတ်ပျက်စရာကောင်းနိုင်သလို နောက် episode တွေ အပိုင်းလိုက် ခဏခဏ လာဖို့ပြောစရာ ပေါပေါများများလည်း ကျွန်တော့်မှာ မရှိပါ
    6 min

About I arrived nowhere

From the publisher's feed

I talk to myself.