
Sign up to save your podcasts
Or


- ယာယီသမ္မတတာဝန်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်လိုက်တဲ့သတင်း
- မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက မန္တလေးမြို့ပေါ်မှာ ပြောက်ကျားသပိတ်ဆင်နွှဲခဲ့တယ်လို့ ဆိုတဲ့သတင်း
- မကြာမီပြုလုပ်မယ့် အာဆီယံအစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ကိုယ်စားပြုသူမဟုတ်ဘဲ ကိုယ်စားလှယ်သာတက်ရောက်ရန် အမေရိကန်သဘောတူလိုက်တဲ့သတင်းနဲ့
- AA တပ်တွေဝင်မလာရေး ဧရာဝတီတိုင်းမှာ စစ်ကောင်စီယတြာချေနေတယ်လို့ ဆိုတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဇူလိုင်လ ၂၃ ရက်၊ အင်္ဂါနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့မနက်မှာတော့...ယာယီသမ္မတတာဝန်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်လိုက်တဲ့သတင်းနဲ့အတူ မန္တလေးမြို့ပေါ်မှာ ပြောက်ကျားသပိတ်ဆင်နွှဲတဲ့ ဒေါက်တာတေဇာဆန်းအကြောင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်ကဏ္ဏဘက်မှာတော့ Mizzima Editorial Talk ကို ထုတ်လွှင့်သွားမှာပါ။
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
ဇူလိုင်လ ၂၂ ရက်နေ့၊ ည ၇ နာရီ၊ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================
-မိုးကုတ်မှာ ဆက်သွယ်ရေးလိုင်းအားလုံး ၄ရက် ဆက်ပြတ်တောက်နေပြီး တိုက်ပွဲအတွင်းပိတ်မိသူတွေအတွက် စိုးရိမ်ရတဲ့သတင်း
-ယင်းမာပင်မှာ စစ်ကောင်စီလှည့်ကင်းက်ိုတိုက်ခိုက်မှု ၅ ဦးသေဆုံးတဲ့သတင်း
-ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကူထွက်လာသည့် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရတဲ့သတင်း
-၂၀၂၄ အမေရိကန် ရွေးကောက်ပွဲကနေ ဘိုင်ဒင် နုတ်ထွက်ပြီး ဟာရစ်ကို ထောက်ခံတဲ့သတင်း
- ညနေ ၅ နာရီအထိ ရရှိထားတဲ့ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် အခြားစိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ ။
#mizzimatv
#7pmnews
#mizzimaprimetime
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
ဇူလိုင်လ ၂၂ ရက်၊ တနင်္လာနေ့ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================================
ဒီကနေ့ညမှာတော့ စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို အရင်နှစ်တွေကထက် တရုတ်နိုင်ငံ ပိုမို ပါဝင်ပတ်သက်လာတယ်လို့ ဗမာ့ပဋိပက္ခ လေ့လာရေးအဖွဲ့ပြောတဲ့သတင်းနဲ့အတူ ရန်ကုန်၊ လသာ ၁၉ လမ်း Black House Bar မှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် မဇ္ဈိမရဲ့ စစ်မြေပြင်သတင်းထောက်ပေးပို့ထားတဲ့ “ရှမ်းတောင်ပိုင်းမှာ ဖော်ဆောင်နေတဲ့ "အင်း" စစ်ဆင်ရေး” အကြောင်းနဲ့အတူ အပတ်စဉ်ကဏ္ဏဘက်မှာတော့ Mizzima Editorial Talk အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
- အင်းစိန်ထောင်မှ နိုင်ကျဉ်း ၂၆၀ဦးကို ဒိုက်ဦးထောင် ပြောင်းရွှေ့တဲ့သတင်း
- သပိတ်ကျင်းမြို့နယ်ရှိ အင်းနက် စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးတဲ့သတင်း
- ဆေးဝါးနှင့်စက်သုံးဆီမှအပ စားသောက်ကုန်တွေကိုသာ မြန်မာပြည်ဘက်ကို ပြန်လည်သယ်ယူခွင့်ပြုတဲ့သတင်း
- မင်းကင်းမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီး ပူးပေါင်းစခန်းကပြန်လာသူတွေ မိုင်းမိပြီး ၂ ဦးသေဆုံးသတင်းအပါအဝင်တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့မနက်မှာတော့ -
စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအပါအဝင် ၂၈ ဦး ဖမ်းဆီးရမိခဲ့တဲ့သတင်းနဲ့အတူ ဘင်္ဂလားဒေ့ရှ်မှာ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
ဆက်လက်ပြီး ပြည်တွင်းသတင်းလွှာအနေနဲ့ စစ်ရေးအောင်မြင်မှုအနေဖြင့် သိမ်းပိုက်ရရှိထားတဲ့ စခန်းများနဲ့ မြို့များ ဆက်ထိန်းနိုင်ရန်လိုအပ်ကြောင်း NUGယာယီသမ္မတပြောလိုက်တဲ့သတင်းကို နားဆင်ရမှာဖြစ်ပြီး အပတ်စဉ်ကဏ္ဏအနေနဲ့ သံတိုင်နောက်ကွယ်က နိုင်ကျဉ်းသူတို့ဘဝ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။
ဇူလိုင်လ ၂၁ ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
================================
ဒီကနေ့ညမှာတော့
- စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထားဆဲဟု MDY- PDF ပြောလိုက်တဲ့သတင်း နဲ့အတူ -ဆေးဝါးနှင့်စက်သုံးဆီမှအပ စားသောက်ကုန်များကိုသာ မီဇိုရမ်မှ မြန်မာပြည်ဘက်သို့ ပြန်လည်သယ်ယူခွင့်ပြုလိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။အဲ့ဒီနောက်မှာတော့ သတင်းပေးပို့ချက်အနေနဲ့ စစ်ဘက်ဆိုင်ရာ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးလိုက်တဲ့သတင်းကို နားဆင်ရမှာပါ။
- နောက်ထပ် အပတ်စဉ်ကဏ္ဏအနေနဲ့ သံတိုင်နောက်ကွယ်က နိုင်ကျဉ်းသူတို့ဘဝ အစီအစဉ်ကိုနားဆင်ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဒီကနေ့မနက်မှာတော့
- ဇူလိုင်လကုန်အထိ အပစ်ရပ်ထားမယ်လို့ MNDAA ပြောလိုက်တဲ့သတင်းအတူ
- မြန်မာကို လက်နက်တင်ပို့မှု တောင်အာဖရိက ဆိုင်းငံ့လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။ အဲ့ဒီနောက်မှာတော့ တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
ဆက်လက်ပြီး သတင်းပေးပို့ချက်အနေနဲ့ စစ်ကောင်စီက ဒုက္ခသည်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုမှု အမေရိကန်အပါအဝင် ဥရောပသမဂ္ဂနိုင်ငံအများစု ပူးတွဲထုတ်ပြန်လိုက်တဲ့သတင်း ကိုနားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။ အခုကတော့ ပထမဆုံးအနေနဲ့ ပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်ရှင်။
ဒီကနေ့ညမှာတော့
- စစ်တပ်အုပ်ချုပ်နေသရွေ့ မြန်မာ့နိုင်ငံရေး စီးပွားရေးတိုးတက်မှာမဟုတ်လို့ IRI ထုတ်ပြန်လိုက်တဲ့သတင်း နဲ့အတူ
- ဟားခါးမြို့မရဲစခန်းကို CDF ဝင်ရောက်စီးနင်း၊ ရဲ ၃ ဦးသေဆုံးပြီး နိုင်ကျဥ်းအပါအဝင် အကျဉ်းသား ၆၂ ဦး ကယ်ထုတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်းသတင်းတွေကို နားဆင်ကြရပါမယ်။
ဆက်လက်ပြီး တစ်ပတ်အတွင်းက ထူးခြား နိုင်ငံတကာသတင်းအချို့ကို ကောက်နှုတ်ထုတ်လွှင့်သွားမှာပါ။
နောက်ထပ်အစီအစဉ်အနေနဲ့စစ်ကောင်စီလက်နက်ဝယ်ဖို့ ငွေကြေးလွှဲပြောင်းခဲ့တာနဲ့ပတ်သတ်လို့ ဘဏ်တွေနဲ့ ထိုင်းအစိုးရ ဆွေးနွေးမယ်လို့ဆိုလိုက်တဲ့အကြောင်း သတင်းပေးပို့ချက်ကိုတင်ဆက်ပေးမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအစီအစဉ်ဖြစ်တဲ့ သံစဉ့်အိမ် အစီအစဉ်ကိုလည်းနားဆင်ရဖို့ရှိပါတယ်’။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
ဒီကနေ့မနက်မှာတော့
ဝင်းနိမ္မိတာဆရာတော်က်ိုပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီဗိုလ်မှူးရန်ကြောင့် ငါန်းဇွန်နယ်က အရပ်သားတွေ ထွက်ပြေးနေကြရတဲ့သတင်းနဲ့အတူ ပြည်သူ့စစ်အဖွဲ့ ဖမ်းထားတဲ့ ကချင်သိက္ခာတော်ရ ဆရာတော်နဲ့ အဆက်သွယ်မရဖြစ်နေတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Human Rights Barometer” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
From the publisher's feed