အတွေးတွေ...အတွေးတွေ...
ကောင်းတာတွေ တွေးနိုင်သလို အဆိုးတွေလဲ တွေးမိနေတတ်တယ်...အကောင်းတွေတွေးတာ အကျိုးမယုတ်လှပေမယ့် အဆိုးတွေ တွေးတာများလာရင် အကျိုးတွေယုတ်ဖို့ များလာပါလိမ့်မယ်...
ဒီလိုတွေ ဖြစ်လာပြီဆိုရင်တော့ T.A.S.E.R ဆိုတာလေးကိုမှတ်ထားပါ...
“Tuning in” – အတွေးဆိုးတွေ ဝင်လာတိုင်း သတိပြုလိုက်ပါ...
“Acknowledging” – အတွေးဆိုးတွေကို လက်ခံလိုက်ပါ...ဒါတွေဟာ အတိတ်က အရိပ်တွေဆိုတာကို သတိပြုလိုက်ပါ....
“Shifting” – မလိုလားအပ်တဲ့ အတွေးဆိုးတွေကို အတွေးကောင်းလေးတွေနဲ့ အစားထိုးလိုက်ပါ...ဥပမာ - "ငါဟာ သိပ်အဖြစ်မရှိဘူး" ဆိုတဲ့အတွေးကို "ငါဟာ မဆိုးဘူး...ဖြစ်အောင်လုပ်နိုင်မှာပါ" အဖြစ် ပြောင်းလိုက်ပါ။
“Expressing” – ဒီလို ပြောင်းလိုက်တဲ့ အတွေးတွေကို ရဲရဲကြီး နူတ်က မြွတ်ဆိုလိုက်ပါ။
“Repeating” – အခုလုပ်ခဲ့တာတွေကို မလိုချင်တဲ့ အတွေးဆိုးတွေဝင်လာတိုင်း လုပ်လုပ်ပေးလိုက်ပါ။