KC’s Notes

KC’s Notes

Download on the App Store

KC’s Notes episodes

  • သင်အလိုရှိရာဆီသို့ခရီးလမ်း
    အပိုင်း (၃) - Change ဆိုတဲ့အပြောင်းအလဲကသင်လက်ရှိ ရှိနေတဲ့နေရာ (where you are) နဲ့ သင်အနာဂတ်မှာရှိနေမယ့် နေရာ (where you will be) အကြားမှာရှိနေတဲ့ခရီးတစ်ခုပဲဖြစ်ပါတယ်။
    6 min
  • စာသင်ခန်းမှာပျော်ရွှင်စရာ
    မူကြိုကျောင်းမှာ စာသင်ကြားပေးကြပုံနဲ့ မူလတန်း အထက်တန်းကျောင်းတွေမှာ သင်ကြား ပေးကြတဲ့ပုံတွေဟာ အနည်းနဲ့အများတော့ မတူကြတာ အမှန်ပါပဲ။ မူကြိုကျောင်းတွေမှာ သင်ကြားပေး ကြတဲ့အခါမှာ ရောင်စုံခဲတံတွေနဲ့ ပုံဆွဲကြရတာတွေ၊ ကဗျာတွေ သီချင်းတွေ ဆိုကြရတာတွေ၊ အရုပ်တွေနဲ့ ဆော့ပြီး သင်ယူကြရတာတွေနဲ့ နည်းလမ်းမျိုးစုံလှပါတယ်။ ဒါပေမယ့် မူလတန်း အထက်တန်းကျောင်းတွေကို ရောက်သွားတဲ့အခါမှာတော့ များသောအားဖြင့် ဆရာမက ရှေ့ကနေ သင်ကြားပေးတာကို နားထောင်ပြီး စာတွေ လိုက်ကူး လိုက်မှတ်ရတာတွေပဲ များလာကြပါတယ်။
    13 min
  • နည်းနည်းပြော၊ များများမေး
    Coaching လုပ်တယ်ဆိုတာက တကယ်တမ်းတော့ လူတွေနဲ့ စကားပြောတယ်ဆိုတာထက် အများကြီး ပိုပါတယ်။ လူတွေရဲ့ အတွေးတွေ၊ သူတို့ရဲ့ အလုပ်တွေ၊ သူတို့ရဲ့ စိုးရိမ်နေတဲ့ အကြောင်းကို ဆွေးနွေးကြဖို့ သူတို့ စိတ်ပါဝင်စားလာစေမယ့် မေးခွန်းကောင်းတွေကို မေးမြန်းနိုင်ဖို့ လိုအပ်ပါတယ်။
    29 min
  • ရေခဲတုံးကြီးအရည်ပျော်နေပြီ
    အန္တာတိကတိုက်ရဲ့ တစ်နေရာမှာ ပင်ဂွင်းအင်ပါယာကြီး တစ်ခုရှိပါတယ်။ အတိအကျပြောရရင်တော့ ပင်ဂွင်းဦးရေ ၂၆၈ ကောင်လောက်ရှိပါတယ်။ သူတို့တွေက iceberg လို့ခေါ်တဲ့ ဧရာမရေခဲမြောတုံးကြီးပေါ်မှာ နှစ်ပေါင်းများစွာ ကတည်းက နေလာကြတာပေါ့။ သူတို့အတွက် တကယ့်ကို နိဗ္ဗာန်ဘုံ ပါပဲ။
    Reference: "Our Iceberg Is Melting: Changing and Succeeding Under Any Conditions" By John Kotter & Holger Rathgeber
    17 min

About KC’s Notes

From the publisher's feed

KC Myanmar ရဲ့ ဟိုရောက်ဒီရောက် ပြောချင်တာလေးတွေ...