
Sign up to save your podcasts
Or


- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စစ်အာဏာသိမ်း လေးနှစ်တာ ကာလအတွင်း အာဇာနည်နေ့ အခမ်းအနားတက်ခွင့်မရတဲ့သတင်း
- စွမ်းအင်ဆိုင်ရာအပါအဝင် ထားဝယ်ရေနက်စီမံကိန်းလုပ်ငန်းများကို ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီ ပြင်ဆင်နေတဲ့သတင်း
- ပင်လယ်မှ မျောလာသည့် ပုံးကို အရက်အဆီပုံး အထင်ဖြင့် သောက်မိပြီး စစ်သား ငါး ဦး သေဆုံးတဲ့သတင်း
- မိုးကုတ်၌တိုက်ပွဲပြင်းထန်နေချိန် ဆက်သွယ်ရေးလိုင်းအားလုံးကို စစ်ကောင်စီဖြတ်တောက်လိုက်တဲ့သတင်း
- ထိုင်းနိုင်ငံမှာ စီမံချက်ကာလ တလအတွင်း မြန်မာလုပ်သား ၈၀,၀၀၀ ကျော် ဖမ်းဆီးခံရ တဲ့သတင်းနဲ့
- အစ္စရေးပါလီမန်က ပါလက်စတိုင်းနိုင်ငံ တည်ထောင်မှုအဆိုကို မဲခွဲဆုံးဖြတ် ပယ်ချလိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ညမှာတော့ .....
ယာယီသမ္မတ ဦးမြင့်ဆွေ အာရုံကြောရောဂါဖြစ်ပွားပြီး မစားနိုင်၊ မသွားနိုင် ဖြစ်နေတာကြောင့် အနီးကပ် ကြပ်မတ်ကုသနေရတဲ့သတင်းနဲ့အတူ မိုးကုတ်၌တိုက်ပွဲပြင်းထန်နေချိန် ဆက်သွယ်ရေးလိုင်းအားလုံးကို စစ်ကောင်စီဖြတ်တောက်ထားတဲ့သတင်းအပါအဝင် နောက်ဆုံးရပြည်တွင်း သတင်းတွေကို နားဆင်ကြရပါမယ်။
အဲ့ဒီနောက်မှာတော့ နောက်ဆုံးရနိုင်ငံတကာသတင်းတွေ၊ ဒီကနေ့ရဲ့နောက်ဆုံးရ ကုန်စျေးနှုန်းတွေနဲ့ ပြည်တွင်းသတင်းပေးပို့ချက်တို့ကို ဆက်လက်ထုတ်လွှင့်သွားမှာပါ။
ဒါ့အပြင် အပတ်စဉ်ကဏ္ဏအနေနဲ့ "Human Rights Barometer” အစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။
- မြို့နယ် ၄ ခုမှ ဒိုင်ရ်တပ်ဖွဲ့များဖြင့် CDF – Daai ပြန်လည်ထူထောင်ရန် မတူပီနှင့်ကန်ပက်လက် ဒိုင်ရ်တပ်ရင်းများ တပြိုက်နက် နှုတ်ထွက်
-ချင်းပြည်အတွင်း လတ်တလောစစ်ရေးတင်းမာမှုကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသောနည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီ
-CNF/ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းထားသည့် ဆေးခွင့်ယူထားသောတပ်ဖွဲ့ဝင် ၄ ဦးကိုပြန်လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ ၁ တောင်းဆို
- ချင်းတော်လှန်ရေးမှာ ပါဝင်စွက်ဖက်ခြင်းမှ ချက်ချင်းရပ်တန့်ရန် AA ကိုတောင်းဆို
၁။ ချင်းတော်လှန်ရေးမှာ ပါဝင်စွက်ဖက်ခြင်းမှ ချက်ချင်းရပ်တန့်ရန် AA ကိုတောင်းဆို
၂။ ချင်းပြည်အတွင်း လတ်တလော စစ်ရေးတင်းမာမှုကို တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသောနည်းလမ်းဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေး ချင်းပြည်ကောင်စီဆွေးနွေး
၃။ CNF/ CNA နှင့် ချင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းထားသည့် ဆေးခွင့်ယူထားသောတပ်ဖွဲ့ဝင် ၄ဦးကို ပြန်လွှတ်ပေးရန် CDF- မတူပီ၊ တပ်မဟာ ၁ တောင်းဆို
၄။ မင်းတပ်မြို့အနောက်ခြမ်းက ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်၊ ပြည်သူ၁ ဦး သေဆုံး
ဇူလိုင်လ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
================
-မြန်မာပြည်ဘက် စက်သုံးဆီမရောင်းချရန် မီဇိုရမ်ခရိုင်တရားသူကြီး အမိန့်ထုတ်လိုက်တဲ့သတင်း
-မိုးကုတ်တိုက်ပွဲကြား အရပ်သားထိခိုက်မှုပိုများလာပြီး မနေ့က ခုနှစ်ဦးထက်မနည်းသေဆုံးတဲ့သတင်း
-မြန်မာ့လူသားချင်းစာနာမှုအခြေအနေ စိုးရိမ်ကြောင်း အီးယူ ကြေညာချက် စစ်ကောင်စီကန့်ကွက်လိုက်တဲ့သတင်း
-အပစ်ရပ်ကြေညာထားတဲ့ လေးရက်အတွင်း အရပ်သား ၁၈ ဦး သေဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်လိုက်တဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါရှင်။
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
မိုးကုတ်တိုက်ပွဲကြား အရပ်သားထိခိုက်မှုပိုများလာတဲ့ သတင်းနဲ့ အတူ မြန်မာပြည်ဘက် စက်သုံးဆီမရောင်းချဖို့ မီဇိုရမ်ခရိုင်တရားသူကြီး အမိန့်ထုတ်တဲ့ အကြောင်းတွေအပါအဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအဖြစ် ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
- စဉ့်ကူးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးပြီး သုံ့ပန်းအချို့ကို PDF ဖမ်းမိတဲ့သတင်း
- သံတွဲကို AA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီတပ်က တောင်ကုတ်မှာ မြို့ထဲ ကင်းပုန်းဝပ်တာတွေ ပြုလုပ်လာတဲ့သတင်း
- အာဇာနည်နေ့အတွက် ရန်ကုန်နှင့်မန္တလေးမှာ လုံခြုံရေးတင်းကျပ်ထားတဲ့အကြောင်း
- စစ်ဘက်ဆိုင်ရာ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတဲ့သတင်း
- မြဝတီ-ထို့ကော်ကိုးလမ်းလမ်းပြုပြင်ဖို့ ၃ ရက်ကြာပိတ်မယ်ဆိုတဲ့အကြောင်း
- ဘယ် အမေရိကန်ခေါင်းဆောင်နဲ့မဆို အလုပ်လုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ရုရှား ပြောတဲ့သတင်းအပါအဝင် ဒီနေ့ရဲ့ နောက်ဆုံးရ ငွေလဲနှုန်းတွေနဲ့ တခြားစိတ်ဝင်စားဖွယ်သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။
ဒီကနေ့ည နားဆင်ရမယ့် အစီအစဉ်တွေကတော့ ...
ကောလင်း ရှေ့တန်းစခန်းတွေဆီ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တဲ့သတင်းနဲ့ အတူ စဉ့်ကူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးပြီး သုံ့ပန်းအချို့ PDF ဖမ်းမိတဲ့ အကြောင်းတွေကိုကြားကြရမှာပါ။
နိုင်ငံတကာဖက်မှာတော့ ဘယ်အမေရိကန်ခေါင်းဆောင်နဲ့မဆို အလုပ်လုပ်ဖို့ အသင့်ပဲလို့ ရုရှား ပြောတဲ့သတင်းအပါအဝင် မလေးရှားလေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပစ်ချခံခဲ့ရတာ ၁၀ နှစ်ပြည့်ခဲ့ပေမဲ့ တရားမျှတမှုရရှိရေး မျှော်လင့်ချက်တွေ မှေးမှိန်လာတဲ့ သတင်းတွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ လေးဝတီFM ကပေးပို့တဲ့ ရခိုင်သတင်းအစီအစဉ်နဲ့ အပတ်စဉ်ကဏ္ဍဖြစ်တဲ့ ကျန်းမာသုတလူမှုဘဝ အစီအစဉ်ကို နားဆင်ရဖို့ရှိပါတယ်။
- ကလေးမြို့နှင့် ချင်းပြည်နယ်မှာ လျှပ်စစ်မီးရက်ရှည်ကြာပြတ်တောက်မှုကြောင့် ဒေသခံများအခက်ကြုံ
- လားရှိုးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဒုတပ်ခွမှူး ၁ ဦး အပါအဝင် တပ်သား ၃၂ ဦးကို MNDAA ကအရှင် ဖမ်းဆီး၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေး
- ကျောက်ထု အမြောက်တပ်မှပစ်ခတ်လိုက်သော လက်နက်ကြီး ထင်ချောင်းရွာတွင်ကျရောက်ပေါက်ကွဲ
- လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို
၁။ လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို၊ MDFနှင့် AA အင်အားအလုံးအရင်းဖြင့်ဝင်လာ၍ ခဏရှောင်ပေးခြင်းဟု ကြားကာလမရာနယ်ကောင်စီပြော
၂။ ကလေးမြို့နှင့် ချင်းပြည်နယ်မှာ လျှပ်စစ်မီး ရက်ရှည်ကြာပြတ်တောက်မှုကြောင့် ဒေသခံများအခက်ကြုံ
၃။ ဖလမ်းမြို့ ခလရ (၂၆၈) မှ ဒု-တပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ CNO/CNDF ထံ အလင်းဝင်
၄။ အိန္ဒိယနဲ့ စစ်ရေးပိုမိုပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေကြောင်း စစ်ကောင်စီ ပြော
From the publisher's feed